Friday, March 06, 2020

ကွတ်ခိုင်မြို့နယ်အတွင်းငွေကျပ် ၉၃ ဘီလီယံကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ၊မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများဖော်ထုတ်ဖမ်းဆီးရမိမှုကိစ္စသတင်းစာရှင်း

Image may contain: 1 person, standing and flower
ကွပ်ခိုင်မြို့နယ်အတွင်းငွေကျပ် ၉၃ ဘီလီယံကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ၊မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများဖော်ထုတ်ဖမ်းဆီးရမိမှုအခြေအနေကို လာရိှုးမြို့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ခန်းမတွင်ယနေ့နံနက်ကကျင်းပခဲ့သည်။

ကောင်းခါးကျေးရွာ၊ လွယ်ခမ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်နေရာများ၌ ဖေဖော်ဝါရီလ ၂၈ ရက်မှ ယနေ့ အထိ သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၃၈၂၅၀၀၀ ပြား၊ ဘိန်းဖြူ ၁၂၇၁၄၀ ဂရမ်၊ ဘိန်းဖြူခဲ ၅ ခဲ(၁ ဒသမ ၆ ကီလိုဂရမ်)၊ ဆေးပြားအကြေမှုန့် ၂၆၅၀ ဂရမ်၊ ICE ၁၂ ဒသမ ၅ ကီလိုဂရမ် (စုစုပေါင်းမူးယစ် ဆေးဝါးများခန့်မှန်းတန်ဖိုးငွေကျပ် ၉၁ ဘီလီယံကျော်)၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်း ၉၉ မျိုး(စုစုပေါင်းကာလတန်ဖိုးအနေဖြင့် ၁ ဘီလီယံကျော်) ဖြစ်ပြီး စုစုပေါင်း မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ စုစုပေါင်းကာလတန်ဖိုး ၉၃ ဘီလီယံကျော်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်ကဖမ်းဆီးရရှိသောမူးယစ်ဆေးဝါးများ၏တန်ဖိုးမှာမြန်မာကျပ်ငွေ ၅၅၅ဘီလီယံ၊အမေရိကန်ဒေါ်လာ သန်း၃၇၀ ကျော်ခန့်ရှိသည့်အနက်တပ်မတော်အနေဖြင့်ဖမ်းဆီးနိုင်ခဲ့မှုမှာ၄၀ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
ယခုနှစ်လက်ရှိကာလထိတွင်ဖမ်းဆီးရမိသောမူးယစ်ဆေးတန်ဖိုးမှာမြန်မာကျပ်ငွေ ၁၄၆ ဘီလီယံရှိသည့်အနက်တက်မတော်အနေဖြင့် ၈၀ ရာခိုင်နှုန်းကိုဖမ်းဆီးမိခဲ့ကြောင်းသတင်းစာရှင်းလင်းပွဲကသိရသည်။
Image may contain: 5 people, people sitting and indoor
No photo description available.
Image may contain: outdoor
Image may contain: outdoor
No photo description available.
No photo description available.
Image may contain: outdoor
Image may contain: food
Image may contain: plant, tree and outdoor
No photo description available.
No photo description available.

No comments:

Post a Comment

My Blog List