Wednesday, March 04, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံသောကြောင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို ANP ပါတီ စစ်ဆေး

Image may contain: 11 people, people standing
ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်အမျိုးသားပါတီ(ANP ) ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးဇော်အေးမောင်သည် ပါတီကိုအကြောင်းမကြားဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံမှုကြောင့် ANP ပါတီကစစ်ဆေးလျက်ရှိကြောင်း အဆိုပါပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက The Voice Journal သို့ ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေပြည်တော်ရှိဘုရင့်နောင်ရိပ်သာခန်းမတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ဦးဆောင်သော စစ်တွေမြို့ရပ်မိရပ်ဖများသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံခဲ့ကြသည့်ကိစ္စကို ရည်ညွှန်းကာ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“အခုလို နိုင်ငံကခေါင်းဆောင်တစ်ယောက်ကိုတွေ့တာ၊ ပါတီကိုမပြောဘဲ ဘာကြောင့်တွေ့တာလဲဆိုတာ စုံစမ်းနေတယ် ” ရခိုင်တိုင်းရင်းသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရသည့်အကြောင်းအရင်းများကို မေးမြန်းလျှက်ရှိပြီး စုံစမ်းစစ်ဆေး၍ အပြစ်ရှိပါက ဦးဇော်အေးမောင်ကို ပါတီစည်းကမ်းနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ဦးသာထွန်းလှကဆိုသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဦးဇော်အေးမောင်တို့ တွေ့ဆုံမှုတွင် ရခိုင်ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒေသအတွင်းတည်ငြိမ်ရှိရန် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံသောကြောင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို ANP ပါတီ စစ်ဆေး
ရန်ကုန်၊ မတ် ၃

No comments:

Post a Comment

My Blog List