Wednesday, January 29, 2020

ပညာရေးအခမ်းအနားတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောစဉ် ကျောင်းသား အချို့ ဆန္ဒထုတ်ဖော်


Image may contain: 1 person, flower and plant
ပညာရေးဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ် ကျောင်းသားအချို့ စာတမ်းများ ကိုင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC2)တွင် ကျင်းပနေသည့် “ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲ(အခြေခံပညာကဏ္ဍ)တွင် “မတ်လကုန်ထိ စာမေးပွဲစစ်ခြင်းဖြင့် နိုင်ငံ စီးပွားတက်နိုင်ပါသလား၊ စီမံခန့်ခွဲမှုအလွဲများအား ချက်ချင်းပြုပြင်ပေး သုတေသန မရှိသော အစမ်းသပ်ခံပညာရေးစနစ် အလိုမရှိ” စသည့် စာတမ်းများကိုင်ကာ ကျောင်းသားအချို့အသံတိတ် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားမှုကို ခေတ္တနားပြီး ဆန္ဒထုတ်ဖော်သူများကို ဆိုင်းဘုတ်ကိုင်ပြခြင်းထက် တင်ပြနိုင်သည့် အခွင့်အလမ်းများအများကြီးရှိကြောင်း၊ တင်ပြနိုင်သည့်ပုံစံများလည်း အများကြီး ရှိကြောင်း နှင့် အခမ်းအနားများကို အလွဲသုံးစားမလုပ်ရန် ပြောကြားခဲ့သည်။

“ဒီလို အခမ်းအနားတွေကို ကိုယ့်အတွက်၊ ကိုယ့်အဖွဲ့အတွက်၊ ကိုယ်တယောက် တည်းရဲ့ အမြင်အတွက် အသုံးမချပါနဲ့။ ဒါဟာ လုံးဝဖြစ်သင့်တဲ့ကိစ္စ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာ အခွင့်အရေးရှိသလို တာဝန်ရှိတယ်ဆိုတာကိုလည်း သိရပါမယ်။ စည်းကမ်းဆိုတာကလည်း ကိုယ့်စည်းကိုယ်ထိန်းရပါမယ်။ အနောက်ကနေ ဘာတွေပဲထောင်ပြ ထောင်ပြ ဒီက မမြင်ရပါဘူး။ မမြင်ရတော့လည်း ဘာမှထူးမှာ မဟုတ်ပါဘူး။ တင်ပြချင်ရင် တင်ပြနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ တင်ပြနိုင်တဲ့ပုံစံတွေ ရှိတယ်။ ဒါကို ပွင့်ပွင့်လင်းလင်း ကိုယ့်နာမည်ကိုယ်ထိုးပြီးတော့ ကိုယ့်ရဲ့အမြင်တွေကို တင်ပြနိုင်ပါတယ်။ ဒီလို အခမ်းအနားတွေကို အလွဲသုံးစား မလုပ်ပါနဲ့။ လူတိုင်းလူတိုင်းဟာ ကိုယ့်စည်းကိုယ်စောင့်ဖို့ အင်မတန်မှ အရေးကြီး ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်

ထို့အတူ အခွင့်အရေးရှိသကဲ့သို့ တာဝန်လည်း ရှိကြောင်း အခွင့်အရေးကို ကြည့်ပြီး တာဝန်ကိုမလေးစားပါက နိုင်ငံဘယ်တော့မှ တိုးတက်နိုင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

The Ladies News
ပညာရေးအခမ်းအနားတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောစဉ် ကျောင်းသား အချို့ ဆန္ဒထုတ်ဖော်
--- --- ---
အခမ်းအနားများကို အလွဲသုံးစားမလုပ်ရန်နှင့် ကိုယ့်စည်းကိုယ်စောင့်ရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြာ
--- --- ---
ပညာရေးဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ် ကျောင်းသားအချို့ စာတမ်းများ ကိုင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC2)တွင် ကျင်းပနေသည့် “ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲ(အခြေခံပညာကဏ္ဍ)တွင် “မတ်လကုန်ထိ စာမေးပွဲစစ်ခြင်းဖြင့် နိုင်ငံ စီးပွားတက်နိုင်ပါသလား၊ စီမံခန့်ခွဲမှုအလွဲများအား ချက်ချင်းပြုပြင်ပေး သုတေသန မရှိသော အစမ်းသပ်ခံပညာရေးစနစ် အလိုမရှိ” စသည့် စာတမ်းများကိုင်ကာ ကျောင်းသားအချို့အသံတိတ် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

နိုငျငံတောျအတိုငျပငျခံပုဂ်ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားမှုကို ခေတ္တနားပြီး ဆန္ဒထုတ်ဖော်သူများကို ဆိုင်းဘုတ်ကိုင်ပြခြင်းထက် တင်ပြနိုင်သည့် အခွင့်အလမ်းများအများကြီးရှိကြောင်း၊ တင်ပြနိုင်သည့်ပုံစံများလည်း အများကြီး ရှိကြောင်း နှင့် အခမ်းအနားများကို အလွဲသုံးစားမလုပ်ရန် ပြောကြားခဲ့သည်။

“ဒီလို အခမ်းအနားတွေကို ကိုယ့်အတွက်၊ ကိုယ့်အဖွဲ့အတွက်၊ ကိုယ်တယောက် တည်းရဲ့ အမြင်အတွက် အသုံးမချပါနဲ့။ ဒါဟာ လုံးဝဖြစ်သင့်တဲ့ကိစ္စ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာ အခွင့်အရေးရှိသလို တာဝန်ရှိတယ်ဆိုတာကိုလည်း သိရပါမယ်။ စည်းကမ်းဆိုတာကလည်း ကိုယ့်စည်းကိုယ်ထိန်းရပါမယ်။ အနောက်ကနေ ဘာတွေပဲထောင်ပြ ထောင်ပြ ဒီက မမြင်ရပါဘူး။ မမြင်ရတော့လည်း ဘာမှထူးမှာ မဟုတ်ပါဘူး။ တင်ပြချင်ရင် တင်ပြနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ တင်ပြနိုင်တဲ့ပုံစံတွေ ရှိတယ်။ ဒါကို ပွင့်ပွင့်လင်းလင်း ကိုယ့်နာမည်ကိုယ်ထိုးပြီးတော့ ကိုယ့်ရဲ့အမြင်တွေကို တင်ပြနိုင်ပါတယ်။ ဒီလို အခမ်းအနားတွေကို အလွဲသုံးစား မလုပ်ပါနဲ့။ လူတိုင်းလူတိုင်းဟာ ကိုယ့်စည်းကိုယ်စောင့်ဖို့ အင်မတန်မှ အရေးကြီး ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ထို့အတူ အခွင့်အရေးရှိသကဲ့သို့ တာဝန်လည်း ရှိကြောင်း အခွင့်အရေးကို ကြည့်ပြီး တာဝန်ကိုမလေးစားပါက နိုင်ငံဘယ်တော့မှ တိုးတက်နိုင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

The Ladies News

No comments:

Post a Comment

My Blog List