Tuesday, March 03, 2020

အသုံးပြုပြီးသား နှာခေါင်းစည်း(mask)များကို လျှော်ဖွပ်ဆေးကျောပြီး ပြန်လည်ရောင်းချသော အလုပ်ရုံတစ်ခုကို ထိုင်းရဲဝင်ဖမ်း


Image may contain: 1 person
အသုံးပြုပြီးသား နှာခေါင်းစည်း(mask)များကို လျှော်ဖွပ်ဆေးကျောပြီး အသစ်များဟုဆိုကာ ပြန်လည်ရောင်းချသော အလုပ်ရုံတစ်ခုကို ထိုင်းရဲက ဝင်ရောက်စီးနင်းဖမ်းဆီးအရေးယူလိုက်သည်။
ထိုင်းနိုင်ငံ ဆာရာဘူရီခရိုင်တွင်းရှိ အလုပ်ရုံတစ်ရုုံဖြစ်ပြီး၊ ရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းချိန်တွင် အလုပ်ရုံရှိ အလုပ်သမား ၆ ဦးတို့သည် အသုံးပြုပြီးသား နှာခေါင်းစည်းများကို ရေဖြင့် လျှော်ဖွပ်ဆေးကျောခြင်း၊ မီးပူတိုက်ခြင်း၊ တစ်ခါမျှ မသုံးရသေးသော နှာခေါင်းစည်းများသဖွယ် ဘူးအသစ်ထဲသို့ပြန်လည်ထည့်ခြင်းကို ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။

”အဲဒီ သုံးပြီးသား နှာခေါင်းစည်းတွေကို တစ်ခုလျှင် တစ်ဘတ်နဲ့ ပြန်ဝယ်ရတာလို့ သိရပါတယ်။ လာရောင်းတဲ့သူတွေရှိတယ်လို့ဆိုပါတယ်။ ဒီအလုပ်ရုံက တစ်နေ့ကို နှာခေါင်စည်း အခု သုံးရာ လေးရာလောက်ကို ပြန်ပြီးဆေးကျောလျှော်ဖွပ်နိုင်ပါတယ်”ဟု လည်း တာဝန်ရှိသူကပြောသည်။

COVID-19 ပြန့်နှ့ံနေမှုကြောင့် ထိုင်းနိုင်ငံတွင်လည်း နှာခေါင်းစည်းပြတ်လပ်မှုဖြစ်ပေါ်လျှက်ရှိသည်။ ထိုင်းနိုင်ငံတွင် COVID-19 ကြောင့် ပထမဆုံးသေဆုံးသူတစ်ဦးရှိလာကြောင်းကို ယမန်နေ့က တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်

Source: The Straits Tomes
Ref: Thai police raid recycling factory that sells used face masks as new
Photo:THE NATION THAILAND
(Zawgyi)

အသုံးပြုပြီးသား နှာခေါင်းစည်း(mask)များကို လျှော်ဖွပ်ဆေးကျောပြီး ပြန်လည်ရောင်းချသော အလုပ်ရုံတစ်ခုကို ထိုင်းရဲဝင်ဖမ်း

ဘန်ကောက်၊ မတ် ၃

အသုံးပြုပြီးသား နှာခေါင်းစည်း(mask)များကို လျှော်ဖွပ်ဆေးကျောပြီး အသစ်များဟုဆိုကာ ပြန်လည်ရောင်းချသော အလုပ်ရုံတစ်ခုကို ထိုင်းရဲက ဝင်ရောက်စီးနင်းဖမ်းဆီးအရေးယူလိုက်သည်။

ထိုင်းနိုင်ငံ ဆာရာဘူရီခရိုင်တွင်းရှိ အလုပ်ရုံတစ်ရုံဖြစ်ပြီး၊ ရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းချိန်တွင် အလုပ်ရုံရှိ အလုပ်သမား ၆ ဦးတို့သည် အသုံးပြုပြီးသား နှာခေါင်းစည်းများကို ရေဖြင့် လျှော်ဖွပ်ဆေးကျောခြင်း၊ မီးပူတိုက်ခြင်း၊ တစ်ခါမျှ မသုံးရသေးသော နှာခေါင်းစည်းများသဖွယ် ဘူးအသစ်ထဲသို့ပြန်လည်ထည့်ခြင်းကို ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။

”အဲဒီ သုံးပြီးသား နှာခေါင်းစည်းတွေကို တစ်ခုလျှင် တစ်ဘတ်နဲ့ ပြန်ဝယ်ရတာလို့ သိရပါတယ်။ လာရောင်းတဲ့သူတွေရှိတယ်လို့ဆိုပါတယ်။ ဒီအလုပ်ရုံက တစ်နေ့ကို နှာခေါင်စည်း အခု သုံးရာ လေးရာလောက်ကို ပြန်ပြီးဆေးကျောလျှော်ဖွပ်နိုင်ပါတယ်”ဟု လည်း တာဝန်ရှိသူကပြောသည်။

COVID-19 ပြန့်နှံ့နေမှုကြောင့် ထိုင်းနိုင်ငံတွင်လည်း နှာခေါင်းစည်းပြတ်လပ်မှုဖြစ်ပေါ်လျှက်ရှိသည်။ ထိုင်းနိုင်ငံတွင် COVID-19 ကြောင့် ပထမဆုံးသေဆုံးသူတစ်ဦးရှိလာေကြာင်းကို ယမန်နေ့က တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်

Source: The Straits Tomes
Ref: Thai police raid recycling factory that sells used face masks as new
Photo:THE NATION THAILAND

No comments:

Post a Comment

My Blog List