Thursday, March 05, 2020

အဆိုတော်အစ္စဏီ၏အယူခံ ခရိုင်တရားရုံး ပလပ်



တာမွေမြို့နယ်တရားရုံးက ထောင်ဒဏ်(၇)နှစ်ချမှတ်ခဲ့တဲ့အပေါ် အဆိုတော်အစ္စဏီက အရှေ့ပိုင်းခရိုင်တရားရုံးကို အယူခံတင်ခဲ့ပေမယ့် မတ်လ (၃) ရက်က ပလပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုတော်အစ္စဏီဟာ မော်ဒယ်စူးရှထက်ကို သားမယားပြုကျင့်တဲ့အပြင် ထိခိုက်နာကျင်အောင် ပြုလုပ်ခဲ့တာကြောင့် သားမယားပြုကျင့်မှုပုဒ်မ (၃၇၆) အရထောင်ဒဏ်(၇) နှစ်၊ သာမန်နာကျင်စေမှု ပုဒ်မ(၃၂၃)အရ ထောင်ဒဏ်(၆)လနဲ့ ဘေးဖြစ်စေတဲ့ လက်နက်နဲ့ နာကျင်စေမှုပုဒ်မ (၃၂၄)အရ ထောင်ဒဏ်(၁)နှစ်တို့ကို တစ်ပေါင်းတည်းကျခံစေဖို့ တာမွေမြို့နယ်တရားရုံးက ဇန်နဝါရီ ၇ ရက်မှာ
အမိန့်ချမှတ်ခဲ့တာပါ။ အဲဒီပြစ်ဒဏ်ကို အစ္စဏီဘက်က ကျေနပ်မှုမရှိတဲ့အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကို ဇန်နဝါရီ (၃၁)ရက်က အယူခံဝင်ထားခဲ့တာဖြစ်ပါတယ်။

အဆိုတော်အစ္စဏီကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၂၄၊ ၃၂၃ တို့နဲ့ (၂၀၁၈) ခုနှစ် မေလက တရားစွဲဆိုခဲ့တာဖြစ်ပြီး အမှုဖြစ်စဉ်ကတော့ (၂၀၁၈) ခုနှစ် ဧပြီ (၁၀)ရက် ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သတင်း - ဖြိုးဝေလင်း

No comments:

Post a Comment

My Blog List