Thursday, March 05, 2020

ဧရာဝတီတိုင်း ကျွန်းပေါ်ထားမယ့် ဒေါ်အောင်ဆန်းစုကြည် ရုပ်ကြွရုပ်တု

Image may contain: one or more people and outdoor
မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည် စကျင်ကျောက်ဖြင့်ပြုလုပ်ထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ကြွရုပ်တု မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ စကျင်ကျောက်များထွက်ရှိရာ ပန်းတမော့နယ်မြေ စကျင်ရွာတွင် ပြုလုပ်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ စကျင်ကျောက် ရုပ်တုကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ဘောမိကျေးရွာအုပ်စု ဂျိတ်လတ်စံပြကျေးရွာအနီးက ပန်းတမော့ကျွန်းတွင်ထားရှိသွားမှာဖြစ်ပြီး ၎င်းကျွန်းအမည်ကို ဒေါ်အောင်ဆန်းစုကြည်ကျွန်းဟု ပြောင်းလဲသတ်မှတ်ခေါ်ဆိုသွားမှာဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ရုပ်ကြွရုပ်တုအပြင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းများနှင့် ဒေါ်အောင်ဆန်းစုကြည် ရရှိထားသည့် နိုင်ငံတကာဆုများကို ထုထွင်းရေးသားထားသည့် ကျောက်တိုင်များလည်း ပါဝင်သည်။ ယခုအခါ ထုလုပ်ပြီးစီးနေပြီဖြစ်သော ကျောက်တိုင်များကို မတ်လကုန်တွင် ဧရာဝတီတိုင်းသို့ သယ်ဆောင်သွားမည် ဖြစ်သည်။
Image may contain: 1 person, sky, tree, outdoor and nature
Image may contain: 1 person, shoes and outdoor
Image may contain: 1 person, standing, sky and outdoor
Image may contain: one or more people, people standing, child and outdoor
Image may contain: 1 person
Image may contain: sky and outdoor
Image may contain: mountain, sky, outdoor and nature
ဓာတ်ပုံ - ဇော်ဇော်/ဧရာဝတီ

No comments:

Post a Comment

My Blog List