Thursday, March 05, 2020

Frontier Myanmar သတင်းထောက် မြဝတီမှာ အဖမ်းခံရ

Image may contain: 1 person, standing, mountain, sky, outdoor and nature
ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်းရဲ့ သတင်းထောက် နော်ဘက်တီဟန် ဟာ ကရင်ပြည်နယ်အတွင်း ဖမ်းဆီးခံရတယ်လို့ Frontier မဂ္ဂဇင်းရဲ့ အမှုဆောင်အရာရှိချုပ် ဦးဆန်နီဆွေက RFA ကို ဒီမနက်မှာ အတည်ပြုပါတယ်။

"ကျနော်တိုရဲ့ သတင်းထောက်က မြဝတီကို သတင်းယူဖို့ရောက်နေတာ ရှိပါတယ်။ ကျနော်တို့ မနေ့ ညနေပိုင်းကတည်း ကျနော်တို့ သူနဲ့အဆက်အသွယ် ပြတ်သွားပါတယ်။ သူ့ရဲ့ လုံခြုံရေးကို ကျနော်တို့ စိုးရိမ်မိပါတယ်။ သူဘယ်မှာရှိတယ်၊ လုံခြုံမှုရှိရဲ့လားဆိုတာ ကျနော်တို့ဆက်ပြီး စုံစမ်းနေပါတယ်" လို့ Frontier မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် သောမတ်စ် ကိန်းကလည်း RFA ကို အတည်ပြုရှင်းပြပါတယ်။
နော်ဘက်တီဟန်ဟာ မြဝတီမြို့မှာ မနေ့တုန်းက ဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။ ကရင်နယ်ခြားစောင့်တပ်ရဲ့ ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော် ကတော့ သတင်းထောက် နော်ဘက်တီဟန်ကို သူတို့ အဖွဲ့က ဖမ်းထားတာ ဟုတ် မဟုတ် အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။ သတင်းထောက် နော်ဘက်တီဟန်ဟာ ၂၀၁၉ ဒီဇင်ဘာနဲ့ ၂၀၂၀ ဖေဖော်ဝါရီလတုန်းက နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ထိန်းချုပ်ရာနယ်မြေမှာ မြေအရောင်းအဝယ်ဖြစ်နေတာတွေ၊ BGF နဲ့ တရုတ်တို့ရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို ဖော်ထုတ်ရေးသားခဲ့ပါတယ်။
RFA
Unicode

- Zawgyi
~~~~~~~~~~~~~~~

ဓာတ်ပုံ - နော်ဘက်တီဟန်-ဖေ့စ်ဘွတ်

No comments:

Post a Comment

My Blog List