Thursday, March 05, 2020

ကိုရိုနာ ဗိုင်းရပ်စ် - တရုတ်နိုင်ငံတွင် ၃၁ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ဒုတိယ အများဆုံး ဖြစ်လာသည့် အီတလီ


Image may contain: one or more people, people standing and outdoor
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် တရုတ်နိုင်ငံတွင် ၃၁ ဦး ထပ်မံသေဆုံးပြီး အသစ်တွေ့ရှိသူ ၁၃၉ ဦးရှိကြောင်း တရုတ် အမျိုးသားကျန်းမာရေး ကော်မရှင်က ယနေ့ မတ်လ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
ထပ်မံကူးစက်မှုသည် ပြီးခဲ့သည့် အင်္ဂါနေ့က ၁၁၉ ဦးကူးစက်ခံရမှုနှင့် နှိုင်းယှဉ်ပါက အနည်းငယ် မြင့်တက်လာခဲ့ပြီး နိုင်ငံတစ်ဝှမ်း ကူးစက်မှုပေါင်း ၈၀၄၀၉ မှု ရှိလာပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံတစ်ဝှမ်း စုစုပေါင်း သေဆုံးသူ ၃၀၁၂ ဦးအထိ ရှိလာပြီး တရုတ်နိုင်ငံပြင်ပ အီတလီနိုင်ငံတွင် သေဆုံးမှု ဒုတိယအများဆုံးအဖြစ် ကူးစက်ခံရမှု ၃၀၀၀ ကျော်တွင် ၁၀၇ ဦး သေဆုံးခဲ့သည်။

အလားတူ အီရန်နိုင်ငံတွင်လည်း သေဆုံးသူ မြင့်တက်နေပြီး လက်ရှိအချိန်တွင် ၉၂ ဦး သေဆုံးထားသလို ကူးစက်မှုပေါင်း ၂၉၂၂ မှု ရှိခဲ့သည်။

တောင်ကိုရီးယားနိုင်ငံတွင် ၃၅ ဦး သေဆုံးခဲ့ပြီး အီတလီ၊ အီရန်နိုင်ငံများထက် နည်းပါးနေသော်လည်း ထပ်မံကူးစက်ခံရသူ အရေအတွက်များ တရုတ်နိုင်ငံပြီးနောက် အများဆုံးဖြစ်ပြီး လက်ရှိအချိန်ထိ ကူးစက်မှုပေါင်း ၅၇၆၆ မှုရှိနေသည်။

ကမ္ဘာ့တစ်ဝှမ်း တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၈၀ ကျော်တွင် ကူးစက်မှုများ ဖြစ်ပွားနေပြီး စုစုပေါင်း သေဆုံးသူ ၃၂၈၅ ဦးအထိ ရောက်ရှိလာသလို လူပေါင်း ၆၀၀၀ ကျော်မှာလည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

AS
Ref; Straitstimes,worldmeter
Isee Media

No comments:

Post a Comment

My Blog List