Thursday, March 05, 2020

(၂၀၂၀) ရွေးကောက်ပွဲတွင် ပြည်သူ့ပါတီက မဲဆန္ဒနယ် (၁၀၀) ကျော် အနိမ့်ဆုံး ၀င်ပြိုင်မည်

Image may contain: 7 people, people standing and outdoor
ပြည်သူ့ပါတီက လာမယ့် (၂၀၂၀) ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် (၁၀၀) ကျော် အနိမ့်ဆုံးထားပြီး ၀င်ပြိုင်သွားဖို့ ခန့်မှန်းထားတယ်လို့ ပါတီရဲ့ ရွေးကောက်ပွဲပြင်ဆင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက ပြောပါတယ်။
ပါတီက ရွေးကောက်ပွဲ ဝင်ရောင်ယှဉ်ပြိုင်ဖို့အတွက် လတ်တလော စိစစ်တာတွေ ပြုလုပ်နေပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်အပြင် တိုင်းဒေသကြီးလွှတ်တော်တွေကိုပါ ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တာကြောင့် မဲဆန္ဒနယ် (၁၀၀) ထက် ပိုသွားနိုင်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
“ပါတီရုံးရှိပြီးသားမြို့တွေထဲက ဘယ်နှစ်နေရာဝင်နိုင်မယ်၊ တချို့ကလည်း (၁)နေရာ၊ တချို့ကလည်း (၃) နေရာ စသဖြင့်ပေါ့။ စိစစ်တုန်းပဲ။ အကြမ်းဖျင်းတော့ စိစစ်လို့ရသလောက်ဆိုရင် တစ်နိုင်ငံလုံး နေရာ (၁၀၀) လောက်တော့ရှိမယ်။ ဒီထက်လည်းတိုးမယ့် အနေအထားတော့ ရှိနေသေးတယ်” လို့ ဦးကျော်ကျော်စိုးက ပြောပါတယ်။
လက်ရှိ ပြည်သူ့ပါတီဟာ မြို့နယ် (၅၈) ခုမှာ ပါတီရုံးခန်းဖွင့်လှစ်ထားနိုင်ပြီး အဲဒီမြို့နယ်တွေကို အဓိက အခြေပြု ၀င်ပြိုင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ပြည်နယ်အချို့မှာလည်း ပါတီရုံး ဖွင့်လှစ်ထားတာ ရှိတဲ့အတွက် အဲဒီနေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ကို ဒေသခံတိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းမှု ပြုလုပ်နေတယ်လို့ ပါတီရဲ့ အတွင်းရေးမှူး (၂)လည်း ဖြစ်တဲ့ ဦးကျော်ကျော်စိုးက ဆိုပါတယ်။
“တချို့လည်းညှိတယ်၊ တချို့လည်း မညှိရသေးဘူး။ ဆက်ညှိရမယ့်အပိုင်းတွေလည်း ရှိသေးတယ်။ သူတို့က ဘယ်နေရာ ကိုယ်က ဘယ်နေရာဆိုတာမျိုးလေးတွေပေါ့” လို့ ပြောပါတယ်။
ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးရဲနိုင်အောင်က ဥက္ကဋ္ဌတာ၀န်ယူပြီး ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲပြင်ဆင်ရေးကော်မတီရဲ့ ပထမအကြိမ် အစည်းအ‌ဝေးကို မတ် (၃) ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း - အံ့ခေါင်မင်း
ဓါတ်ပုံ - ပြည်သူ့ပါတီ

No comments:

Post a Comment

My Blog List