Thursday, March 05, 2020

ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကို ဆဲဆိုပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သောအမျိုးသမီး၊ အမျိုးသားအား အမှုဖွင့်

Image may contain: 1 person, standing and outdoor
မြောက်ဥက္ကလာပမြို့နယ်၌ တာဝန်ဝတ္တရားဆောင်ရွက်နေသည့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် အမျိုးသမီးနှင့် အမျိုးသားတို့ အား အမှုဖွင့်အရေးယူထားကြောင်း သက်ဆိုင်ရာရဲစခန်းမှ သိရသည်။

မတ်၂ရက်ညနေပိုင်းက မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်း သုနန္ဒာမီးပွိုင့်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်နေစဉ် မြောက်မှတောင်သို့ မောင်းနှင်လာသည့် Mark X အမျိုးအစား (အဖြူရောင်)ကိုယ် ပိုင်ယာဉ်တစ်စီးကို ယာဉ်မောင်းလိုင်စင်ပြခိုင်းစဉ် အသက်(၂၄) နှစ်အရွယ် ယာဉ်မောင်း အမျိုးသမီးက တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား ညစ်ညမ်းစွာဆဲဆိုပြီး ထီးဖြင့် ရိုက်၊ ဘီယာပုလင်းဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းအမျိုးသမီး နှင့်အတူပါလာသူ အမျိုးသားကလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို လက်သီးဖြင့် ထိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တာဝန်ဝတ္တရားဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို "ငါ့အဖေက စစ်တပ်က"ဟုဆိုပြီး ခြိမ်းခြောက်ပြောဆိုကာလူမြင်ကွင်းမှာပင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးကို ထီးဖြင့် ရိုက်သည့် ဗီဒီယိုဖိုင်သည်လည်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံတွင် နေထိုင်သည့် ၎င်းတို့နှစ်ဉီးအား မြောက်ဥက္ကလာပမြို့မရဲစခန်းက (ပ)၅၆၉/၂၀၂၀၊ ပြစ်မှုဥပဒေပုဒ်မ-၃၅၃ /၃၃၂/၂၉၄(တာဝန်ဝတ္တရားဆောင်ရွက်နေသည့် ပြည်သူ့ဝန်ထမ်းကို လက်ရောက်မှု၊ နာကျင်စေမှု၊ ညစ်ညမ်းစွာ ဆဲဆိုမှု)တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
သတင်း - နိုင်ဝင်းစိုး
(Zawgyi Version)

No comments:

Post a Comment

My Blog List