Friday, March 06, 2020

စစ်ရေးတင်းမာနေမှုများကြောင့် ပြည်နယ်လူထုမဲပေးခွင့်မရမည်ကို စိုးရိမ်ဟုပြော

Image may contain: 1 person, standing
လာမည့်ရွေးကောက်ပွဲတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ဒေသများတွင်နေထိုင်ကြသည့် ဒေသခံပြည်သူလူထုအနေဖြင့် မဲပေးခွင့်ဆုံးရုံှးရမည်ကို စိုးရိမ်နေကြောင်း စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် အဖွဲ့ (UNA)အတွင်း ရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမျိုးကျော်က ပြောသည်။

"ကျွန်တော်တို့ကတော့ လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေအားလုံးမှာ ရွေးကောက်ပွဲလုပ်ဖြစ်အောင်လုပ်ကြဖို့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းနေပါတယ်။အထူးသဖြင့် ရွေးကောက်ပွဲမလုပ်ဖြစ်တဲ့ နယ်မြေတွေရှိလာရင် သက်ဆိုင်ရာဒေသက ဒေသခံပြည်သူလူထုအနေနဲ့များစွာဆုးရှုံးမှုတွေဖြစ်နိုင်မယ်လို့မြင်ပါတယ်။ ဘယ်လိုအခြေပဲ ဖြစ်ဖြစ် ပြည်သူလူထုရဲ့ မဲပေးနိုင်ခွင့်မဆုံးရှုံးရအောင် ရွေးကောက်ပွဲကျင်းပနိုင်အောင်စီစဉ်ဆောင်ရွက်ဖို့တာဝန်ရှိသူတွေကို တိုက်တွန်းနေပါတယ်။ ပြည်သူလူထုရဲ့လွတ်လပ်စွာ မဲပေးနိုင်ခွင့်ဟာ စစ်ရေးတင်းမာမှုတွေကြောင့် ဆုံးရုံှးမှုဖြစ်မှာကိုတော့ ကျွန်တော်တို့စိုးရိမ်ပါတယ်။"ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ရှမ်းပြည်နယ်၊ကရင်ပြည်နယ်တို့တွင်ဒေသအချို့၌ အစိုးရ၊တပ်မတော်နှင့် NCAစာချုပ် လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး KNUနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့စစ်ရေးတင်းမာမှုများရှိနေသလို ရခိုင်ပြည်နယ်တွင်လည်း အစိုးရ တပ်မတော် နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့၏ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိနေသည်။
" မဲပေးခွင့်မရတဲ့ပြည်နယ်တွေကနေရာအချို့မှာဆိုရင် ဒေသခံလူထုက ရွေးချယ်ပိုင်ခွင့် အခွင့်အရေးဆုံးရုံှးရမှာကို ကျွန် တော်တို့စိုးရိမ်ပါတယ်။ ဒါကြောင့်ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲ ကိုတော့ကျင်းပနိုင်အောင်လုပ်ကြဖို့ တိုက်တွန်းနေပါ တယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း တိုက်ပွဲဖြစ်နေတဲ့ဒေသတွေရှိပေမယ့် ရွေးကောက်ပွဲ ဖြစ်အောင် လုပ်သွားတဲ့ သာဓကတွေရှိခဲ့ပါတယ်။"ဟု UNA အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမန်းကျော်ငြိမ်း ကပြောသည်။
ယင်းအပြင် "လာမယ့်ရွေးကောက်ပွဲ မှာ ဘယ်မဲဆန္ဒနယ်မြေမှာတော့ လုပ်မယ် မလုပ်ဘူးဆိုတာ ရွေးကောက်ပွဲ ကေ်မရှင်ကပဲအဆုံးအဖြတ်ပေးရပါမယ်။ ကျွန်တော်တို့ကတော့ မဲဆန္ဒနယ်မြေအသီးသီးရဲ့ ပြည်သူလူထုမဲပေးခွင့်ရအောင် သက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်းတာဝန်ရှိသူတွေက လုပ်နိုင်ကြဖို့မျှော်လင့်ပါတယ်။ "ဟု ပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှုး ဦးရဲနိုင်အောင်ကပြောသည်။
ထို့အပြင် "ကျွန်မတို့ပါတီကပြည်နယ်မှာပဲအဓိကအခြေစိုက်ထားတော့ ပြည်နယ်လူထုရဲ့မဲပေးပိုင်ခွင့်မဆုံးရှုးံရအောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကိုတိုက်တွန်းသွားမှာပါ"ဟု ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဒေါ်နန်းထိုက်ထိုက်ဝင်းကျော်ကပြောသည်။
လာမည့်ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်းကျင်းပပြုလုပ်ဖွယ်ရှိကြောင်းသတင်းများထွက်ပေါ်နေသော်လည်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများအနေဖြင့် တရားဝင် မည်သည့်ကာလ၊ မည်သည့်နေ့ရက်များတွင် ပြုလုပ်မည်ဖြစ်ကြောင်းကိုမူ အစိုးရသတင်းစာများမှသော်လည်းကောင်း၊မီဒီယာများမှသော်လည်းကောင်း ထုတ်ပြန် ကြေညာပြောဆိုမှုများမရှိသေးပေ။
ကိုဖူးသစ်
Isee Media

1 comment:

  1. Your Affiliate Money Making Machine is ready -

    Plus, earning money online using it is as simple as 1-2-3!

    Here is how it all works...

    STEP 1. Choose which affiliate products the system will promote
    STEP 2. Add push button traffic (this ONLY takes 2 minutes)
    STEP 3. Watch the affiliate products system explode your list and sell your affiliate products all by itself!

    Are you ready to make money ONLINE???

    Click here to launch the system

    ReplyDelete

My Blog List