Tuesday, March 03, 2020

လူထုအပေါ် ဝန်ထုပ်၊ ဝန်ပိုးဖြစ်စေသော လုပ်ထုံး၊ ဥပဒေ၊ နည်းဥပဒေများကို အထွေထွေဦးစီးဌာနပြင်ဆင်ထား


Image may contain: 1 person, sitting, table and indoor
ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် အားကောင်းဖို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြည်သူလူထုအပေါ် ဝန်ထုပ်၊ ဝန်ပိုးဖြစ်စေတဲ့ လုပ်ထုံး၊ လုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင်ရေးဆွဲထားတယ်လို့ အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနရဲ့ ဒုတိယအမြဲတမ်းအတွင်းဝင် ဦးထက်အောင်က ပြောပါတယ်။မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်းစတီကျုရဲ့ မတ်(၁) ရက်က ရန်ကုန်မြို့ရှိ Rose Wood ဟိုတယ်မှာ ပြုလုပ်တဲ့ ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲမှာ ဦးထက်အောင်က ထည့်သွင်းပြောကြားခဲ့တာပါ။
အထွေထွေအုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု မူဘောင် (၂၀၁၉)ကို ရေးဆွဲရာမှာ ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ နည်းဥပဒေတွေကို ပြင်ဆင်ရေးဆွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြင်ဆင်ရေးဆွဲထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဦးထက်အောင်က အခုလိုပြောပါတယ်။ “ပြည်သူတွေကို ဝန်ထုတ်၊ ဝန်ပိုးဖြစ်နေတဲ့ လုပ်ထုံး၊ လုပ်နည်းတွေ၊ ဥပဒေ၊ နည်းဥပဒေတွေကို ပြည်လည်ပြုပြင်ရေးဆွဲခြင်းဖြစ်ပြီးတော့ ဝန်ထမ်းတွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းအပိုင်း၊ နောက်တစ်ခုက ပြည်သူတွေ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ အောက်ခြေအဆင့်အထိ ပြည်သူတွေ ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲဆိုတာပါ” လို့ ဦးထက်အောင်က ပြောပါတယ်။
အဲဒီ စကားဝိုင်းဆွေးနွေးသူတွေအဖြစ် ဦးထက်အောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်(၁၀)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၊ Marie Stopes International ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင်၊ စွမ်းရည်မြှင့်တင်ရေး အစီအစဉ် ဒါရိုက်တာ ဒေါက်တာ ဆုမွန်သဇင်အောင် တို့ ပါဝင်ခဲ့ကြပါတယ်။ စကားဝိုင်းမှာ ဦးဆောင်ဆွေးနွေးခဲ့တဲ့ ဒေါ်ထုမေကလည်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာမှာ အစိုးရအရာရှိတွေကို မကြာခဏပြောင်းရွှေ့တာမျိုး မလုပ်ဖို့ အကြံပြုဆွေးနွေးပါတယ်။ “ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့အခါမှာ ထွေအုပ်က စပြောင်းမယ်ဆိုတော့ ကျွန်မမြို့နယ်ကို ကျွန်မပြောကြည့်ပါမယ်။ ရမ်းဗြဲမြို့နယ်မှာ ကျွန်မလွှတ်တော်ကိုယ်စားလှယ်လုပ်တာ (၄) နှစ်ရှိပြီ။ အုပ်ချုပ်ရေးမှူး ပြောင်းတာ လည်း (၄) ယောက်ရှိပြီ။ ဒီလို မြို့နယ်ဆိုင်ရာ မတည်ငြိမ်တဲ့ အစိုးရကို ကျွန်မမြို့အတွက် ကျွန်မအရမ်း စိုးရိမ်ပါတယ်” လို့ ဒေါ်ထုမေက ပြောပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ကနေ (၂၀၁၈)ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက်အောက်ပြောင်းလဲဖွဲ့စည်းခဲ့တာပါ။ 
Image may contain: 5 people, people sitting
Image may contain: 1 person, sitting
Image may contain: 1 person, eyeglasses, text that says 'one NEWS'
သတင်း - ဖြိုးဝေလင်း

No comments:

Post a Comment

My Blog List