Tuesday, March 03, 2020

ထိုင်းနိုင်ငံမှ အလိုရှိသည့် လူသတ်သမားဖြစ်သူ တရုတ်နိုင်ငံသားနှစ်ဦး ငွေဆောင်ကမ်းခြေ၌ ဖမ်းမိ

Image may contain: 1 person, standingImage may contain: 1 person, standing
ထိုင်းနိုင်ငံတွင် လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသည့် တရုတ်နိုင်ငံသား လေးဦးအနက် နှစ်ဦးကို မတ်လ ၂ ရက် ညနေပိုင်းက ငွေဆောင်ကမ်းခြေတွင် ဖမ်းမိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားနှစ်ဦးကိုတရားဥပဒေနှင့်အညီ စစ်ဆေးမေးမြန်မှုပြုလုပ်ပြီး ထိုင်းနိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးအပ်သွားမှာဖြစ်ကြောင်းတိုင်းရဲတပ်ဖွဲ့မှူးရုံးမှဒုရဲမှူးကြီးထွန်းရွှေက ပြောဆိုသည်။
လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးလာသည့် တရုတ်နိုင်ငံသား လေးဦးအနက် အသက် ၃၁ အရွယ်ရှိ Mr. Qinmiao နှင့် အသက် ၂၄ နှစ်အရွယ်ရှိ Mr. Gang Gang တို့ ၂ ဦးကို ငွေဆောင်ကမ်းခြေ မှ မတ်လ ၃ ရက်တွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်နိုင်ရန် ပုသိမ်မြို့သို့ခေါ်ဆောင်လာပြီဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
တရုတ်နိုင်ငံသားလေးဦးသည် ပတ္တယားမြို့ရှိ ဟိုတယ်တစ်ခုမှ ကားတစ်စီးဖြင့် ထွက်လာကာ မြစ်ကူးတံတားပေါ်မှတစ်ဆင့်လူတစ်ကိုယ်စာထက်ကြီးသောအိတ်အမည်းရောင်အချို့ ပစ်ချခဲ့ကြောင်း၊ အိတ်တစ်အိတ်ထဲတွင် တရုတ်နိုင်ငံသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရပြီး ကျန်အိတ်များကို ရှာဖွေနေဆဲဖြစ်ကြောင်း ထိုင်းသတင်းအချို့က ဖော်ပြထားသည်။
ကားဖြင့်ထွက်ပြေးသွားသော တရုတ်နိုင်ငံသားလေးဦးသည် မဲဆောက်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်သွားသည့်အတွက် ဖမ်းဆီးပေးရန် မြ၀တီခရိုင်ရဲတပ်ဖွဲ့သို့ ဖေဖော်ဝါရီလ ၂၈ ရက်က အကူညီတောင်းခံထားကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
စိုးမြင့်စိုး

No comments:

Post a Comment

My Blog List