Tuesday, March 03, 2020

"တပ်မတော်က တစ်သံတည်းပဲ ထွက်တာဆိုတော့ အခြေခံဥပဒေမှာ အရေးကြီးတဲ့ အချက်တွေကို ပြင်ဖို့ကတော့ မဖြစ်နိုင်သလောက်ကို ဖြစ်သွားပြီ" မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းနှင့် ဆက်သွယ်မေးမြန်းချက်


Image may contain: 3 people, people standing and child
ပြည်ထောင်စုလွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်အမတ်အများစု ရှိနေသော NLD က အားသွန်ခွန်စိုက်ကြိုးပမ်း၍ ဆွေးနွေးမှုများစတင်နေပြီဖြစ်သော်လည်း တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီက တစ်ဖက်၊ NLD ပါတီနှင့်တိုင်ရင်းသားပါတီတချို့က တစ်ဖက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပြိုင်အဆိုင် ပြင်ရေး၊ မပြင်ရေး ဆွေးနွေးနေကြသည်။ ဆွေးနွေးမှုများတွင် ပုတ်ခတ်မှုများ၊ တစ်ဦးနှင့်တစ်ဦး မထိလေးစားမှုများ လည်းဖြစ်ပေါ်နေရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က သတိပေးရသည်အထိဖြစ်လာရသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တချို့က လွှတ်တော်တွင် အော်ဟစ်သောင်းကျန်သည်အထိ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးမှုများက အရှိန်တက်နေရာ ဆက်လက် ဖြစ်ပေါ်နိုင်သည့် အလားအလာများနှင့်ပတ်သက်၍ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာ တစ်ဖက်နဲ့ တစ်ဖက် မကြာခဏဆိုသလို ကန့်ကွက်ကြလို့ လွှတ်တော်နာယက သတိပေးအရေးယူမယ်၊ တရားစွဲမယ်လို့ ပြောထားတော့ လွှတ်တော်ဥပေဒတွေ ၊ နည်းဥပဒေတွေမှာ ဘယ်လို လုပ်ဆောင်လို့ရပါသလဲ။

ဖြေ။ ။ သတိပေးတယ်လို့ လုပ်ထုံးလုပ်နည်းအရတော့ လွှတ်တော် နည်းဥပဒေအရတော့ ပထမသတိ ပေးတယ်ပေါ့နော်။ဒုတိယတော့ မဟုတ်ဘူးနော် သူလိုအပ်လာလို့ရှိရင် ပထမသတိပေးတာမဟုတ်ပဲနဲ့ တိုက်ရိုက်ဆွေးနွေးမူကို ရပ်လိုက်နိုင်တယ်ပေါ့နော်။ နောက်ထပ်ပြစ်ဒဏ်တစ်ခု နောက်ထပ်တစ်ခုကျတော့ ဒီနေ့ဖို့ လုံးဝဆွေးနွေးဖို့ လုံးဝမပြုဘူးဆိုပြီး ပြစ်ဒဏ်ရှိတယ်။နောက်တစ်ခါကျတော့ အစည်းအဝေးခန်းမထဲ ကနေပြီးတော့ ဒီနေ့ဖို့ ချက်ချင်းထွက်သွားပေါ့။ ဒီပြစ်ဒဏ်ရှိတယ်။အမြင့်ဆုံးပြစ်ဒဏ်ကျတော့ ဒီလွှတ်တော်သက်တမ်း ၁၅ကြိမ်မြောက် လွှတ်တော်သက်တမ်းခေါ်နေတယ်။ ဒီ၁၅ ကြိမ်မြောက်သက်တမ်းအတွင်းမှာလုံးဝဆွေးနွေး ခွင့်မပြုဘူးပေါ့။အဲဒီလိုမျိုး ပြစ်ဒဏ်ကိုပေးလို့ရတယ် သို့သော် တစ်ဆင့်တစ်ဆင့်သွားတာမျိုးေပးရမယ်လို့တော့ မပါဘူးပေါ့ သူရဲ့ ဒီလုပ်ဆောင်ချက်ပေါ့မှာမူတည်ပြီးတော့ အမြင့်ဆုံးပြစ်ဒဏ်ကိုတစ်ခါတည်းပေးလို့ရတယ်။ အနိမ့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ တစ်ခါတည်းပေးလို့ရတယ် အဲဒီလိုမျိုး။

