Tuesday, March 03, 2020

တရုတ်နိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်နှုန်း ပိုမိုမြင့်တက်နေသည့် တောင်ကိုရီးယားတွင် ၆၀၀ ဦး ထပ်မံ ကူးစက်


Image may contain: 1 person, sitting, table and indoor
တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်နှုန်း လျော့နည်းလာသော်လည်း တောင်ကိုရီးယားနိုင်ငံတွင်မူ မြင့်တက်နေပြီး ယမန်နေ့က လူပေါင်း ၆၀၀ ဦး ထပ်မံကူးစက်ခဲ့ကာ သုံးဦး သေဆုံးကြောင်း ကိုရီးယားရောဂါ ထိန်းချုပ်ရေး စင်တာက ယနေ့ မတ်လ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယနေ့အချိန်အထိ တောင်ကိုရီးယားနိုင်ငံတွင် ၃၄ ဦး သေဆုံးခဲ့ပြီး ကူးစက်မှုပေါင်း ၄၈၁၂ ဦး အနက် ၃၀ ဦးသာ ကျန်းမာရေး ပြန်လည်ကောင်းမွန်ခဲ့သည်။

ရောဂါကူးစက်ပျံ့နှံ့နေမှုနှင့် ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံ အနေနှင့် စစ်ပွဲသဏ္ဍာန် ရောဂါကူးစက်မှုနှင့် တိုက်ပွဲဆင်နွှဲနေရကြောင်း သမ္မတ မွန်ဂျေအင်းက ယနေ့ပြောဆိုလိုက်သည်။

တောင်ကိုရီးယားနိုင်ငံတစ်ဝှမ်း K Pop ဖျော်ဖြေပွဲများမှသည် အားကစားပြိုင်ပွဲအထိ ပျက်သိမ်းခဲ့ရပြီး စာသင်းကျောင်းများကိုလည်း သုံးပတ်ကြာ ပိတ်ထားကြောင်းလည်း သိရသည်။

ကူးစက်မှုအဆိုးရွားဆုံး ခံစားခဲ့ရသည့် တရုတ်နိုင်ငံတွင် မတ်လ ၂ ရက်က ၁၂၅ ဦးသာ ထပ်မံကူးစက်ခဲ့ပြီး ၃၁ ဦးသေဆုံးမှုသည် အခြားနေ့များထက် လျော့နည်းခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ကမ္ဘာတစ်ဝှမ်း စုစုပေါင်း သေဆုံးသူ ၃၁၁၉ ဦးရှိပြီး တရုတ်နိုင်င်ငံ ပြည်မကြီးတွင် ၂၉၄၄ ဦးရှိသည်။

အီရန်နိုင်ငံတွင်သေဆုံးမှုသည် တရုတ်နိုင်ငံပြီးနောက် ဒုတိယ အများဆုံးဖြစ်ပြီး ကူးစက်မှုပေါင်း ၁၅၀၁ မှုရှိပြီး ၆၆ ဦး သေဆုံးထားသလို ဥရောပရှိ အီတလီနိုင်ငံတွင် ၅၂ ဦး သေဆုံးခဲ့ပြီး ကူးစက်မှုပေါင်း ၂၀၃၆ မှု ရှိသည်။

AS
Ref; straitstimes
Isee Media

No comments:

Post a Comment

My Blog List