Tuesday, March 03, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖွဲ့စည်းပုံအခြေခံဥပဒေထက် ပိုမိုအာဏာသက်ရောက်ဆိုသည့် ဆွေးနွေးချက်အပါအဝင် ကိုယ်စားလှယ် ၂ ဦး၏ ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်

Image may contain: 5 people, text
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖွဲ့စည်းပုံအခြေခံဥပဒေထက် ပိုမိုအာဏာသက်ရောက်ဆိုသည့် ဆွေးနွေးချက်အပါအဝင် ကိုယ်စားလှယ် ၂ ဦး၏ ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ယနေ့တွင်ကြေညာသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင်းဆွေးနွေးသွားခဲ့သော ကိုယ်စားလှယ်အချို့အပေါ် ကန့်ကွက်မှုများရှိခဲ့သဖြင့်စိစစ်ခဲ့ကာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်ညီညွှတ်မှုမရှိသဖြင့် ထိုဆွေးနွေးချက်များကို ပယ်ဖျက်ခြင်းဖြစ်သည်ဟု နာယက က လွှတ်တော်ကို ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖွဲ့စည်းပုံအခြေခံဥပဒေထက် ပိုမိုအာဏာသက်ရောက်ဆိုသည့် ဆွေးနွေးချက်စကားရပ်ကို ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၂) ဦးစောယှားဖောင်အွာက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၎င်းက ခြေဥပုဒ်မအချို့ကို ထောက်ပြကာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဦးစောယှားဖောင်အွာ ဆွေးနွေးအပြီး တပ်မတော်ကိုယ်စားလှယ်တစ်ဦးကလည်း ထကန့်ကွက်ခဲ့သေးသည်။
နောက်ထပ် လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်ခြင်းခံခဲ့ရသည့် ဆွေးနွေးချက်မှာ ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဂျေယောဝူ ၏ ဆွေးနွေးချက်ဖြစ်ပြီး နာယက က ဦးဂျေယောဝူ ဆွေးနွေးချက်များထဲမှ “မကြာမှီအတည်ပြုတော့မယ့် စကားရပ်မှ ----ဆုံးရှုံးနိုင်တဲ့ကိန်းဆိုက်မှာ ဆိုတဲ့ စကားရပ်”အထိ ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။
ဦးဂျေယောဂူ၏ ဆွေးနွေးချက်ထဲမှ အချို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်က ထကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List