မေး။ ။ လွှတ်တော်ထဲမှာ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာသာရေး ကန့်သတ်ချက်ပေါ့၊ သမ္မတ အရည်အချင်းနဲ့ပတ်သက်ပြီး အဲလို ပြောတာတွေလည်းရှိနေတယ်။ အဲဒီလိုမဟုတ်ဘူးဆိုတာကိုလည်း ရန်ကုန် အမေရိကန်သံရုံးက Facebook က တစ်ဆင့် ပြန်ရှင်းတာရှိတယ်။ အဲဒီတော့ သိချင်တာက အချက်အလက်မှား ဆွေးနွေးတာမျိုးက ဘယ်လို သက်ရောက်မှုရှိလဲ။

ဖြေ။ ။လွှတ်တော် နည်းဥပဒေမှာကျတော့ ဆွေးနွေးတဲ့ကိုယ်စားလှယ်သည် မိမိဆွေးနွေးတဲ့အကြောင်းအရာ ပေါ့ မှန်ကန်ကြောင်းကိုမိမိသာမိမိတာဝန်ယူရတယ်။အဲဒါကျတော့ သူက ကျင့်ဝတ်သဘောမျိုးမိမိဆွေးေနွးတဲ့ ဟာကို မီဒီယာမှာလိုပေါ့။ ကိုယ်ရေးတာကိုယ်တာဝန်ယူပေါ့ တကယ်လို့ မှားခဲ့တယ်ဆိုလိုရှိရင်သဘောရိုးနဲ့အ ချက်အလက်ပိုင်းဆိုင်ရာမှားယွင်းတယ်ဆိုရင်တော့ ထိခိုက်မူလည်းမရှိဘူးဆိုရင် ဘာမှတုံပြန်မူပေါ့နော်။အရေး ယူဆောင်ရွက်မျိုးတော့မရှိဘူး။

အမေရိကန်နိုင်ငံနဲ့ ပတ်သတ်တဲ့ကိစ္စကို တင်ပြတယ် အချက်အလက်မှားယွင်းနေတယ်ပေါ့ သို့သော် ကျွန်တော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံကိုဆွေးနွေးတာ လည်းမဟုတ်တဲ့အခါကျတော့ ကန့်ကွက်ဖို့တော့ မသင့်တော်ဘူးပေါ့နော်။ ကျွန်တော်တို့ဘက်ကယူဆတာမှား တာကိုပဲ မှားတဲ့အကြောင်းကိုပဲထောက်ေပြာတယ်ပေါ့။ ကျန်တဲ့ဟာတွေတော့လွတ်လွတ်လပ်လပ်ပြောလို့ရ ပါတယ်။ အချက်အလက်ကတော့ ကိုယ်ဘာကိုယ့်တာဝန်ယူပေါ့။ကိုယ့်ရဲ့ အချက်အလက်မှားတယ်ဆိုလိုရှိရင် သိက္ခာကျဆင်းနိုင်တယ် ဒီလောက်ပါပဲ။

မေး။ ။ကြံ့ခိုင်ရေးအမတ်က အမေရိကန်ဖွဲ့စည်းပုံကို တင်ပြပြီး အချက်အလက်အမှားတွေနဲ့ တင်ပြတဲ့ဟာက သဘောတရားက ဒီဘက်က Constitutionပြင်တာနဲ့ လှမ်းချိတ်ဆက်ပြီးပြောတာဆိုတော့ ဒီလို အမှားက အမှားတွေဆွေးနွေးတာ သက်ရောက်မှုမရှိနိုင်ဘူးလား။

