Tuesday, March 03, 2020

လာမည့်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ အင်အားအပြည့်ဖြင့်ဝင်ရောက်ယှဉ်ပြိုင်မည်


No photo description available.
ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားပါတီ(၄)ခုပေါင်းစည်းထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ(Kachin State Peoples Party)(KSPP)အနေနဲ့ (၂၀၂၀)ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်း မြို့နယ် (၁၈)မြို့နယ်မှာ အင်အားအပြည့်နဲ့ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာ မနန်တူးဂျာ ကပြောပါတယ်။ 
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်နေရာတွေမှာ ဝင်ရောက်အရွေးခံသွားမယ်လို့ဆိုပါတယ်။ မတ်(၃)ရက် မနက်ပိုင်းက မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက် မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမမှာပြုလုပ်တဲ့ ပထမအကြိမ်ပါတီညီလာခံမှာပြောကြားခဲ့တာပါ။

အဲဒီညီလာခံကိုပါတီက သဘာပတိအဖွဲ့၀င်တွေ၊ မြို့နယ်(၁၈)မြို့နယ်က ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပြီး ညီလာခံကို နှစ်ရက်တိုင်ပြုလုပ်သွားမှာဖြစ်ပါတယ်။ 
Image may contain: one or more people and text
Image may contain: one or more people and people sitting
သတင်း- မိုဃ်းကျ(မြစ်ကြီးနား)

No comments:

Post a Comment

My Blog List