Thursday, March 05, 2020

ခြေဥထဲကနေ အားသာချက်ရယူကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ရယူသွားတယ် ဆိုတဲ့ စကားရပ်ကို ဒီချုပ်အမတ် ကန့်ကွက်

Image may contain: 6 people, people standing and indoor
ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းရဲ့ ဆွေးနွေးချက်ထဲမှာ ပါရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲကနေ အားသာချက်ရယူကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ရယူသွားတယ်ဆိုတဲ့ စကားရပ်ကို ကန့်ကွက်ကြောင်း ဒီချုပ်အမတ် ဦးနေမျိုးထွန်းက ပြည်ထောင်စုလွှတ်တော် နာယက ထံ တင်ပြပါတယ်။

သည်ကနေ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေမူကြမ်းတွေအပေါ် ဆွေးနွေးရာမှာ ဦးဖေသန်းက အခုလို ထည့်သွင်းဆွေးနွေးသွားတာ ဖြစ်ပါတယ်။
နောက်ထပ် ဆွေးနွေးချက်ထဲမှာ ပါရှိတဲ့ NLD ကိုယ်စားလှယ်တွေက ပုဒ်မ ၂၆၁ ကို ကန့်ကွက်ဆွေးနွေးတာ အလွန်အံ့သြမိတယ် ဆိုတဲ့ စကားရပ်ကိုလည်း ဒီချုပ်အမတ်က ကန့်ကွက်ကြောင်း တင်ပြပါတယ်။
ဦးနေမျိုးထွန်းက " ပါတီ အဖွဲ့အစည်းတစ်ရပ်ကို ပုတ်ခတ် တဲ့ စကားလုံးတွေ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်"လို့ ပြောပါတယ်။
ဒီချုပ်အမတ်ရဲ့ ကန့်ကွက်ကြောင်း တင်ပြချက်ကို နာယကက အနေနဲ့က လုံးကောက်ယူပြီး စိစစ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
သည်ကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေမူကြမ်းတွေအပေါ် ဆွေးနွေးခြင်းဟာ နောက်ဆုံးနေ့ဖြစ်ပြီး ကိုယ်စားလှယ် ၂၃ ဦးအထိ ဆွေးနွေးမှာ ဖြစ်ပါတယ်။
Image may contain: 8 people, people sitting and hat
Author - မာရီခိုင်
Kumudra

No comments:

Post a Comment

My Blog List