ဖြေ။ ။ ရည်ရွယ်ချက်ကတော့ ဘာသာရေးနဲ့ ပတ်သတ်ပြီးတော့ ပိုမိုပြင်းထန်တဲ့ တုံ့ပြန်ချက်မျိုးလိုအပ်တယ် လို့သဘောမျိုးကျွန်တော် နားလည်လိုက်တယ်ပေါ့နော်။ဘာသာရေးနဲ့ပတ်သတ်ပြီးတော့ မြန်မာနိုင်ငံမှာလည်း ဒီ၅၉ (စ) ပိုပြီးပြင်းထန်တဲ့ ပြဌာန်းချက်မျိုးလိုနေပြီဆိုတဲ့ သဘောမျိုးပြောချင်တာပေါ့နော္။

ကိုးကားပြီးတော့မှား နေတာပေါ့နော်။ အဲဒီလိုမျိုးရည်ရွယ်ပြီးတော့ ပြောတာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သူပြောချင်တာတော့ ၅၉(စ) ကို နိုင်ငံတော်သမ္မတအတွက် ကန့်သတ်ထားတဲ့ ကန့်သတ်ချက်ကို ဒီတပ်မတော်ဘက်ကတင်ထားတဲ့ထဲ မှာလည်းပါပါတယ်။ ပိုမိုပိုကျယ်ပြန့်စွာ အဓိပ္ပါယ်ဖွင့်ဆိုပြီးတော့ ဒီဝန်ကြီးတွေ ပြည်ထောင်စုဝန်ကြီးတွေနောက် တစ်ခါ ပြည်နယ်နဲ့ တိုင်းကဝန်ကြီး ချုပ်တွေကိုပါထပ်ပြီးတော့ပြဌာန်းဖို့ပေါ့နော်။

၅၉(စ) ကိုပုဒ်မတော့မ ဟုတ်ဘူးပေါ့။ အဲဒီပုဒ်မတော့ မဟုတ်ဘူး။ ၅၉( စ) မှာပါတဲ့ အရည်အချင်းကန့်သတ်ချက်တွေကို ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေအတွက်ပါထပ်ပြီးတော့ ပြဌာန်းဖို့ အဲဒီပုဒ်မ အခုလောလော ဆယ်မှာမရှိဘူး ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေက ၅၉(စ)ပြဌာန်းချက်မရှိဘူး။ အဲဒါကိုချဲ့ပြီးတော့ ပြဌာန်းဖို့ တပ်မတော်ဘက် တရားဝင်တင်ထားတာရှိတယ်လေ။ဒါကို ရည်ရွယ်ပြီးပြော ချင်တာ။

မေး။ ။တပ်မတော်ဘက်နဲ့ ကြံ့ခိုင်ရေးဘက်က ဖွဲ့စည်းပုံဥပဒေပြင်ဖို့ တင်းမာနေတာဆိုတော့ အခြေခံဥပဒေ ပြင်ဆင်ဖို့က လွယ်ပါဦးမလား။

ဖြေ။ ။လုံးဝ မပြင်နိုင်ဘူးတော့ မဟုတ်ပါဘူး။သို့သော် အရေးမကြီးတဲ့ အချက်တွေပြင်ပြီးတော့ပြည်သူ လူထုကတော့ ပြင်လိုက်ပြီးဆိုတာမျိုးလောက် နားလည်သွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်ပေါ့နော် ။ဘယ်လိုမျိုးအရေးမကြီးတဲ့ အချက်တွေပြင်လို့ိရနိုင်လည်းဆိုတော့ ဥပမာ မသန်စွမ်းကို မသန်မစွမ်းလို့ရေး ထားတဲ့ ဖွဲ့စည်းပုံထဲမှာရေးထားတာပါတာကို မသန်စွမ်းလို့ပြောင်းတာကို ခေတ်နဲ့ဆီလျော်အောင် ပြင်တာပေါ့။ အဲဒါမျိုးတွေ တပ်မတော်ဘက်က သဘောတူလာနိုင်တယ်။

