Wednesday, January 29, 2020

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်ပြင်ဆင်ရေးပူးပေါင်းကော်မတီကို သက်တမ်းအရ ရုပ်သိမ်းခြင်းဖြစ်ဟု ဆို

Image may contain: text

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်ပြင်ဆင်ရေးပူးပေါင်းကော်မတီကို သက်တမ်းအရရုပ်သိမ်းခြင်း ဖြစ်ကြောင်း ယင်းကော်မတီ၏အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ရုပ်သိမ်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးအမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၀) ဖြင့် ဇန်နဝါရီလ ၂၈ ရက်၌ ထုတ်ပြန်လိုက်ခြင်းအပေါ်ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ အဲဒါကဖွဲ့စည်းမိန့်အရရုပ်သိမ်းတာပဲလေ။ ဖွဲ့စည်းအမိန့်ထဲမှာပါပြီးသားပဲလေ။ အဲဒီကော်မတီရဲ့ သက်တမ်းက လွှတ်တော်ကိုဥပဒေမူကြမ်းများတင်သွင်းပြီးချိန်အထိသာဖြစ်ရမည်ဆိုတာ လွှတ်တော်မှာဖွဲ့စည်းတဲ့ကော်မတီတိုင်းကသက်တမ်းရှိတယ်။ သက်တမ်းအရရုပ်သိမ်းတာပါ။ ဘာမှမဟုတ်ဘူးခင်ဗျ၊ သူရဲ့အလုပ်တာဝန်ပြီးသွားပြီလေဗျ” ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)ပြင်ဆင်ရေးပူးပေါင်း ကော်မတီကို ပြည်ထောင်စုလွှတ်တော်ရုံး၏ ၁၉-၂-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၁၉) နှင့် ၂၁-၂-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၆/၁၉) တို့ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယခုအခါကော်မတီ၏လုပ်ငန်းတာဝန်များဆောင်ရွက်ပြီးစီးပြီဖြစ်၍ အဆိုပါကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ခြင်းကို ရုပ်သိမ်းကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
Image may contain: one or more people, people sitting and indoor
Image may contain: 3 people, people sitting and indoor
ကျော်ကြားဟိန်း(အကုန်သိသတင်းဌာန)
Unicode Version
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်ပြင်ဆင်ရေးပူးပေါင်းကော်မတီကို သက်တမ်းအရ ရုပ်သိမ်းခြင်းဖြစ်ဟု ဆို


ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်ပြင်ဆင်ရေးပူးပေါင်းကော်မတီကို သက်တမ်းအရရုပ်သိမ်းခြင်း ဖြစ်ကြောင်း ယင်းကော်မတီ၏အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ရုပ်သိမ်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးအမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၀) ဖြင့် ဇန်နဝါရီလ ၂၈ ရက်၌ ထုတ်ပြန်လိုက်ခြင်းအပေါ်ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ အဲဒါကဖွဲ့စည်းမိန့်အရရုပ်သိမ်းတာပဲလေ။ ဖွဲ့စည်းအမိန့်ထဲမှာပါပြီးသားပဲလေ။ အဲဒီကော်မတီရဲ့ သက်တမ်းက လွှတ်တော်ကိုဥပဒေမူကြမ်းများတင်သွင်းပြီးချိန်အထိသာဖြစ်ရမည်ဆိုတာ လွှတ်တော်မှာဖွဲ့စည်းတဲ့ကော်မတီတိုင်းကသက်တမ်းရှိတယ်။ သက်တမ်းအရရုပ်သိမ်းတာပါ။ ဘာမှမဟုတ်ဘူးခင်ဗျ၊ သူရဲ့အလုပ်တာဝန်ပြီးသွားပြီလေဗျ” ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)ပြင်ဆင်ရေးပူးပေါင်း ကော်မတီကို ပြည်ထောင်စုလွှတ်တော်ရုံး၏ ၁၉-၂-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၁၉) နှင့် ၂၁-၂-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၆/၁၉) တို့ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယခုအခါကော်မတီ၏လုပ်ငန်းတာဝန်များဆောင်ရွက်ပြီးစီးပြီဖြစ်၍ အဆိုပါကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ခြင်းကို ရုပ်သိမ်းကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

ကျော်ကြားဟိန်း(အကုန်သိသတင်းဌာန)

No comments:

Post a Comment

My Blog List