Tuesday, March 03, 2020

နိုင်ငံရေးပါတီ တစ်ပါတီက ကတိပေးထားပြီးပါက တည်အောင်လုပ်ပေးရမည်ဟု PPP ပါတီဥက္ကဌ ပြောဆို

Image may contain: 3 people
သာမန်ပြည်သူမဟုတ်သော နိုင်ငံရေးပါတီ တစ်ခု၏ ပါတီဝင်များအနေဖြင့် မလုပ်ပေးနိုင်သည်ကို ကတိပေးပြောဆိုခြင်းမျိုးမပြုဘဲ လုပ်ပေးနိုင်သည်ကိုသာ ကတိပေးပြောဆိုကာ ကတိပေးထားပြီးပါက တည်အောင်လုပ်ပေးရမည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင်က ပြောဆိုလိုက်သည်။
မတ်လ ၁ ရက်နေ့က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်၊ (စ) ရပ်ကွက်၊ ပိတောက်လမ်းရှိ အိမ်အမှတ် (၂၈၅)တွင် ပြုလုပ်သော သထုံမြို့နယ်အဆင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)ရုံးခန်းဖွင့်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်ပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

"နိုင်ငံရေးသမားဆိုတာ ပြောသလို လုပ်ပြီး လုပ်သလိုပြောရပါမယ်။ ဘာလို့လဲဆိုရင် နိုင်ငံရေးပါတီတစ်ခုရဲ့ ပါတီဝင်တွေဖြစ်သွားပြီဆိုရင် အများပြည်သူတွေနဲ့ထိတွေ့ဆက်ဆံရတဲ့အခါ ပြောဆိုရတဲ့အခါမှာ မလုပ်ပေးနိုင်တာကို ကတိပေးတာမျိုးမလုပ်ရဘူး။ လုပ်ပေးနိုင်တာကို ကတိပေးပြီးရင်လဲ ဆောင်ရွက်နိုင်အောင် လုပ်ပေးရမယ်။ ကတိကို လွယ်လွယ်ပေးတတ်တာက နိုင်ငံရေးပါတီတွေရဲ့ မှားတတ်တဲ့အမှားပါ။ နိုင်ငံရေး ပါတီတွေက အပြိုင်အဆိုင်တွေများပါတယ်။ ပြည်သူကလဲကြိုက်နှစ်သက်မှ မဲရမှာဆိုတော့လေ များသောအားဖြင့် ပြည်သူအကြိုက်ကိုလိုက်ပြီး ပြောမိတာမျိုးတွေဖြစ်တတ်တယ်။ ကျွန်မတို့ကတော့ ရွေးကောက်ပွဲနီးလာရင် ပါတီကနေပြီးတော့ ရွေးကောက်ပွဲကြေငြာစာတမ်းထုတ်မှာပါ။ ကျွန်မတို့ ပါတီက ကိုယ်စားလှယ်လောင်းတွေ ထွက်လာတဲ့အခါကျရင်လည်း မလုပ်ပေးနိုင်တာတွေကို ကတိပေးပြောဆိုတာမျိုး မပြုဖို့ လုပ်ပေးနိုင်တာကိုပဲ ပြောဆိုပြီး ပြေားပြီးသား ကတိစကားကို တည်အောင်လုပ်ပေးဖို့ ဒါက အရေးအကြီး ဆုံးအချက်အနေနဲ့ မှာကြားထားမှာပါ ကျွန်မတို့ပါတီဝင်တွေအတွက် ကျင့်ဝတ်တွေ ချမှတ်ထားပြီးသားပါ။''ဟု ဒေါ်သက်သက်ခိုင်က ပြောသည်။

မည်သည့်နိုင်ငံရေးပါတီမဆို ပြည်သူ့ ဆန္ဒမဲဖြင့် အစိုးရဖြစ်လာပါက နိုင်ငံအကျိုးကို ဆောင်ရွက်ကြမည် ဖြစ်သော်လည်း ပြည်သူများအား ပေးထားသော ကတိကဝတ်များအနေဖြင့် မည်မျှအထိ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ခဲ့ခြင်း ရှိ/ မရှိဆိုသည်ကို ပြည်သူများကသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)အား တရားဝင်ပါတီဖြစ်လာရေးအတွက် ၂၀၁၈ ခုနှစ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဆိုပြုလွှာတင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ ၁၃ ရက်တွင် တရားဝင် မှတ်ပုံတင် ခဲ့ပြီး အောက်တိုဘာလ ၂၃ ရက်တွင် ပါတီတည်ထောင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)အား တရားဝင်ပါတီအဖြစ် ခွင့်ပြုချက်ရပြီး နောက်ပိုင်းမှ စတင်ကာ ၂၀၂၀ မတ်လ ၁ ရက်ထိ ရန်ကုန်၊ နေပြည်တော်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးများတွင် မြို့နယ်ပါတီ ရုံးခွဲပေါင်း ၂၄ ရုံး ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမတိုင်မှီကာလအထိ မြို့နယ်ရုံးခွဲပေါင်း ၇၀ ခန့် ဖွင့်လှစ်နိုင်ရေးလုပ်ဆောင်နေကြောင်း သိရသည်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း မြို့နယ်ပါတီရုံးဖွင့်လှစ်နိုင်ပြီးသော နေရာများ အားလုံးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်ထွန်း (မြစ်မခ)
zawgyi

နိုင်ငံရေးပါတီ တစ်ပါတီက ကတိပေးထားပြီးပါက တည်အောင်လုပ်ပေးရမည်ဟု PPP ပါတီဥက္ကဌ ပြောဆို

အောင်မြင့်ထွန်း (မြစ်မခ)

သထုံ၊ မတ် ၂ ရက်။

No comments:

Post a Comment

My Blog List