နောက်တစ်ခါကျတော့ စာရင်းစစ်ချုပ်ရဲ့စာရင်း စစ်ချုပ်ကိုရွေးချယ်တဲ့ အခါမှာ နိုင်ငံတော် သမ္မတက ထင်ပေါ်ကျော်ကြားသူလို့ ယူဆရတဲ့ပါတဲ့ပုဒ်မကိုဖြုတ် တယ်ပေါ့။ ဒါကတော့ အရေးမကြီးပါဘူး။ထင်ပေါ်ကျော်ကြား နိုင်ငံတော်သမ္မတ ယူဆရင်ပြီးတာပါပဲ။ ထင်ပေါ် ကျော်ကြားသူစရာဘာညာမလိုဘူးေပါ့ ။အဲဒီလို ပုဒ်မတွေ အောင်မြင်နိုင်တယ်ပေါ့။ ဒါကသိပ်ပြီးတော့တိုင်းပြည် အပြောင်းအလဲဖြစ်မဲ့ ဟာတော့ မဟုတ်ဘူး။

နောက် ကျွန်တော်ယူဆတဲ့ဟာကတော့ ပိုပြီးနည်းအံဪစရာ ကောင်းတာက တပ်မတော်ဘက်ကတင်တဲ့ဟာတွေက အောင်မြင်နိုင်တဲ့ အခြေအနေမျိုးမှာရှိတယ်။

တချို့ ပုဒ်မတွေ ဘယ်လိုပုဒ်မမျိုးတွေလည်းဆိုတော့ တပ်မတော်ဘက်က နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်း တဲ့နေ့မှာရှိတဲ့ နယ်နမိတ်အတိုင်းနိုင်ငံတော်တည်ရှိတယ် နိုင်ငံတကာတရားရုံးတွေကနေပြီးတော့ ထပ်ပြီးတော့ အနိုင်ပေးလိုက်တဲ့ ပြဌာန်းချက်တွေ နောက်ထပ် အကြောင်းမျိုးစုံကြောင့်ထပ်မံရရှိလာမယ့် နယ်မြေတွေကိုထည့် သုံးဖို့ အတွက် အဲဒီအပေါ်မှာပြင်ဆင်ထားတာကို တပ်မတော်ဘက်ကတင်ထားတာရှိတယ်

အဲဒါမျိုး ဆီလျော်တဲ့ အတွက်ဒီဘက်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လိုက်လျောနိုင်တယ်။ တပ်မတော်ဘက်က တချို့အချက်တွေကို လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လိုက်လျောနိုင်သလို ဒီဘက်အဖွဲ့ချုပ်က တင်တဲ့ အချက်တွေကိုလည်း တပ်မတော်ဘက်က လိုက်လျောနိုင်တယ်။

ဒါပေမယ့် အဓိက ပြဿနာတက်နေတာက တပ်မတော်ကအမျိုး သားနိုင်ငံရေးမှာ အစဉ်တစိုက်ပါဝင်ရေးအချက်ကို တပ်မတော်လုံးဝဆုပ်ကိုင်ထားတယ်။ စပြောလိုက်ကတည်းက သဘောထားကို သိသွားပြီ။ ဒါကို ပြင်မပေးဘူး ဆိုလိုတာကတပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အချိုးကို လျှော့မပေးဘူး။

