Friday, March 06, 2020

ကာလုံနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းမရှိ၍ ယနေ့အချိန်ကာလအထိ နယ်မြေမတည်ငြိမ်ပဲ တရားဥပဒေစိုးမိုးရေး မဆောင်ရွက်နိုင်ခြင်းဖြစ်ဟုဆို


Image may contain: indoor
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း မရှိ၍ ယနေ့အချိန်ကာလအထိ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးပြီး နယ်မြေမတည်ငြိမ်ပဲ တရားဥပဒေ စိုးမိုးရေးကို မဆောင် ရွက်နိုင် သည်ကို တွ့ရှိရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးလွင်က ပြောကြားလိုက်သည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက် တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမှု ကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲ အပေါ် ဆွေးနွေးစဉ် ဦးဌေးလွင်က ယင်းသို့ ထည့်သွင်း ပြောဆိုဆွေးနွေးသွားခဲ့ခြင်းဖြစ်သည်။

" အခုဒုတိယအကြိမ် သက်တမ်းမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း ARSA ရဲ့ တိုက်ခိုက် မှု၊ ကိစ္စကိုဖြေရှင်းဖို့ ကိုဖီအာနန်ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ အကြမ်းဖက်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း နယ်စပ် ကုန်သွယ်ရေး ပြတ်တောက်ပြီး ဆုံးရှုံးမှုများခဲ့တဲ့ အခြေအနေ၊ AA အကြမ်းဖက် မှု‌ကြောင့် ရခိုင်ပြည်နယ်အတွင်း ပြည်သူများရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုတဲ့ အခြေအနေတွေကို နိုင် ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာ မရှိတာကို တွေ့ ရတဲ့အတွက် ယနေ့အချိန်ကာလအထိ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးပြီး နယ်မြေမတည်ငြိမ်ပဲ တရားဥပဒေစိုးမိုးရေးကို မဆောင် ရွက်နိုင်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။”ဟု ဦးဌေးလွင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တွင် ပုဒ်မ ၄၁၂(က) ကိုပယ်ဖျက်ရန်မသင့်ဘဲ မူလပြဌာန်းချက် အတိုင်းသာ ထားရှိရန် ဦးဌေးလွင်ကအဆိုပြုတင်ပြခဲ့သည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁ ပုဒ်မ၄၁၂ ပုဒ်မခွဲ (က)၏ မှုလပြဌာန်းချက်မှာ တိုင်းဒေသကြီးမှာဖြစ်စေ ပြည်နယ်တစ်ခုမှာဖြစ်စေ ပြည်ထောင်စု နယ်မြေတစ်ခုတွင် ဖြစ်စေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွင် ဖြစ်စေ ယင်းတို့၏ တစ်စိပ်တစ်ဒေသတွင် ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်ပါက သို့မဟုတ် ထိုသို့ပေါ်ပေါက်ရန် အကြောင်းရှိကြောင်း သိရှိလျင်သော်လည်း ကောင်း ထိုသို့ပေါ်ပေါက်ရန် လုံလောက် သော အကြောင်းရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက တင်ပြလျင်သော်လည်း‌ကောင်း နိုင်ငံ တော်သမ္မသည် အမျိုးသားကကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ နှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ထုတ်ပြန်၍ အရေးပေါ် အခြေအနေကို ကြေညာနိုင် သည်ဟု ပြဌာန်းထားသည်။

ယင်းအချက်ကို ပူးပေါင်းကော်မတီက ပယ်ဖျက်ရန်အဆိုပြုထားခြင်းြဖစ်သည်။

The Ladies News
ကာလုံနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းမရှိ၍ ယနေ့အချိန်ကာလအထိ နယ်မြေမတည်ငြိမ်ပဲ တရားဥပဒေစိုးမိုးရေး မဆောင်ရွက်နိုင်ခြင်းဖြစ်ဟုဆို
--- --- ---
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း မရှိ၍ ယနေ့အချိန်ကာလအထိ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးပြီး နယ်မြေမတည်ငြိမ်ပဲ တရားဥပဒေ စိုးမိုးရေးကို မဆောင် ရွက်နိုင် သည်ကို တွ့ရှိရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးလွင်က ပြောကြားလိုက်သည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်း အဝေး ၁၈ ရက်မြောက် တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမှု ကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲ အပေါ် ဆွေးနွေးစဉ် ဦးဌေးလွင်က ယင်းသို့ ထည့်သွင်း ပြောဆိုဆွေးနွေးသွားခဲ့ခြင်းဖြစ်သည်။

" အခုဒုတိယအကြိမ် သက်တမ်းမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း ARSA ရဲ့ တိုက်ခိုက် မှု၊ ကိစ္စကိုဖြေရှင်းဖို့ ကိုဖီအာနန်ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ အကြမ်းဖက်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း နယ်စပ် ကုန်သွယ်ရေး ပြတ်တောက်ပြီး ဆုံးရှုံးမှုများခဲ့တဲ့ အခြေအနေ၊ AA အကြမ်းဖက် မှု‌ကြောင့် ရခိုင်ပြည်နယ်အတွင်း ပြည်သူများရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုတဲ့ အခြေအနေတွေကို နိုင် ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာ မရှိတာကို တွေ့ ရတဲ့အတွက် ယနေ့အချိန်ကာလအထိ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးပြီး နယ်မြေမတည်ငြိမ်ပဲ တရားဥပဒေစိုးမိုးရေးကို မဆောင် ရွက်နိုင်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။”ဟု ဦးဌေးလွင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တွင် ပုဒ်မ ၄၁၂(က) ကိုပယ်ဖျက်ရန်မသင့်ဘဲ မူလပြဌာန်းချက် အတိုင်းသာ ထားရှိရန် ဦးဌေးလွင်ကအဆိုပြုတင်ပြခဲ့သည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁ ပုဒ်မ၄၁၂ ပုဒ်မခွဲ (က)၏ မှုလပြဌာန်းချက်မှာ တိုင်းဒေသကြီးမှာဖြစ်စေ ပြည်နယ်တစ်ခုမှာဖြစ်စေ ပြည်ထောင်စု နယ်မြေတစ်ခုတွင် ဖြစ်စေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွင် ဖြစ်စေ ယင်းတို့၏ တစ်စိပ်တစ်ဒေသတွင် ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်ပါက သို့မဟုတ် ထိုသို့ပေါ်ပေါက်ရန် အကြောင်းရှိကြောင်း သိရှိလျင်သော်လည်း ကောင်း ထိုသို့ပေါ်ပေါက်ရန် လုံလောက် သော အကြောင်းရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက တင်ပြလျင်သော်လည်း‌ကောင်း နိုင်ငံ တော်သမ္မသည် အမျိုးသားကကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ နှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ထုတ်ပြန်၍ အရေးပေါ် အခြေအနေကို ကြေညာနိုင် သည်ဟု ပြဌာန်းထားသည်။

ယင်းအချက်ကို ပူးပေါင်းကော်မတီက ပယ်ဖျက်ရန်အဆိုပြုထားခြင်းဖြစ်သည်။

The Ladies News

1 comment:

  1. Your Affiliate Money Making Machine is waiting -

    And making money with it is as simple as 1-2-3!

    It's super easy how it works...

    STEP 1. Tell the system what affiliate products you want to push
    STEP 2. Add some PUSH BUTTON traffic (it LITERALLY takes 2 minutes)
    STEP 3. Watch the affiliate products system grow your list and up-sell your affiliate products all for you!

    Are you ready???

    You can test-drive the system for yourself risk free...

    ReplyDelete

My Blog List