Monday, January 27, 2020

ဆံပင်ရှည်နဲ့ဆိုရင် အချိန်ကြာလို့ ခေါင်းတုံးတုံးပစ်ခဲ့တဲ့ ဝူဟန်မြို့က သူနာပြု

Image may contain: 3 people, selfie and closeup
ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနှိမ်နင်းဖို့ ကြိုးစားရာမှာ အချိန်ကုန်သက်သာစေဖို့အတွက် ဝူဟန်တက္ကသိုလ်၊ ရန်မင်းဆေးရုံက အသက်(၃၀)အရွယ် သူနာပြု ရှန်ရှားက သူ့ရဲ့ဆံပင်ရှည်ကြီးကို စွန့်ပယ်ပြီး ခေါင်းတုံးတုံးပစ်ခဲ့ပါတယ်။ 

အကာအကွယ်ဝတ်စုံ ဝတ်တဲ့အခါ ဒါမှမဟုတ် ချွတ်တဲ့အခါမှာ ဆံပင်ရှည်ကြီးနဲ့ဆိုရင် အချိန်ပိုကြာပြီး ဆံပင်ကတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်တာမျိုး မဖြစ်အောင် ခေါင်းတုံးတုံးပစ်ခဲ့တာလို့ ရှန်ရှားက ပြောပါတယ်။
ဝူဟန်မြို့ကနေ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ၈၀ ရှိလာပြီး လူ ၃၀၀၀ နီးပါး ကူးစက်ခံထားရပါတယ်။ တရုတ်နိုင်ငံဟာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်ဖို့ အတွက် ဟူပေပြည်နယ်တစ်ဝိုက်က မြို့ပေါင်း(၁၅)မြို့မှာ ခရီးသွားလာမှုတွေ လုံးဝ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းပိတ်ပင်ထားလို့ လူပေါင်း သန်း(၆၀)လောက် ပိတ်ဆို့ခံထားရပါတယ်။
Ref: Chinadaily
Nz (ရိုးရာလေး)

No comments:

Post a Comment

My Blog List