Tuesday, March 03, 2020

အစိုးရမှ စပါးတင်း (၁၀၀)ကို ကျပ် (၅)သိန်းသတ်မှတ်ထားသော်လည်း ကျပ်(၃)သိန်းခွဲဝန်းကျင်သာဈေးရကြောင်း တောင်သူများဆို


Image may contain: tree, grass, outdoor and nature
အစိုးရက စပါးတင်းတစ်ရာကို ကျပ်ငါးသိန်းနှုန်း သတ်မှတ်ထားပေမယ့် လက်ရှိမှာ ကျပ်သုံးသိန်းခွဲဝန်းကျင်သာ ဈေးရတယ်လို့ ဧရာဝတီတိုင်းအတွင်းက တောင်သူတချို့ကပြောပါတယ်။ 
အခုနှစ်မှာ ပိုးကျတဲ့ဒဏ်ကြောင့် စပါးအထွက်နှုန်းလည်း လျော့ကျခဲ့ တယ်လို့ ဧရာဝတီတိုင်းအတွင်းက တောင်သူတစ်ဦးဖြစ်တဲ့ ဦးကျော်ရှိန် ကပြောပါတယ်။ “အရင်နှစ်တွေမှာတော့ တင်း (၅၀)၊ (၆၀) ထွက်ရှိပါတယ်။ လက်ရှိမှာတော့ ပိုးစားတဲ့ ဒဏ်ကိုခံစားရတဲ့အတွက် (၁၀) တင်းကနေ (၁၅) တင်းကြားထဲမှာပဲ ထွက်ရှိတာ ဖြစ်ပါတယ်။ နိုင်ငံတော်ကတော့ (၅)သိန်းဈေး သတ်မှတ်တာကို သိပါတယ်။ ကျွန်တော်တို့ လက်ရှိမှာတော့ (၃)သိန်းခွဲ၊ (၃)သိန်း (၈) သောင်းနဲ့ပဲ ရောင်းချရခြင်းဖြစ်ပါတယ်” လို့ ဦးကျော်ရှိန်က ပြောပါတယ်။
စပါးအထွက်နှုန်းတိုးဖို့အတွက် အစိုးရတာဝန်ရှိသူတွေအနေနဲ့ အရည်အသွေးမြင့်တဲ့ ပိုးသတ်ဆေးနဲ့ မြေဩဇာတွေ ရရှိအောင် ဆောင်ရွက်ပေးစေလိုတယ်လို့ ဦးကျော်ရှိန်က ဆိုပါတယ်။ ကောက်ပဲသီးနှံနဲ့ စပါး အထွက်နှုန်း လျော့ကျတဲ့အခါတွေမှာ တောင်သူတွေဘက်က ရပ်တည်ဆောင်ရွက်ပေးမယ့်သူတွေ မရှိတဲ့အတွက် အခက်အခဲဖြစ်ရတယ်လို့လည်း ဧရာဝတီတိုင်း အတွင်းက တောင်သူတွေက ပြောပါတယ်။
ကောက်ပဲသီးနှံနဲ့ စပါး အထွက်နှုန်းတွေ အကြောင်းအမျိုးမျိုးကြောင့် လျော့ကျတဲ့အခါ အစိုးရတာဝန်ရှိသူတွေအနေနဲ့ တစ်စုံတစ်ရာ ဆောင်ရွက်ပေးစေလိုတယ်လို့ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်က တောင်သူလယ်သမားတစ်ဦးဖြစ်တဲ့ ဦးတင်မြင့်က ပြောပါတယ်။ “သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်တာရှိတယ်၊ သမားရိုးကျစိုက်တဲ့အတွက် အထွက်နှုန်းတွေ လျော့ကျတာရှိတယ်၊ ပိုးကျလို့ ပျက်ဆီးတာတွေ ရှိတယ်၊ ရာသီဥတုဖောက်ပြန်လို့ ပျက်ဆီးတာတွေ ရှိတယ်။ ဒါပေမယ့် ဒီအရေးကိစ္စနဲ့ ပတ်သက်လို့ ရပ်တည်ပြီး ဖန်တီးပေးမယ့်သူ ဘယ်သူမှမတွေ့ဘူး” လို့ ဦးတင်မြင့်က ပြောပါတယ်။
အစိုးရအနေနဲ့ တောင်သူလယ်သမားတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသလို တောင်သူလယ် သမားတွေ အနေနဲ့လည်း စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် အစိုးရနဲ့ လက်တွဲပူးပေါင်းဖို့လိုတယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မတ်(၂) ရက်က ပြုလုပ်တဲ့ တောင်သူလယ်သမားနေ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာထဲမှာ တိုက်တွန်း ထားပါတယ်။
Image may contain: one or more people, sky, outdoor and nature, text that says 'one NEWS'
Image may contain: one or more people, people standing and outdoor

No comments:

Post a Comment

My Blog List