Tuesday, March 03, 2020

NLD အပေါ် ပြည်သူ ၆၀ ရာခိုင်နှုန်း ယုံကြည်၊ NLD အစိုးရ လေးနှစ်အတွင်း အမှားမရှိဟု ဒေါက်တာဇော်မြင့်မောင်ပြော

Image may contain: 2 people, flower
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အပေါ် ပြည်သူလူထု ၆၀ ရာခိုင်နှုန်းခန့်က ယုံကြည်မှု ရှိကြောင်း စစ်တမ်းများကို ကိုးကား၍ ယင်းပါတီ ဒုတိယဥက္ကဌ-၂ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်သည်။

နိုင်ငံရေးအရ နိုးကြားတက်ကြွသူများ၊ သတင်းမှား မယုံကြည်သူများ၊ စဉ်းစားဆင်ခြင်တုံတရားဖြင့် လုပ်ကိုင်တတ်သူအများစုက ယုံကြည်ကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
" ကျွန်တော်တို့ သွားခဲ့တဲ့ လေးနှစ်မှာ ခြေလှမ်းမမှားပါဘူး။ အမှားတစ်ခါမှ မလုပ်ခဲ့ဘူး။ ဒါပေမယ့် မှားကောင်းမှားနိုင်တဲ့သူတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် အစိုးရတစ်ရပ်လုံးအနေနဲ့ မမှားဘူး " ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
မတ်လ ၂ ရက်နေ့က ပြုလုပ်သည့် မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် NLD ပါတီရုံးသစ်ဖွင့်လှစ်ပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မည်သည့်စစ်တမ်းများကို ကိုးကားသည်ကိုမူ ၎င်းက ပြောဆိုခြင်း မရှိပေ။
လွှတ်တော်ကိုယ်စားလှယ်များအပေါ်တွင်လည်း ယုံကြည်မှုရှိကြသည်ကို တွေ့ရပြီး ယင်းအပေါ် အခြေခံကာ ပါတီဝင်များ ညီညွတ်ကြစေချင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
" အားရပါးရ ရာနှုန်းပြည့် ကျေနပ်တယ်ဆိုတာတော့ ဘယ်နိုင်ငံမှ မရှိဘူး " ဟု ၎င်းက ဆိုသည်။
ကျန်းမာရေးအနေဖြင့် ဆေးကုသမှု မပြီးဆုံးသေးဘဲ သွားလာလှုပ်ရှားနိုင်သည့်အချိန်တွင် ကတိပေးထားသည့် အလုပ်များကို လိုက်လံလုပ်ဆောင်ပေးနေကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
NLD အပေါ် ပြည်သူ ၆၀ ရာခိုင်နှုန်း ယုံကြည်၊ NLD အစိုးရ လေးနှစ်အတွင်း အမှားမရှိဟု ဒေါက်တာဇော်မြင့်မောင်ပြော

မန္တလေး၊ မတ် ၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အပေါ် ပြည်သူလူထု ၆၀ ရာခိုင်နှုန်းခန့်က ယုံကြည်မှု ရှိကြောင်း စစ်တမ်းများကို ကိုးကား၍ ယင်းပါတီ ဒုတိယဥက္ကဌ-၂ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်သည်။
နိုင်ငံရေးအရ နိုးကြားတက်ကြွသူများ၊ သတင်းမှား မယုံကြည်သူများ၊ စဉ်းစားဆင်ခြင်တုံတရားဖြင့် လုပ်ကိုင်တတ်သူအများစုက ယုံကြည်ကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
" ကျွန်တော်တို့ သွားခဲ့တဲ့ လေးနှစ်မှာ ခြေလှမ်းမမှားပါဘူး။ အမှားတစ်ခါမှ မလုပ်ခဲ့ဘူး။ ဒါပေမယ့် မှားကောင်းမှားနိုင်တဲ့သူတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် အစိုးရတစ်ရပ်လုံးအနေနဲ့ မမှားဘူး " ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
မတ်လ ၂ ရက်နေ့က ပြုလုပ်သည့် မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် NLD ပါတီရုံးသစ်ဖွင့်လှစ်ပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မည်သည့်စစ်တမ်းများကို ကိုးကားသည်ကိုမူ ၎င်းက ပြောဆိုခြင်း မရှိပေ။
လွှတ်တော်ကိုယ်စားလှယ်များအပေါ်တွင်လည်း ယုံကြည်မှုရှိကြသည်ကို တွေ့ရပြီး ယင်းအပေါ် အခြေခံကာ ပါတီဝင်များ ညီညွတ်ကြစေချင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
" အားရပါးရ ရာနှုန်းပြည့် ကျေနပ်တယ်ဆိုတာတော့ ဘယ်နိုင်ငံမှ မရှိဘူး " ဟု ၎င်းက ဆိုသည်။
ကျန်းမာရေးအနေဖြင့် ဆေးကုသမှု မပြီးဆုံးသေးဘဲ သွားလာလှုပ်ရှားနိုင်သည့်အချိန်တွင် ကတိပေးထားသည့် အလုပ်များကို လိုက်လံလုပ်ဆောင်ပေးနေကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

No comments:

Post a Comment

My Blog List