Wednesday, March 04, 2020

မလုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု စနစ်များကြောင့် တောင်ကိုရီးယား၊ အီတလီ၊ အီရန်တို့တွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု အဆိုးရွားဆုံး ဖြစ်ပွားရခြင်း ဖြစ်ဟု WHO ပြောကြား


Image may contain: one or more people, people standing, people sitting and indoor
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု စတင်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံပြင်ပ တောင်ကိုရီးယား၊ အီတလီ၊ အီရန်တို့တွင် ရောဂါပျံ့နှံ့မှုနှင့် သေဆုံးမှု အဆိုးရွားဆုံး ဖြစ်ပွားရသည့် အကြောင်းရင်းမှာ လုံလောက်မှု မရှိသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်များကြောင့် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မာဂရက် ဟားရစ်က ဂျနီဗာရှိ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ဖွဲ့စည်းထားသည့်အဖွဲ့သို့ ပြန်လာစဉ် ပြောကြားခဲ့သည်။

ဒေါက်တာ မာဂရက် ဟားရစ်သည် အီဘိုလာရောဂါ ဖြစ်ပွားနေသည့် ကွန်ဂိုနိုင်ငံမှ ဂျနီဗာသို့ ပြန်လာခဲ့ အီဘိုလာဗိုင်းရပ်စ်နှင့် ပတ်သက်၍လည်း စထရိတ်တိုင်းမ် သတင်းဌာနသို့ ပြောကြားခဲ့သည်။

“အဲဒီနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ် အကြီးအကျယ် ဖြစ်ပွားခဲ့တယ်။ တစ်နှစ်ခွဲလောက်တောင် ကြာနေပြီ။ သေတဲ့လူတွေ အများကြီးပဲ၊ လူပေါင်း ၂၄၀၀ သေဆုံးခဲ့တယ်။ ဒါပေမဲ့ ကိုရိုနာ ဗိုင်းရပ်စ်က ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ လူပေါင်းများစွာကို သေဆုံးစေခဲ့တယ်။ ဒီရောဂါကို တိုက်ဖျက်နိုင်မှုနဲ့ နှိုင်းယှဉ်ရင်တော့ ရောဂါဟာ ဆိုးရွားတယ်လို့ပဲ ပြောရမယ်” ဟု ၄င်းက ဆိုသည်။

တောင်ကိုရီးယား၊ အီတလီ၊ အီရန် သုံးနိုင်ငံတို့ကို အထူးစိုးရိမ်စရာ အဖြစ် ဒေါက်တာ မာဂရက် ဟားရစ်က ထောက်ပြခဲ့သည်။

"အလွန်ကြီးမားတဲ့ ရောဂါဖြစ်ပွားမှုတွေ ရှိနေတဲ့ နိုင်ငံ သုံးနိုင်ငံက တကယ် ရုန်းကန်နေရတာပါပဲ။ စိုးရိမ်စရာ အမြင့်ဆုံးကို ရောက်နေပါတယ်။ နောက်ထပ် စိုးရိမ်စရာ တစ်ခုက ဒီဗိုင်းရပ်စ်က သေစေနိုင်လောက်တဲ့ ရောဂါဖြစ်တယ်။ အရင်က ၁ ရာခိုင်နှုန်း လောက်ပဲ သေဆုံးတယ်ဆိုပြီး ပြောနေပေမယ့် အခု အများအပြား သေဆုံးနေတာကို တွေ့နေရပြီ" ဟု ဒေါက်တာ ဟားရစ်က ပြောကြားခဲ့သည်။

“နေ့စဉ်နေတိုင်း လူတွေဟာ အလွန်အရေးပါတဲ့၊ အလွန်အဆင့်မြင့်တဲ့ ဆေးကုသမှုတွေနဲ့ ပြုစုစောင့်ရှောက်မှုတွေ နှစ်ပတ်ကနေ သုံးပတ်အထိ ပိုမိုလိုအပ်နေပါတယ်။ ဘာက စိုးရိမ်စရာလဲဆိုရင် ရောဂါပြဿနာဖြစ်လာပြီဆိုရင် အရင်ဆုံး သိရှိနိုင်မှုကို ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွေက ချက်ချင်း မစွမ်းဆောင်နိုင်တဲ့ အခြေအနေကြောင့်ပါပဲ” ဟု ဒေါက်တာ ဟားရစ်က ကျန်းမာရေး စောင့်ရှောက်မှု အားကောင်းသော နိုင်ငံများကိုပါ ဖိအားပေး ပြောဆိုခဲ့သည်။

သို့သော် ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်ပြီး လူအများက အထူးဂရုပြု နေထိုင်နေကြကြောင်းလည်း သူမက မှတ်ချက်ပြု ပြောကြားခဲ့သည်။

"လူတွေရဲ့ လက်ဟာ အမြဲတမ်းသန့်ရှင်းနေဖို့ လိုတယ်။ ရှောင်နိုင်ရင်တော့ လက်နဲ့ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးတွေ မထိရဘူး။ လက်ကို မသန့်ရှင်းဘဲ မထားပါနဲ့။ လူတွေကလည်း နားလည်သဘောပေါက်ပြီး လိုက်နာကြပါတယ်။ ဘာလို့လဲဆိုတော့ တခြား အသုံးပြုနိုင်တဲ့ ကိရိယာတွေ မရှိဘူးလေ။ ကျွန်မတို့မှာ ကာကွယ်ဆေးက မရှိဘူး။ သက်သေပြနိုင်တဲ့ ကုသမှုကလည်း မရှိဘူး။ ဒါကြောင့် အရင်ပုံစံတွေဆီ ပြန်သွားတယ်။ အဆင်မပြေသေးဘူး။ ဒါပေမယ်လည်း ကြိုးစားနေကြတယ်” ဟုသူမက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးမှုသည် ကမ္ဘာတစ်ဝှမ်း ၃.၄ ရာခိုင်နှုန်းရှိနေပြီး ရာသီအလိုက် တုပ်ကွေးရောဂါဖြစ်ပွားနှင့် နှိုင်းယှဉ်ပါက ရာသီတုပ်ကွေး ယေဘုယျ ကူးစက်ခံရမှုတွင် သေဆုံးသူ ၁ ရာခိုင်နှုန်း အောက်တွင်သာ ရှိကြောင်း WHO က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ဒုတိယ ကွာခြားချက်မှာ ကိုရိုနာဗိုင်းရပ်စ်သည် ရာသီတုပ်ကွေးထက် ပိုမိုများပြားစွာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် ရာသီတုပ်ကွေး အမျိုးအစားများကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ခဲ့ကြသော်လည်း ယခု ကိုရိုနာဗိုင်းရပ်စ်မှာ အသစ်တွေ့ရှိသည့် အမျိုးအစားဖြစ်ပြီး တောင့်ခံနိုင်စွမ်း မရှိကြောင်းလည်း WHO အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဂျီဘရီရက်စ်က ဆိုသည်။

AS
Ref; Straitstimes
Isee Media

No comments:

Post a Comment

My Blog List