Thursday, March 05, 2020

တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့များအားလုံး ဒီမိုကရေစီအရပ်သားအစိုးရအုပ်ချုပ်မှုအောက်ရောက်ရှိစေရေး အရေးတကြီးဆောင်ရွက်ရမည်ဖြစ်ပြီး မည်သည့်အကြောင်းပြချက်နှင့်မျှအချိန်ဆွဲထား၍မရ

Image may contain: 1 person, sitting
တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့များအားလုံး ဒီမိုကရေစီအရပ်သားအစိုးရအုပ်ချုပ်မှုအောက်ရောက်ရှိစေရေး အရေးတကြီးဆောင်ရွက်ရမည်ဖြစ်ပြီး မည်သည့်အကြောင်းပြချက်နှင့်မျှအချိန်ဆွဲထား၍မရကြောင်း မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်၅မှ ဒေါ်မြတ်သီတာထွန်းကပြောဆိုဆွေးနွေးခဲ့သည်။

ယင်းအပြင် ၄င်းက တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးအကြောင်းပြပြီး လွှတ်တော်ထဲဆက်ရှိမနေသင့်ကြောင်းနှင့် လွှတ်တော် သက်တမ်းအလိုက်တဆင့်ခြင်းစီ လျှော့ချသွားရန် အဆိုပြုထားသည့်အပေါ်လည်း ထောက်ခံသွားသည်။

တပ်မတော်သည် ဒုတိယသမ္မတတစ်ဦးတင်မြှောက်ခွင့်ရထားခြင်း၊ရွေးကောက်ပွဲဝင်စရာမလိုဘဲ လွှတ်တော်အသီးသီးထဲ ၂၅ရာခိုင်နှုန်းရခြင်း၊ပြည်ထောင်စုအစိုးရအဖွဲ့ထဲဝန်ကြီး၃နေရာရခြင်း၊တိုင်း၊ပြည်နယ်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတို့တွင်လည်း ဝန်ကြီးနေရာရခြင်း၊တရားစီရင်မှုကိုပါ ပြုလုပ်နိုင်ခြင်း စသည်တို့ကို ထောက်ပြကာ တပ်မတော်သည် မဏ္ဍိုင်၃ရပ်လုံးတွင် နေရာယူထားကြောင်း ဒေါ်မြတ်သီတာထွန်းကပြောဆိုဆွေးနွေးခဲ့သည်။
ထို့နောက် တပ်မတော်သည် အစိုးရနှင့်လွှတ်တော်ကိုစောင့်ကြည့်ထိန်းကျောင်းရမည့်အဖွဲ့အစည်းမဟုတ်ဘဲ လက်နက်ကိုင်ဝန်ထမ်းဖြစ်သည်ကိုသိထားရန်လိုကြောင်းပါ ထည့်သွင်းဆိုခဲ့သည်။

ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List