Friday, March 06, 2020

ဟွာရှိန်အထည်ချုပ် ငွေကျပ် သိန်းပေါင်းတစ်ထောင်ကျော်အား ခိုးယူခဲ့သည့် တရာခံ ၄ ဦး ဖမ်းဆီးရမိ

Image may contain: 4 people, people standing
သာယာဝတီမြို့ "ဟွာရှိန်"အထည်ချုပ်စက်ရုံမှ အလုပ်သမားတစ်ဦးချင်းစီ၏ လစာငွေကျပ်( ၁၂၉၅၉၆ဝ၅ဝိ)အား ခိုးယူခဲ့သည့် တရာခံ ၄ ဦးကို ယနေ့ မတ်လ ၅ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သာယာဝတီမြို့မ ရဲစခန်းမှ သိရသည်။

'''ဖမ်းမိတာ ဟုတ်ပါတယ်။တရားခံ (၄)ဦး လောလောဆယ် ဖမ်းမိထားပါတယ်။အခု သူတို့ကို စစ်ဆေးနေပါတယ်။ (ပ)၈/၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ ၄၅၇ နဲ့ လက်ရှိ အမှုဖွင့်ထားပါတယ်''ဟု သာယာဝတီ မြို့မရဲစခန်း ဒုရဲအုပ် စောမင်းသူ မှ iSee Media သို့ပြောကြားသည် ။
ဖြစ်စဉ်နှင့်မှာ ဟွာရှိန်းအထည်ချုပ်စက်ရုံ၊ငွေစာရင်းကိုင် ဒေါ်နီချူးမိန်သည် အလုပ်သမားတစ်ဦးချင်းစီ၏ လစာငွေများအား စာအိတ်(၁) အိတ်ချင်းစီထည့်၍ စာအိတ်များအား ဌာနစိတ်လိုက်တစ်ထုတ်စီခွဲ၍ ရုံးခန်းအတွင်း ပထမဗီဒိုတွင် (၁၅)ထုတ်၊ ဒုတိယဗီဒိုတွင် (၁၈)ထုတ်ထည့်ထားခဲ့ပြီး ဇန်နဝါရီ ၁ရက်၊နံနက် ၈ နာရီအချိန်တွင် ရုံးခန်းသို့ရောက်ရှိစဉ် ရုံးခန်းတံခါးပွင့် နေသဖြင့် အတွင်းသို့ဝင်ကြည့်ရာ ငွေများထည့်ထားသည့် ပထမဗီဒိုမှာပွင့်နေကိုတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်အား အထွေထွေမန်နေဂျာထံပြောဆိုခဲ့ပြီး ငွေထုတ်များအား စစ်ဆေး ကြည့်ရာငွေစုစုပေါင်း (၁၂၉၅၉၆ဝ၅ဝိ/)(တစ်ထောင့်နှစ်ရာကိုးဆယ့်ကိုးသိန်း ကိုးသောင်းခြောက်ထောင် ငါးဆယ်ကျပ်) ပျောက်ဆုံးနေသည်ကို တွေ့ရှိရသောကြောင့် ငွေထည့်အိတ်များကို ခိုးယူသွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ဒေါ်နီချူးမိန်မှ တိုင်တန်းသဖြင့် သာယာဝတီမြို့မရဲစခန်း (ပ)၈/ ၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇ ဖြင့် အမှုဖွင့်ထားရှိခဲ့သည်။
၎င်းဖြစ်စဉ်အပေါ် ရဲတပ်ဖွဲ့ကစုံစမ်းဖော်ထုတ်ခဲ့ရာ စက်ရုံ၌ အလုပ်ဆင်းလျှက်ရှိသည့် မသင်္ကာသူ သန့်ဇင် (ခ)ငယ်ကြီးအား စစ်မေးရာ ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၃၁ရက် ညပိုင်းက စက်ရုံဒုတိယထပ်ရှိ လစာငွေထားသည့် အခန်းမှ အသင့်ထုတ်ထားသည့် ငွေ(၁၂၉၅၉၆ဝ၅ဝိ/)ကျပ်အား မိုးသူ(ခ)ထွန်းလင်းသူ (၂ဝ)နှစ်၊ ချမ်းသာကုန်းကျေးရွာ၊ သက်ဦးနိုင် (၂၇)နှစ် သဲဖြူကျေးရွာ၊ ဖြိုးလေး (၁၈)နှစ် သဲဖြူးကျေးရွာနေသူတို့နှင့်အတူ ခိုးယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့နောက် သန့်ဇင်(ခ)ငယ်ကြီး၏နေအိမ်အား ရဲတပ်ဖွဲ့မှဝင်ရောက်ရှာဖွေရာ ပျောက်ဆုံးငွေထဲမှ ငွေကျပ် ( ၁၈ဝ၉၁၁၅ဝိ/-)အား ပီနံအိပ်အပြာဖြင့်ထည့်လျှက် ငွေများအား အထုပ်မပျက် ပြန်လည်တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့အတူ သက်ဦးနိုင် နှင့် ဖြိုးလေး တို့နေအိမ်များသို့ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ ဖြိုးလေး ၏ နေအိမ်မှ ငွေသား(၄၂၆၃ဝဝိ/-) ကျပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးအား လည်းကောင်း၊ သက်ဦးနိုင် နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စုစုပေါင်းငွေစက္ကူရောရာ (၂ဝ၄)သိန်း၊ ရွှေထည်မျိုးစုံ (၁၃)မျိုး၊ ၁၅ ပဲရည်၊ အလေးချိန်(၄)ကျပ်သားခန့် တန်ဖိုးငွေ သိန်း(၄ဝ)ကျပ်တို့အား လည်ကောင်း၊ မိုးသူ၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ လက်ကိုင်ဖုန်းတစ်လုံး၊ Honda NCX 110 နီ/နက်ရောင် ဆိုင်ကယ်(၁)စီးနှင့် နေအိမ်လှေကားခြေရင်းတွင်မြှုပ်နှံထားသော အဖြူရောင်ဆာလာ အိတ်အတွင်း၌ စုစုပေါင်းငွေစက္ကူရောရာ (၁၈ဝ၅၈ဝဝဝိ/-)ကျပ်တို့အားလည်ကောင်း ရှာဖွေ တွေ့ရှိသိမ်း ဆည်းရမိခဲ့ပြီး အဆိုပါ တရားခံများအား ဥပဒေနှင့်အညီ တရားစွဲတင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး.ဒါ်နီချူးမိန်မှ တိုင်တန်းသဖြင့် သာယာဝတီမြို့မရဲစခန်း (ပ)၈/ ၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇ ဖြင့် အမှုဖွင့်ထားသည်။
အဖြူရောင်

1 comment:

  1. Do you realize there's a 12 word sentence you can say to your crush... that will induce intense emotions of love and impulsive attraction for you buried inside his heart?

    Because deep inside these 12 words is a "secret signal" that triggers a man's instinct to love, look after and guard you with all his heart...

    ====> 12 Words Will Fuel A Man's Love Impulse

    This instinct is so hardwired into a man's genetics that it will make him try harder than before to take care of you.

    Matter-of-fact, triggering this influential instinct is so important to achieving the best possible relationship with your man that the second you send your man one of the "Secret Signals"...

    ...You will soon find him open his heart and soul to you in a way he's never expressed before and he'll identify you as the one and only woman in the galaxy who has ever truly fascinated him.

    ReplyDelete

My Blog List