Tuesday, March 03, 2020

တပ်မတော်နေ့စစ်ရေးပြအခမ်းအနားအား ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ကအသိပေးထုတ်ပြန်

Image may contain: one or more people, crowd, outdoor and text
တပ်မတော်နေ့စစ်ရေးပြအခမ်းအနားအား ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကမတ်လ ၁ ရက်နေ့တွင်  အသိပေးထုတ်ပြန်သည်။

ထုတ်ပြန်ချက်အပြည့်အစုံမှာ------------
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေဖြင့် ၂၀၁၉ ခုနှစ်ဒီဇင်ဘာလမှ စတင်၍ ဖြစ်ပွားခဲ့သည့် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဇန်နဝါရီလ ၃၀ရက်နေ့တွင် " အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Publiv Health Emergency of International Concern) အဖြစ်ကြေညာခဲ့သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုငိငံတော်အစိုးရ ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့်လည်း လတ်တလောကမ္ဘာနိုင်ငံများ၌ဖြစ်ပွားလျက်ရှိသည့်COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးနှိုးဆော်လွှာနှင့် ရှောင်ကြဉ်ရမည့်အချက်များအား နေ့စဉ်အသိပေးပြောကြားလျက်ရှိကြောင်းတွေ့ရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိ သေးသော်လည်း ကိုရီးယားသမ္မတနိုင်ငံ၊ အီရန်နိုင်ငံ၊ အီတလီနိုင်ငံ စသည့် နိုင်ငံများတွင်ရောဂါဖြစ်ပွားသူများ ရုတ်တရက်တစ်ပြိုင်နက်တွေ့ရှိရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အလားတူအခြေအနေမျိုးအချိန်နေရာမရွေး လူအများ၌ ကူးစက်ဖြစ်ပွားနိုင်ကြောင်းနှင့် လူစုလူဝေးများပြားရာနေရာများကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရန်၊ မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့်ပွဲလမ်းသဘင်များကိုသာ ကျင်းပပြုလုပ်ရန်နှင့် အကယ်၍ ပွဲလမ်းသဘင်များမလွဲမရှောင်သာ ကျင်းပရပါက. ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး၊ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်များအား တိကျစွာလိုက်နာရန် အသိပေးနှိုးဆော်လျက်ရှိပြီး ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ၂၈ရက်နေ့၌ COVID-19 ရောဂါအားကူးစက်မြန်ရောဂါ(သို့မဟုတ်) တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်သည့်အမိန့်အမှတ်စဉ် ၁၉/၂၀၂၀ ကိုထုတ်ပြန်ခဲ့ကြောင်းတွေ့ရပါသည်။
သို့ဖြစ်၍တပ်မတော်အနေဖြင့် မတ်လ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားနှင့် ပတ်သက်၍ ခေတ္တဆိုင်းငံထားမည်ဖြစ်ကြောင်းနှင့် WHOနှင့် နိုင်ငံတကာမှ COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်မှသာ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပနိုင်ရေး ဆက်လက်စီမံဆောင်ရွက်သွားရန်လျာထားကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
Image may contain: one or more people, people standing, crowd, outdoor and text
Myanmar Harp
ကိုးကား-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

No comments:

Post a Comment

My Blog List