Tuesday, March 03, 2020

ဝန်ကြီးချုပ်များအား သက်ဆိုင်ရာလွှတ်တော်များကသာခန့်ရေး ပုဒ်မ ၂၆၁ ပြင်ဆင်လိုမှုတပ်မတော်ပါဝင်မှုကို ပိုမိုချဲ့ထွင်ခြင်းသာဖြစ်ပြီး၊ ဖက်ဒရယ်အနှစ်သာရဝေးသထက်ဝေးသွားမည်

Image may contain: 1 person, text

ကြံ့ခိုင်ရေးအမတ် ဦးသိန်းထွန်း တင်ထားသည့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဥပဒေမူကြမ်းကို လွှတ်တော်အသီးသီးထဲမှ တပ်မတော်သားများပါဝင်မှုလျှော့ချပြီးချိန်မှသာ ဆောင်ရွက်သင့်ကြောင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးအောင်စိုးမင်း (ရွာငံမဲဆန္ဒနယ်) ပြောဆိုဆွေးနွေးခဲ့သည်။

၎င်းက“ တပ်မတော်ရဲ့ အခန်းကဏ္ဍကို မေ့လျော့ထားလို့မရပါဘူး”ဟု ပြောဆိုပြီး ဆွေးနွေးသွားခြင်းဖြစ်သည်။
ပုဒ်မ ၂၆၁ ကို ပြင်ဆင်လိုက်ခြင်းအားဖြင့် တပ်မတော်ပါဝင်မှုကို ပိုမိုချဲ ့ထွင်ခြင်းသာဖြစ်ပြီး၊ဖက်ဒရယ် အနှစ်သာရဝေးသထက်ဝေးသွားမည်ဟုလည်း ဦးအောင်စိုးမင်းက လွှတ်တော်ကို အသိပေးသွားသည်။
ဦးအောင်စိုးမင်းက ပုဒ်မ ၂၆၁ပြင်ဆင်လိုမှုမှာ နိုင်ငံတွင် ရှိနေသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက်လားဟုပါ မေးခွန်းထုတ်ခဲ့သေးသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ဦးစီးအဖွဲ့ ၁၀ဦးထဲ တပ်ကိုယ်စားလှယ် ၃ဦးရှိ သည့်အကြောင်း၊ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်သည့် လွှတ်တော်ကိုယ်စားလှယ် ၄ဦးသာရှိသည့်အကြောင်း၊ဦးစီးအဖွဲ့ ဥက္ကဌဖြစ်ရေးမှာ တပ်မတော်၏ ထောက်ခံမှုက အရေးကြီးနေသည့်အကြောင်းစသည်တို့ကိုပါ ထောက်ပြဆွေးနွေးသွားသည်။
ယင်းအပြင် လွှတ်တော်အသီးသီးတွင် ရှိနေသည့် ၂၅ရာခိုင်နှုန်းသော တပ်ကိုယ်စားလှယ်များ၏ ပါဝင်မှုအချိုးအစားကိုထောက်ပြကာ တပ်မတော်၏ထောက်ခံမှု ရမှ ဝန်ကြီးချုပ်ဖြစ်မည်ဟုပါ ၂၆၁ပြင်လိုက်လျှင် ဖြစ်လာမည့် အနေအထားများကို ပြောဆိုခဲ့သည်။
၂၆၂ပြင်ဆင်လိုမှုကို “တပ်မတော်ရဲ့ အာဏာဖြန့်ခွဲမှု”ဟု အမည်တပ်ခဲ့သည့်အပြင် “တပ်က ပြည်နယ်ဝန်ကြီးချုပ်နေရာတောင် ရယူသွားနိုင်တယ်”ဟုပါ ထောက်ပြသွားသည်။
ယနေ့ ရှမ်းပြည်နယ်လွှတ်တော်အတွင်း၊ရခိုင်ပြည်နယ်လွှတ်တော်အတွင်း ရှိနေသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်ကိုယ်စားလှယ်များ၏ အနေအထားကိုပါ ရှင်းပြခဲ့ကာ တပ်က အင်အားကြီး နေရာတွင်ရှိနေသည်ကိုပါ ထောက်ပြခဲ့သည်။
ယင်းအပြင် ရခိုင်ပြည်နယ်လွှတ်တော်ထဲ ရှိနေသည့် ရခိုင်တိုင်းရင်းသားများ၏ အရေအတွက်သည် ၅၀ရာခိုင်နှုန်းမကျော်သဖြင့် တပ်ကိုယ်စားလှယ်က အရေးပါသည့်နေရာထဲတွင် ရှိနေသည့်အကြောင်းပါ ပြောဆိုခဲ့သေးသည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List