Friday, March 06, 2020

COVID-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၃၈၅ ယောက်၊ ကူးစက်သူ ၉၈၄၅၁ ယောက် ရှိလာ

Image may contain: one or more people, people standing, sky and outdoor
COVID-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၃၈၅ ယောက်ရှိလာပြီး ကူးစက်သူ ၉၈၄၅၁ ယောက် ရှိလာပြီလို့ ဒီနေ့ မနက် worldometer ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

ဗိုင်းရပ်စ် ဗဟိုချက်ဖြစ်တဲ့ တရုတ်ပြည်မကြီးမှာတော့ တစ်ရက်အတွင်း သေဆုံးသူ အယောက် ၃၀ နဲ့ ကူးစက်သူ ၁၄၃ ယောက် ရှိတယ်လို့ ဒီမနက်မှာပဲ တရုတ် အမျိုးသားကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။
တရုတ်ပြည်မှာ ဗိုင်းရပ်စ် သေဆုံး/ကူးစက်မှုနှုန်း သိသိသာသာ ကျဆင်းသွားချိန်မှာ အီတလီက အမြင့်ဆုံး တက်လာနေပါ တယ်။ တစ်ရက်အတွင်း ကူးစက်သူ ၇၆၉ ယောက်ရှိပြီး သေဆုံးသူ ၄၁ ယောက်ရှိတာကြောင့် စုစုပေါင်း ကူးစက်သူ ၃၈၅၈ ယောက်ရှိလာပြီး သေဆုံးသူ ၁၄၈ ယောက်ရှိလာပါတယ်။ တစ်ရက်တာ ကူးစက်/သေဆုံးနှုန်းက တရုတ်ပြည်ကို ကျော် သွားပါပြီ။
ကူးစက်နှုန်း ဒုတိယအများဆုံး လိုက်နေတာက တောင်ကိုရီးယားပါ။ တစ်ရက်အတွင်း ကူးစက်သူ ၆၆၃ ယောက်ရှိခဲ့ ပါတယ်။ စုစုပေါင်း ကူးစက်သူ ၆၂၈၄ ယောက်ရှိတာကြောင့် ပြည်မကြီးပြီးရင် ဒုတိယအများဆုံးအဖြစ် ဆက်ပြီး ရပ်တည် နေပါတယ်။
ကူးစက်/သေဆုံးနှုန်းမှာ တတိယနေရာ လိုက်နေတာက အီရန်ပါ။ တစ်ရက်အတွင်း ကူးစက်သူ ၅၉၁ ယောက်ရှိပြီး သေဆုံးသူ ၁၆ ယောက်ရှိပါတယ်။ ဒါကြောင့် စုစုပေါင်း ကူးစက်သူ ၃၅၁၃ ယောက်နဲ့ သေဆုံးသူ ၁၀၈ ယောက် ရှိသွားပါပြီ။
ဗိုင်းရပ်စ် ကူးစက်မှုဟာ ဥရောပမှာ သိသိသာသာ မြန်ဆန်နေပါတယ်။ တစ်ရက်အတွင်း ကူးစက်သူအရေအတွက်ကို ကြည့် ရင် ဂျာမနီမှာ ၂၈၃ ယောက်၊ ပြင်သစ်မှာ ၁၃၈ ယောက်၊ စပိန်မှာ ၅၄ ယောက်၊ ဆွစ်ဇာလန်မှာ ၂၇ ယောက်၊ ဆွီဒင်မှာ ၄၂ ယောက်၊ နော်ဝေမှာ ၃၂ ယောက်၊ နယ်သာလန်မှာ ၄၄ ယောက်၊ ဘယ်ဂျီယံမှာ ၂၇ ယောက်၊ အိုက်စလန်မှာ ကိုး ယောက်၊ ဂရိမှာ ၂၂ ယောက်၊ ဒိန်းမတ်မှာ ငါးယောက်၊ ဖင်လန်မှာ ငါးယောက်စီ တိုးလာတာ တွေ့ရပါတယ်။
Source: worldometer, AFP

No comments:

Post a Comment

My Blog List