Thursday, March 05, 2020

အဌမအကြိမ်နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်မှုအဖွဲ့ အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

Image may contain: 7 people, people standing
ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသဏလိုဏ်ဂူတော်မှာ မတ်လ(၅)ရက်က ကျင်းပပြုလုပ်တဲ့အဌမအကြိမ်နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်မှုအဖွဲ့ ဒုတိယအစည်းအဝေး နောက်ဆုံးနေ့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ(၄)ရက်၊ ညပိုင်းက နေပြည်တော်ကနေ ရန်ကုန်မြို့ကို လေကြောင်းခရီးနဲ့ ရောက်ရှိလာတာဖြစ်ပြီး အခုမနက်ပိုင်းမှာ အစည်းအဝေး တက်ရောက်တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ တာဝန်ရှိသူတွေတက်ရောက်ပါတယ်။
အဲ့ဒီအစည်းအဝေးကို တပေါင်းလဆန်း(၁၀)ရက်၊ မတ်လ(၃)ရက်ကနေ တပေါင်းလဆန်း(၁၂)၊မတ်လ(၅)ရက်အထိ ကျင်းပပြုလုပ်တာဖြစ်ပါတယ်။
Image may contain: 4 people, people standing and flower
Image may contain: 7 people, people sitting, table and indoor
Image may contain: 2 people, people sitting, table and crowd
Image may contain: one or more people, people sitting and indoor
Image may contain: indoor

No comments:

Post a Comment

My Blog List