Thursday, March 05, 2020

ခြေ/ဥ ပြင်ဆင်ရေး ဆွေးနွေးမှုများအား လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို ယခုလ ဒုတိယအပတ်တွင် ဆောင်ရွက်မည်


Image may contain: 1 person, sitting and indoor
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များ ဆွေးနွေးမှုကို ဖေဖော်ဝါရီလ ၂၅ ရက်မှ စတင် ဆွေးနွေးခဲ့ပြီး မတ်လ ၅ ရက်အထိ ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးမှုများပြီးစီးပါက လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို လာမည့် မတ်လ ၁၀ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နာယက ဦးတီခွန်မြတ် က ပြောသည်။

လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ဆန္ဒမဲလက်မှတ် ဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ယင်း ဆန္ဒမဲလက်မှတ် ၉ စောင်တွင် ပါဝင်မည့် ပုဒ်မ ၊ပုဒ်မခွဲ အတွက် အသေးစိတ် နမူနာများကိုလည်း ကိုယ်စားလှယ် များထံ ဖြန့်ဝေပေးထားကြောင်း နာယက ဦး တီခွန်မြတ် ကရှင်းလင်းပြောကြားခဲ့သည်။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ( က) နဲ့ သက်ဆိုင်တဲ့ ပြင်ဆင်ချက် ပုဒ်မ ပုဒ်မခွဲ ၅၅ ပါဝင် တဲ့ ဥပဒေ မူကြမ်းရဲ့ ပြင်ဆင်ချက် ဇယား နောက်ဆက်တွဲ ဇ(၂) ကို အပိုင်း ၄ ပိုင်း၊ ဆန္ဒမဲလက်မှတ် ၄ စောင် ခွဲခြားပြီး လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မ (ခ) နဲ့ သက်ဆိုင်တဲ့ ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲ ၈၀ ခု ပါဝင်တဲ့ ဥပဒေ မူကြမ်းရဲ့ ပြင်ဆင်ချက်ဇယား နောက်ဆက်တွဲ ဇ(၂) ကို အပိုင်း ၅ ပိုင်း၊ ဆန္ဒမဲ လက်မှတ် ၅ စောင်၊ ခွဲခြားပြီးလည်း ကောင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးတီခွန်မြတ်က ရှင်းလင်းပြောကြားခဲ့သည်။

ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က) နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက်များကို အဆုံးအဖြတ်ရယူခြင်း လေးကြိမ်နှင့် ပုဒ်မခွဲ(ခ) နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက်များအတွက် အဆုံးအဖြတ်ရယူခြင်းကို ငါး ကြိမ် ခွဲပြီး ဆောင်ရွက်ရန်လျာထားကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒ အား ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းများ အပေါ် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် နိုင်ငံတော် သမ္မတနှင့် ဒုတနိယ သမ္မတ များရွေးချယ်တင်မြှောက်ပွဲ ကျင်းပစဉ် လုပ်ငန်းစဉ်များ အတိုင်း အခြေခံကာ ဆန္ဒမဲလက်မှတ်များ ပြုစုပြီး လျို့ဝှက်စွာ ဆန္ဒပြုသည့် နည်းလမ်းဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးတီခွန်မြတ်ကပြောကြားခဲ့သည်။

လွှတ်တော်ရဲ့အဆုံးအဖြတ်ရယူခြင်းအစီအစဉ်တွင် လွှတ်တော်ရုံးဝန်ထမ်းအဖွဲ့ ၈ဖွဲ့ ၏ ဆောင်ရွက်မှု အပေါ် တစ်ဖွဲ့လျှင်၄ဦးနှုန်းဖြင့့်ကြီးကြပ်စောင့်ကြည့်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ် ၃၂ဦး၏ အမည်စာရင်းကိုလည်း နိုင်ငံရေးပါတီအစုအဖွဲ့အလိုက်သင့်တော်သည့် အင်အား သတ်မှတ် တောင်းခံထား ကြောင်း သိရသည်။

ယင်း ကိုယ်စားလှယ်များ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၁၂ဦး ၊တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ရှစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ငါးဦး၊ရခိုင်အမျိုးသားပါတီနှစ်ဦး၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် နှစ်ဦး၊ တအောင်းပလောင်အမျိုးသားပါတီတစ်ဦး၊ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တစ်ဦး နှင့် ပအို့ဝ်အမျိုးသားအဖွဲ့ပါတီတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
ယဉ်ကေနွယ်
(zawgyi)
ခြေ/ဥ ပြင်ဆင်ရေး ဆွေးနွေးမှုများအား လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို ယခုလ ဒုတိယအပတ်တွင် ဆောင်ရွက်မည်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များ ဆွေးနွေးမှုကို ဖေဖော်ဝါရီလ ၂၅ ရက်မှ စတင် ဆွေးနွေးခဲ့ပြီး မတ်လ ၅ ရက်အထိ ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးမှုများပြီးစီးပါက လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို လာမည့် မတ်လ ၁၀ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ေြကာင်း ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နာယက ဦးတီခွန်မြတ် က ပြောသည်။

လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ဆန္ဒမဲလက်မှတ် ဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ယင်း ဆန္ဒမဲ လက်မှတ် ၉ စောင်တွင် ပါဝင်မည့် ပုဒ်မ ၊ပုဒ်မခွဲ အတွက် အသေးစိတ် နမူနာများကိုလည်း ကိုယ်စားလှယ် များထံ ဖြန့်ဝေပေးထားကြောင်း နာယက ဦး တီခွန်မြတ် ကရှင်းလင်းပြောကြားခဲ့သည်။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ( က) နဲ့ သက်ဆိုင်တဲ့ ပြင်ဆင်ချက် ပုဒ်မ ပုဒ်မခွဲ ၅၅ ပါဝင် တဲ့ ဥပဒေ မူကြမ်းရဲ့ ပြင်ဆင်ချက် ဇယား နောက်ဆက်တွဲ ဇ(၂) ကို အပိုင်း ၄ ပိုင်း၊ ဆန္ဒမဲလက်မှတ် ၄ စောင် ခွဲခြားပြီး လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မ (ခ) နဲ့ သက်ဆိုင်တဲ့ ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲ ၈၀ ခု ပါဝင်တဲ့ ဥပဒေ မူကြမ်းရဲ့ ပြင်ဆင်ချက်ဇယား နောက်ဆက်တွဲ ဇ(၂) ကို အပိုင်း ၅ ပိုင်း၊ ဆန္ဒမဲ လက်မှတ် ၅ စောင်၊ ခွဲခြားပြီးလည်း ကောင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးတီခွန်မြတ်က ရှင်းလင်းပြောကြားခဲ့သည်။

ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က) နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက်များကို အဆုံးအဖြတ်ရယူခြင်း လေးကြိမ်နှင့် ပုဒ်မခွဲ(ခ) နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက်များအတွက် အဆုံးအဖြတ်ရယူခြင်းကို ငါး ကြိမ် ခွဲပြီး ဆောင်ရွက်ရန်လျာထားကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒ အား ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းများ အပေါ် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် နိုင်ငံတော် သမ္မတနှင့် ဒုတနိယ သမ္မတ များရွေးချယ်တင်မြှောက်ပွဲ ကျင်းပစဉ် လုပ်ငန်းစဉ်များ အတိုင်း အခြေခံကာ ဆန္ဒမဲလက်မှတ်များ ပြုစုပြီး လျို့ဝှက်စွာ ဆန္ဒပြုသည့် နည်းလမ်းဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးတီခွန်မြတ်ကပြောကြားခဲ့သည်။

လွှတ်တော်ရဲ့အဆုံးအဖြတ်ရယူခြင်းအစီအစဉ်တွင် လွှတ်တော်ရုံးဝန်ထမ်းအဖွဲ့ ၈ဖွဲ့ ၏ ဆောင်ရွက်မှု အပေါ် တစ်ဖွဲ့လျှင်၄ဦးနှုန်းဖြင့့်ကြီးကြပ်စောင့်ကြည့်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ် ၃၂ဦး၏ အမည်စာရင်းကိုလည်း နိုင်ငံရေးပါတီအစုအဖွဲ့အလိုက်သင့်တော်သည့် အင်အား သတ်မှတ် တောင်းခံထား ကြောင်း သိရသည်။

ယင်း ကိုယ်စားလှယ်များ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၁၂ဦး ၊တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ရှစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ငါးဦး၊ရခိုင်အမျိုးသားပါတီနှစ်ဦး၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် နှစ်ဦး၊ တအောင်းပလောင်အမျိုးသားပါတီတစ်ဦး၊ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တစ်ဦး နှင့် ပအို့ဝ်အမျိုးသားအဖွဲ့ပါတီတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ယဉ်ကေနွယ်
#TheFifthWaveNews

1 comment:

  1. If you're trying hard to lose pounds then you certainly have to try this totally brand new custom keto meal plan.

    To create this service, certified nutritionists, personal trainers, and top chefs have joined together to provide keto meal plans that are productive, painless, cost-efficient, and enjoyable.

    From their grand opening in 2019, hundreds of individuals have already transformed their figure and well-being with the benefits a proper keto meal plan can provide.

    Speaking of benefits: in this link, you'll discover eight scientifically-tested ones offered by the keto meal plan.

    ReplyDelete

My Blog List