Tuesday, March 03, 2020

အာဏာမမက်၊ လုပ်ပိုင်ခွင့်သာမက်ဟု NLD ပြော

Image may contain: 1 person
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ အစိုးရဖွဲ့နိုင်ရန်လိုအပ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အနေဖြင့် အာဏာမမက်ဘဲ လုပ်ပိုင်ခွင့်ကိုသာ မက်ကြောင်း ယင်းပါတီ ဒုတိယဥက္ကဌ-၂ ဒေါက်တာဇော်မြင့်မောင် က ပြောကြားသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီရှင်သန်ကာစသာ ရှိသေးပြီး ဆက်လက်၍ အသီးအပွင့်များဝေဖြာလာရန်အတွက် မိမိတို့တွင် တာဝန်ရှိကြောင်း ၎င်းကဆိုသည်။

" ဒါဘယ်သူ့အတွက်လဲဆိုရင် အနာဂါတ် မြန်မာနိုင်ငံတော်အတွက်ပါ။ ဒါဖြင့်ရင် ဒီနေ့ အခြေခံဥပဒေပြင်နေတာ ကျွန်တော်တို့ NLD အတွက်လားဆိုတော့ မဟုတ်ပါဘူး။ အတိုင်ပင်ခံပုဂ္ဂိုလ် ပွင့်ပွင့်လင်းလင်း ပြောပြီးသားပါ။ NLD အတွက် မဟုတ်ဘူး။ မြန်မာနိုင်ငံတော်အတွက် စစ်မှန်တဲ့ စံနှုန်းတွေနဲ့ညီတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ဖြစ်ဖို့အတွက် အခြေခံဥပဒေကို ပြင်တာ " ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ဇွန်လအတွင်း ပါတီ၏ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ပြီးစီးနိုင်မည်ဖြစ်ပြီး ယင်းသို့ ရွေးချယ်ချိန်တွင် သူ့လူကိုယ့်လူ့ မပါသောကြောင့် စိတ်ကောက်ကာ အောင်နိုင်ရေးမလုပ်ပါက ရွေးကောက်ပွဲ၌အကျပ်အတည်း ဖြစ်မည်ဟုလည်း ၎င်းက ပါတီဝင်များသို့ သတိပေးသည်။

" နိုင်ကိုနိုင်ရမယ်၊ နိုင်ကို နိုင်ရမယ်။ နိုင်မယ်လို့လည်း ယုံကြည်ထားပြီးတော့ စည်းရုံးရေးကို အရင်ကထက် ဆထက်ထမ်းပိုး လုပ်စေချင်ပါတယ်။ သဘောထားမတူညီတာတွေက ပါတီတစ်ခုမှာ ရှိမှာပဲ။ အဲဒီသဘောထား မတူညီတာတွေကို ဘေးဖယ်ထားလိုက်ပါ " ဟု ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းသည်။

ပါတီနှင့်ထိတွေ့မှု၊ ပြည်သူနှင့် ထိတွေ့မှု၊ ပြည်သူ့အကျိုးလုပ်ဆောင်ပေးနိုင်မှု၊ အခြားအဖွဲ့အစည်းများနှင့် ဆောင်ရွက်မှု စသည့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များကို တောင်းခံထားပြီး ဆောင်ရွက်မှုအားနည်းသူ၊ စည်းကမ်းအားနည်းသူများကို ၂၀၂၀ ရွေးကောက်ပွဲတွင် ထည့်သွင်းတော့မည်မဟုတ်ဟု ၎င်းကပြောဆိုထားသည်။

အာဏာမမက်၊ လုပိုင်ခွင့်သာမက်ဟု NLD ပြော

No comments:

Post a Comment

My Blog List