Wednesday, March 04, 2020

ဂူးဂဲလ်၊ တွစ်တာနှင့် Coinbase ကုမ္ဗဏီဝန်ထမ်းများ အိမ်မှသာ အလုပ်လုပ်ကြရန် တိုက်တွန်းညွှန်ကြား

Image may contain: sky and outdoor
အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့ ဂူးဂဲလ်ကုုမ္ဗဏီ၏ ဥရောပတိုက်ဆိုင်ရာရုံးချုပ်ရှိ ဝန်ထမ်းတစ်ဦးတွင် တုပ်ကွေးနှင့်ဆင်တူသော ရောဂါလက္ခဏာတွေ့ရှိရကြောင်း သတင်းပို့ချက်ရရှိပြီးနောက် ယင်းရုံးရှိ ဝန်ထမ်းများအား မတ်လ(၂)ရက် အင်္ဂါနေ့မှစတင်၍ အိမ်မှသာအလုပ်လုပ်ကြရန် ဂူးဂဲလ်က တိုက်တွန်းခဲ့သည်။ ယင်းရုံးချုပ်တွင် ဝန်ထမ်းပေါင်း ၈၀၀၀ ခန့်ရှိသည်။

ထို့အတူပင် တွစ်တာကုမ္ဗဏီကလည်း ကမ္ဘာတစ်ဝန်းရှိ တွစ်တာကုမ္ဗဏီဝန်ထမ်းများအားလုံး မတ်လ(၂)ရက် အင်္ဂါနေ့မှစတင်၍ အိမ်မှသာအလုပ်လုပ်ကြရန် ယင်းကုမ္ဗဏီ၏ HR ဌာနမှူးက ယမန်နေ့က တိုက်တွန်းညွှန်ကြားခဲ့သည်။ တွစ်တာကုမ္ဗဏီတွင် ဝန်ထမ်းပေါင်း ၅၀၀၀ ခန့်ရှိကြောင်းသိရသည်။
အလားတူပင် အွန်လိုင်းမှအသုံးပြုသည့် Cryptocurrency ငွေကြေးများကို လဲလှယ်ပေးသည့် Coinbase ကုမ္ဗဏီကလည်း သူ၏ ဝန်ထမ်းများအားလုံး မတ်လ(၂)ရက်နေ့မှစ၍ တိုက်တွန်းညွှန်ကြားခဲ့ကြောင်းသိရသည်။
အဆိုပါညွှန်ကြားချက်အားလုံး၏ ရည်ရွယ်ချက်မှာ COVID-19 ပြန့်နှံ့မှုကို ထိန်းချုပ်ရန်နှင့် လျော့ကျသွားစေရန်အတွက်ဖြစ်ကြောင်း ကုမ္ဗဏီအသီးသီးမှ တာဝန်ရှိသူများကဆိုကြသည်။
Source: Business Insider
Ref: Google, Coinbase, and Twitter are all telling some employees to work from home this week amid the spread of coronavirus

(Zawgyi)
ဂူးဂဲလ်၊ တွစ်တာနှင့် Coinbase ကုမ္ဗဏီဝန်ထမ်းများ အိမ်မှသာ အလုပ်လုပ်ကြရန် တိုက်တွန်းညွှန်ကြား
ဒဗ္ဗလင်၊ မတ် ၄
အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့ ဂူးဂဲလ်ကုမ္ဗဏီ၏ ဥရောပတိုက်ဆိုင်ရာ ရုံးချုပ်ရှိ ဝန်ထမ်း တစ်ဦးတွင် တုပ်ကွေးနှင့်ဆင်တူသော ရောဂါလက္ခဏာတွေ့ရှိရကြောင်း သတင်းပို့ချက်ရရှိပြီးနောက် ယင်းရုံးရှိ ဝန်ထမ်းများအား မတ်လ(၂)ရက် အင်္ဂါနေ့မှစတင်၍ အိမ်မှသာအလုပ်လုပ်ကြရန် ဂူးဂဲလ်က တိုက်တွန်းခဲ့သည်။ ယင်းရုံးချုပ်တွင် ဝန်ထမ်းပေါင်း ၈၀၀၀ ခန့်ရှိသည်။
ထို့အတူပင် တွစ်တာကုမ္ဗဏီကလည်း ကမ္ဘာတစ်ဝန်းရှိ တွစ်တာကုမ္ဗဏီဝန်ထမ်းများအားလုံး မတ်လ(၂)ရက် အင်္ဂါနေ့မှစတင်၍ အိမ်မှသာအလုပ်လုပ်ကြရန် ယင်းကုမ္ဗဏီ၏ HR ဌာနမှူးက ယမန်နေ့က တိုက်တွန်းညွှန်ကြားခဲ့သည်။ တွစ်တာကုမ္ဗဏီတွင် ဝန်ထမ်းပေါင်း ၅၀၀၀ ခန့်ရှိကြောင်းသိရသည်။
အလားတူပင် အွန်လိုင်းမှအသုံးပြုသည့် Cryptocurrency ငွေကြေးများကို လဲလှယ်ပေးသည့် Coinbase ကုမ္ဗဏီကလည်း သူ၏ ဝန်ထမ်းများအားလုံး မတ်လ(၂)ရက်နေ့မှစ၍ တိုက်တွန်းညွှန်ကြားခဲ့ကြောင်းသိရသည်။
အဆိုပါညွှန်ကြားချက်အားလုံး၏ ရည်ရွယ်ချက်မှာ COVID-19 ပြန့်နှံ့မှုကို ထိန်းချုပ်ရန်နှင့် လျော့ကျသွားစေရန်အတွက်ဖြစ်ကြောင်း ကုမ္ဗဏီအသီးသီးမှ တာဝန်ရှိသူများကဆိုကြသည်။
Source: Business Insider
Ref: Google, Coinbase, and Twitter are all telling some employees to work from home this week amid the spread of coronavirus

No comments:

Post a Comment

My Blog List