Thursday, March 05, 2020

ကချင်နှင့် မန္တလေးတွင် အသက်ရှုလမ်းကြောင်းရောဂါ လက္ခဏာများနှင့် ကော်ရိုနာဗိုင်းရပ်စ် သံသယ လူနာ ၂ ဦး တွေ့ရှိ၊ စုစုပေါင်း လူနာ ၇ ဦးကို စောင့်ကြည့်နေရ


Image may contain: one or more people and people standing
ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အသက်ရှုလမ်းကြောင်း ရောဂါလက္ခဏာများနှင့် ကော်ရိုနာဗိုင်းရပ်စ်သံသယလူနာ ၂ ဦး အပါအဝင် စောင့်ကြည့်လူနာ ၇ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင်နေထိုင်သော အသက်(၂၈)နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးပြည်နယ်၌ သွားရောက် အလုပ် လုပ်ကိုင်ခဲ့ပြီး (၁-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရာ ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တီး နယ်စပ်ဂိတ်တွင် ကိုယ်အပူချိန်မြင့်တက်နေကြောင်း တွေ့ရှိခဲ့ရသဖြင့် ကန်ပိုင်တီး တိုက်နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း၍ ကျန်းမာရေး စစ်ဆေးခဲ့ရာ လူနာသည် (၂၃-၂-၂၀၂၀) ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုး ခြင်း၊ အသက်ရှူကြပ်ခြင်း၊ မောခြင်းစသော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားခဲ့ရကြောင်းတွေ့ရှိရသည့်အတွက် ၎င်းအားစောင့်ကြည့် လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သော အသက် (၆၈) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးကြီးတစ်ဦးသည် (၂၇-၂-၂၀၂၀) ရက် နေ့မှစတင်၍ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်းရောဂါလက္ခဏာများ ခံစားခဲ့ရပြီး သတိကောင်းစွာမရသဖြင့် (၄-၃-၂၀၂၀) ရက်နေ့တွင် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ လွန်ခဲ့သော (၁၄) ရက်အတွင်း ရောဂါကူးစက် ဖြစ်ပွားလျက်ရှိသောဒေသများသို့ ခရီးသွားရာဇဝင်မရှိသော်လည်း ပြင်းထန်အသက် ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများနှင့် COVID-19 ရောဂါသံသယလက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ၎င်းထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သော အသက် (၃၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် (၂-၃-၂၀၂၀)ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး (၂၆-၂-၂၀၂၀) ရက်နေ့မှစ၍ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ မောပန်းခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် ပုဂ္ဂလိကဆေးခန်းသို့ လာရောက်ပြသ ခဲ့ရာ (၄-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံသို့ ညွှန်းပို့ခဲ့ပြီး စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

စင်ကာပူနိုင်ငံ၌ နေထိုင်ခဲ့စဉ်ကာလအတွင်း COVID-19 ရောဂါဖြစ်ပွားလာသူနှင့် ထိတွေ့ခဲ့သည့် မြန်မာနိုင်ငံသား၊ အသက် (၂၆) နှစ်အရွယ် အမျိုးသား (၁) ဦးအား ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံတွင် အခြားသူများနှင့် ထိတွေ့ဆက်ဆံခြင်းမရှိအောင် ဆေးရုံတွင် သီးသန့်ထားရှိ၍ ရောဂါဖြစ်ပွားမှုစောင့်ကြပ်ြကည့်ရှုလျက်ရှိပြီး ဓာတ်ခွဲနမူနာအား ကျန်းမာရေးနှင့်အားကစားဝန်ြကီးဌာန၊ အမျိုးသားကျန်းမာရေး ဆိုင်ရာဓာတ်ခွဲမှုဌာန (ရန်ကုန်) တွင် စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးမရှိကြောင်း၊ အဆိုပါအမျိုးသားသည် COVID-19 ရောဂါဖြစ်ပွားလာသူနှင့် ထိတွေ့ခဲ့သူဖြစ်သဖြင့် ၎င်းထံမှ နောက် (၃) ရက်အကြာတွင် ဓာတ်ခွဲနမူနာထပ်မံရယူ၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယနေ့ အထိ လူနာ(၇)ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

Photo Credit- CDC

No comments:

Post a Comment

My Blog List