အရေးပေါ်ကာလာပြဌာန်းချက်တွေနဲ့ ပတ်သက်ပြီးတော့ လျှော့မပေး ဘူး။ နိုင်ငံတော်သမ္မတ အရည်အချင်းတွေနဲ့ ပတ်သက်ပြီးတော့ လျှော့မပေးဘူး။ အရေးကြီးတဲ့ အချက်တွေကို လည်း တစ်ခုမှလျှော့မပေးဘူး။ သို့သော် အရေးမကြီးတဲ့ အချက်တွေကို ပြင်လာနိုင်တယ်ပေါ့။ဒါပေမယ့်သို့သော် ပြည်သူလူထုက မသိတဲ့အခါကျတော့ ဘယ်လိုဖြစ်မလဲဆိုတော့ ဖွဲ့စည်းအခြေခံ ဥပဒေကို ပြင်လိုက်နိုင်တယ်။

တပ်မတော်ဘက်ကလည်း အကုန်လုံးကိုပယ်ချ မယ်လို့တော့မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ အခါကျတော့ သူတို့သိက္ခာကျသွားမယ်လေ။ တချို့ အချက်တွေကိုလိုက်လျောပြီးတော့ တချို့ အချက်တွေ ကိုမလိုက်လျောနိုင်ဘူး။

ဘယ်အချက်မလိုက်လျောမလဲဆိုရင် ခုကနကျွန်တော်ပြောသလို တပ်မတော်အမျိုး သားနိုင်ငံရေး ဦးဆောင်မူအခန်းကဏ္ဍနေပြီးတော့ အစဉ်တစိုက်ပါဝင်ရေးဆိုပြီးေတာ့ဒီအမျိုးသားညီလာခံထဲ ကကြွေးကြော်ခဲ့တဲ့ ကြွေးကြော်ချက်ကိုမှ တပ်မတော်ရပ်တည်ပေးထားတယ်ပေါ့။ လက်ရှိ ရှိနေတဲ့နေရာကနေပြီး တော့ နည်းနည်းမှ လျော့မပေးဘူး။ကျန်တာတွေတော့ မင်းတို့ပြင်ချင်ပြင်ဆိုတဲ့ သဘောမျိုးပေါ့ ဖြစ်လာနိုင်တယ်။

မေး။ ။အရေးမကြီးတဲ့အချက်တွေက ပြင်ရင်တောင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ရှိလာနိုင်လား။

ဖြေ။ ။လုပ်ထားတဲ့ တချို့အချက်တွေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ သွားရမဲ့အချက်တွေရှိတယ်တကယ်လို့ ပြင်နိုင်ခဲ့ရင်ပေါ့ သို့သော်ဖွဲ့စည်းပုံအခြေဥ ပဒေစရေးထဲက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ရလောက်တဲ့ပုဒ်မတွေ ကအရေးကြီးပုဒ်မတွေအဖြစ် ၄၃၆ ကမှာ ပြဌာန်းထားတာဖြစ်တဲ့အတွက် ၄၃၆ကမှာပါတဲ့အချက် တွေကို ပြင်ဖို့ မဖြစ်နိုင်သလောက်ကို ဖြစ်နေပြီ။ တပ်မတော်ရဲ့ သဘောထားကို သူတို့ကလည်းရှင်း ရှင်းပြောလိုက်ပြီလေ။

မပြင်နိုင်ဘူး နောက်ဆွေးနွေးစရာ တပ်မတော်သားကိုယ်စားလှယ်တွေအများကြီးကျန်ပါ သေးတယ်။ဒါပေမယ့် တပ်မတော်တစ်စုတစ်ဖွဲ့ တစ်သံတည်းပဲ ထွက်တာဆိုတော့ရှေ့ကတစ်ယောက်နှစ် ယောက်ပြောလိုက်ရင်ဒီသဘောထားသိနေပြီပဲဗျာ။ အဲဒီတော့ အရေးကြီးတဲ့ အချက်တွေကို ပြင်ဖို့ကတော့ မဖြစ်နိုင်သလောက်ကို ဖြစ်သွားပြီ။
By ရန်ကုန်ခေတ်သစ်

No comments:

Post a Comment

My Blog List