Tuesday, March 03, 2020

စည်းကမ်းရှိသော စာသားပယ်ဖျက်ခြင်း စည်းမဲ့၊ကမ်းမဲ့ လုပ်ချင်လို့လားဟု တပ်ကိုယ်စားလှယ်မေးခွန်းထုတ်

Image may contain: 6 people, text

စည်းကမ်းရှိသော စာသားပယ်ဖျက်ခြင်း စည်းမဲ့၊ကမ်းမဲ့ လုပ်ချင်လို့လားဟု တပ်ကိုယ်စားလှယ်တစ်ဦးက ပြောဆိုပြီး ယနေ့ကျင်းပသည့် လွှတ်တော်တွင် မေးခွန်းထုတ်လိုက်သည်။

ဦးထွန်းထွန်းဟိန်ခေါင်းဆောင်သည့် အဖွဲ့က စည်းကန်းပြည့်ဝသော ဒီမိုကရေစီ ဆိုသည့်ပုဒ်မကို စည်းကမ်းပြည့်ဝသော စာသားဖြုတ်ကာ ပြင်ဆင်လိုသည့် အပေါ် ၎င်းက မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။
မေးခွန်းထုတ်ဆွေးနွေးခဲ့သူမှာ ဗိုလ်မှူးကြီးကျော်ကျော်ဆိုသူဖြစ်ကာ ၎င်းက အဆိုပါ အချက်အပြင် ပယ်ဖျက်ရန် အဆိုပြုထားသည့် ပုဒ်မ ၄၄၁ မူလပြဌာန်းချက်ကို မူလအတိုင်းထားရှိပေးရန်၊ပုဒ်မ ၄၄၂ မူလပြဌာန်းချက်ကို မူလအတိုင်းထားရှိပေးရန်၊ပုဒ်မ ၄၄၃ မူလ ပြဌာန်းချက်ကို မူလအတိုင်းထားရှိပေးရန် (အဆိုပါ ပြဌာန်းချက်များက အေးချမ်းဖြိုးကောင်စီအစိုးရ၏ ခြေဥမတိုင်ခင် ခြေဥပါလုပ်ငန်းများအကောင်အထည်ဖော်ရာတွင်၂၀၀၈ ခြေဥပါပြဌာန်းချက်များအတိုင်းဆောင်ရွက်သည်ဟု မှတ်ယူရမည်) အဆိုပြုဆွေးနွေးခဲ့သူလည်းဖြစ်သည်။
ဗိုလ်မှူးကြီးကျော်ကျော်က စည်းကမ်းပြည့်ဝသော စာသားဖြုတ်လိုက်ခြင်းအပေါ် “စည်းမရှိ၊ကမ်းမရှိ ဖြစ်လိုရာဖြစ်စေဆိုတဲ့ သဘော သက်ရောက်သွားစေပါတယ်”ဟု ပြောသည်။
၂၀၀၈ခြေဥပါ ၄၀၅ ပုဒ်မခွဲ(က) တွင်ပြဌာန်းထားသော စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးရမည်ဟူသော စာသားကို ဦးထွန်းထွန်းဟိန်နှင့်အဖွဲ့က စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု ပြင်ထားသည်။
၎င်းက စည်းကမ်းပြည့်ဝသော စကားရပ်ကို ဖြုတ်လိုက်လျှင်“ စည်းမရှိ၊ကမ်းမရှိ ကိုယ်လိုရာ ကိုယ်စွဲ၊ကိုယ်လုပ်ချင်သလို လုပ်လို့ရတဲ့ ဒီမိုကရေစီစနစ်ကိုဖော်ဆောင် ကျင့်သုံးလို့ရတယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေ ပေါ်ပေါက်လာနိုင်သလို ပြည်သူအချို့အနေနဲ့လည်း စည်းကမ်းမဲ့ ဒီမိုကရေစီကို ကျင့်သုံးတဲ့ အခြေအနေမျိုးနားလည်မှု လွဲမှားခံယူသွားနိုင်ပါတယ်”ဟု ဆက်ပြောခဲ့သည်။
တပ်ကိုယ်စားလှယ်၏ အထက်ပါ ဆွေးနွေးချက်များအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တစ်ဦးက တစ်နိုင်လုံးက ပြည်သူများနှင့် ပါတီများအား စော်ကားရာရောက်သည်ဟု ပြောဆိုပြီး ကန့်ကွက်ခဲ့သည်။
“ပြည်သူက လက်မခံရင် ပါတီဆိုတာ ကျဆုံးရပါတယ် ”ဟု ပြောဆိုခဲ့သေးသည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List