Tuesday, March 03, 2020

မန္တလေး မဟာမုနိဘုရားကြီး အောက်ခံပုလ္လင်ခံ ကွဲအက်မှု ပညာရှင်များနှင့် ညှိနှိုင်းပြုပြင်မည်

No photo description available.
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ဘုရားကြီး၏ အောက်ခံပုလ္လင်ခံ ကွဲအက်မှုနှင့်ပတ်သက်၍က ပညာရှင်များနှင့် ညှိနှိုင်းပြုပြင်သွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့မှသိရသည်။

အဆိုပါ ပုလ္လင်ခံ ကွဲအက်မှုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလလယ်ခန့် က စတွေ့ခဲ့ပြီး မှတ်တမ်းယူ၍ သြဝါဒစရိယဆရာတော်ကြီးများထံ သြဝါဒခံယူခဲ့ကာ ဆရာတော်ကြီးများ က ကောင်းမွန်အောင်ဆောင်ရွက်ရန် သြဝါဒပေးကြောင်း သိရသည်။
``မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံအကြောင်းကြားပြီးတော့ မန္တလေးတိုင်းအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဆီကျွန်တော်တို့အကြောင်းကြားတယ်။ မြန်မာမှုဗိသုကာပညာရှင် တပ္မဝတီဦးဝင်မောင်ဆီအကြောင်းကြားတယ်။ သာသနာရေးအကြောင်းကြားတယ်။ ရှေးဟောင်းသုတေသနကိုအကြောင်းကြားတယ်။ မြန်မာနိုင်ငံဗိသုကာပညာအသင်း၊ မြန်မာနိုင်ငံသတ္ထူဗေဒအင်ဂျင်နီယာအသင်းဥက္ကဌတွေထံအကြောင်းကြားတယ်။ ဒါနဲ့ပတ်သက်ပြီးဖြစ်နိုင်စွမ်းရှိနိုင်တဲ့အနေ အထားတွေကို လေ့လာသုံးသပ်မယ်ဆိုတာကို အကြောင်းကြားတယ်ပေါ့။ ဝန်ကြီးချုပ်ကလည်း ဆက်လက်ဆောင်ရွက်ပါဆိုပြီးပြောတယ်´´ ဟု ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်း က ပြောသည် ။
မဟာမုနိရုပ်ရှင်တော်မြတ်ဘုရားကြီး ဆင်းတုတော်တွင် ဘုရားဖူးပြည်သူများက ချသည့် ရွှေများ များလာသည့်အတွက် ဖြစ်ကြောင်း ပညာအချို့က သုံးသပ်ကြသည် ။
``အက်ကြောင်းတော့တွေ့တယ်။ကျွန်တော်အမြင်ဖြစ်နိုင်ခြေကတော ကြေးစမ္မခံအက်တာမဖြစ်နိုင်ဘူး။ အင်္ဂတေသာအက်တာပေါ့။ အောက်ကစမ္မခံ၊ အပေါ်ကတင်ပါးတော်ပေါ့။ ကျွန်တော်တို့ကတင်ပါးတော်ကိုမရောက်ဘူး။ ဒီအတွင်းထဲးမှ ကြေးစမ္မခံက ခန့်မှန်းခြေ ၁၅ လက်မလောက်ရှိမယ်။ အပြင်ကနေအင်္ဂတေငုံထားတာပေါ့။ဒီတော့ ကြေးသာပေါ်အောင်ကျွန်တော်တို့စစ်ကြည့်ရမှာပေါ့။ နောက်တစ်ခုက ဝိတ်နည်းနည်းများတယ်ဆိုတာက ကိုယ်တော်ကြီးပေါ်မှာ ရွှေသားထုကတော်တော်များသွားပြီ။ ရွှေချထားတာက တင်ပါးနေရာမှာအနည်းဆုံး ၆ လက်မလောက်ရှိမယ်။ အပေါ် ခါးတော်နေရာဆိုရင် ၁၈ လက်မလောက်ဖြစ်သွားပြီ´´ဟု ဂေါပကအဖွဲ့ဝင် ကြေးသွန်းပညာရှင် ဦးဆန်း က ပြောသည်။
ပညာရှင်များနှင့် အနီးစပ်ဆုံး မတ်လ ၄ ရက်တွင် တွေ့ဆုံ၍ ရွှေချခွင့်ပိတ်သည့်အချိန်တွင် စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Image may contain: food
No photo description available.
