Thursday, March 05, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၂၈၅ ယောက်၊ ကူးစက်သူ ၉၅၃၃၄ ယောက် ရှိလာ

Image may contain: one or more people, people standing and outdoor
COVID-19 ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၃၂၈၅ ယောက် ရှိလာပြီဖြစ်သလို ကူးစက်သူလည်း ၉၅၃၃၄ ယောက် ရှိလာပြီလို့ ဒီနေ့မနက် worldometer ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

တရုတ်ပြည်မကြီးကတော့ တစ်ရက်အတွင်း သေဆုံးသူ ၃၁ ယောက်နဲ့ ကူးစက်သူ ၁၃၉ ယောက် ရှိတယ်လို့ ကြေညာပါ တယ်။ တရုတ်နိုင်ငံရဲ့ သေဆုံး/ကူးစက်နှုန်း ကျဆင်းသွားမှုဟာ အားရစရာရှိပါတယ်။ ကူးစက်သူက မနေ့ကထက်တော့ နည်းနည်းလေး ပိုများလာပါတယ်။
တရုတ်နိုင်ငံထဲမှာ သေဆုံး/ကူးစက်နှုန်းတွေ ကျဆင်းသွားပေမယ့် တရုတ်နိုင်ငံ ပြင်ပမှာ ကူးစက်နှုန်းက စိုးရိမ်စရာကောင်း လောက်အောင် မြင့်မားနေပါတယ်။ အထူးသဖြင့် အီတလီနဲ့ အီရန်မှာ ကူးစက်နှုန်း အမြင့်ဆုံးဖြစ်နေတာ တွေ့ရပါတယ်။ အီတလီမှာ တစ်ရက်အတွင်း ကူးစက်သူ ၅၈၇ ယောက် ရှိတာကြောင့် စုစုပေါင်း ကူးစက်သူ ၃၀၈၉ ယောက် ရှိလာပါပြီ။ သေ ဆုံးသူ ၁၀၇ ယောက်ရှိပါတယ်။ တစ်ရက်အတွင်း သေဆုံးသူ ၂၈ ယောက် တိုးလာပါတယ်။
အီရန်မှာလည်း တစ်ရက်အတွင်း ကူးစက်သူ ၅၈၆ ယောက်ရှိပါတယ်။ ဒါကြောင့်စုစုပေါင်း ကူးစက်သူ ၂၉၂၂ ယောက် ရှိသွား ပါပြီ။ တစ်ရက်အတွင်း သေဆုံးသူ ၁၅ ယောာက်တိုးလာတာကြောင့် သေဆုံးသူ စုစုပေါင်း ၉၂ ယောက် ရှိသွားပါပြီ။
ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်းဟာ စိုးရိမ်ရမယ့် အနေအထားမျိုး တွေ့လာရပါပြီ။ ပြင်သစ်၊ ဂျာမနီနဲ့ စပိန်နိုင်ငံတွေ မှာ ကူးစက်သူတွေ တစ်နိုင်ငံကို နှစ်ရာကျော် သုံးရာနီးပါးစီ ရှိလာကြပါပြီ။ တစ်ရက်အတွင်း ကူးစက်နှုန်းကလည်း အယောက် ၆၀ ဝန်းကျင် ရှိနေပါတယ်။
Source: Worldometer, AFP

No comments:

Post a Comment

My Blog List