နိုင်လင်းဦး
(zaw gyi)
မန္တလေး မဟာမုနိဘုရားကြီး အောက်ခံပုလ္လင်ခံ ကွဲအက်မှု ပညာရှင်များနှင့် ညှိနှိုင်းပြုပြင်မည်
မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ် ဘုရားကြီး၏ အောက်ခံပုလ္လင်ခံ ကွဲအက်မှုနှင့်ပတ်သက်၍က ပညာရှင်များနှင့် ညှိနှိုင်းပြုပြင်သွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့မှသိရသည်။
အဆိုပါ ပုလ္လင်ခံ ကွဲအက်မှုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလလယ်ခန့် က စတွေ့ခဲ့ပြီး မှတ်တမ်းယူ၍ သြဝါဒစရိယဆရာတော်ကြီးများထံ သြဝါဒခံယူခဲ့ကာ ဆရာတော်ကြီးများ က ကောင်းမွန်အောင်ဆောင်ရွက်ရန် သြဝါဒပေးကြောင်း သိရသည်။
``မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံအကြောင်းကြားပြီးတော့ မန္တလေးတိုင်းအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဆီကျွန်တော်တို့အကြောင်းကြားတယ်။ မြန်မာမှုဗိသုကာပညာရှင် တပ္မဝတီဦးဝင်မောင်ဆီအကြောင်းကြားတယ်။ သာသနာရေးအကြောင်းကြားတယ်။ ရှေးဟောင်းသုတေသနကိုအကြောင်းကြားတယ်။ မြန်မာနိုင်ငံဗိသုကာပညာအသင်း၊ မြန်မာနိုင်ငံသတ္ထူဗေဒအင်ဂျင်နီယာအသင်းဥက္ကဌတွေထံအကြောင်းကြားတယ်။ ဒါနဲ့ပတ်သက်ပြီးဖြစ်နိုင်စွမ်းရှိနိုင်တဲ့အနေ အထားတွေကို လေ့လာသုံးသပ်မယ်ဆိုတာကို အကြောင်းကြားတယ်ပေါ့။ ဝန်ကြီးချုပ်ကလည်း ဆက်လက်ဆောင်ရွက်ပါဆိုပြီးပြောတယ်´´ ဟု ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်း က ပြောသည် ။
မဟာမုနိရုပ်ရှင်တော်မြတ်ဘုရားကြီး ဆင်းတုတော်တွင် ဘုရားဖူးပြည်သူများက ချသည့် ရွှေများ များလာသည့်အတွက် ဖြစ်ကြောင်း ပညာအချို့က သုံးသပ်ကြသည် ။
``အက်ကြောင်းတော့တွေ့တယ်။ကျွန်တော်အမြင်ဖြစ်နိုင်ခြေကတော ကြေးစမ္မခံအက်တာမဖြစ်နိုင်ဘူး။ အင်္ဂတေသာအက်တာပေါ့။ အောက်ကစမ္မခံ၊ အပေါ်ကတင်ပါးတော်ပေါ့။ ကျွန်တော်တို့ကတင်ပါးတော်ကိုမရောက်ဘူး။ ဒီအတွင်းထဲးမှ ကြေးစမ္မခံက ခန့်မှန်းခြေ ၁၅ လက်မလောက်ရှိမယ်။ အပြင်ကနေအင်္ဂတေငုံထားတာပေါ့။ဒီတော့ ကြေးသာပေါ်အောင်ကျွန်တော်တို့စစ်ကြည့်ရမှာပေါ့။ နောက်တစ်ခုက ဝိတ်နည်းနည်းများတယ်ဆိုတာက ကိုယ်တော်ကြီးပေါ်မှာ ရွှေသားထုကတော်တော်များသွားပြီ။ ရွှေချထားတာက တင်ပါးနေရာမှာအနည်းဆုံး ၆ လက်မလောက်ရှိမယ်။ အပေါ် ခါးတော်နေရာဆိုရင် ၁၈ လက်မလောက်ဖြစ်သွားပြီ´´ဟု ဂေါပကအဖွဲ့ဝင် ကြေးသွန်းပညာရှင် ဦးဆန်း က ပြောသည်။
ပညာရှင်များနှင့် အနီးစပ်ဆုံး မတ်လ ၄ ရက်တွင် တွေ့ဆုံ၍ ရွှေချခွင့်ပိတ်သည့်အချိန်တွင် စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်းဦး
#TheFifthWaveNews

No comments:

Post a Comment

My Blog List