Monday, January 27, 2020

NLDပါတီဝင်အဖြစ်ရုပ်သိမ်းခံရသည့် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ဒေါ်သက်သက်ခိုင် ရဲ့(PPP )ပါတီကိုဝင်သွားပြီ

Image may contain: 3 people, people sitting, screen and indoor
NLDပါတီမှပါတီဝင်အဖြစ်ရုပ်သိမ်းခံရသည့်တိုင်း‌ ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျ သည် ဒေါ်သက်သက်ခိုင်ထူထောင်သည့် (PPP )ပါတီသို့ဝင်‌ ရောက်သွားပြီဖြစ်ကြောင်းကနဦးသတင်းအရသိရသည်။

ဇန်နဝါရီလ ၂၇ရက် ရန်ကုန်တိုင်းတိုင်းဒေသကြီးလွှတ်တော်ပြန်စချိန်တွင် (PPP )ပါတီ၏ ဝတ်စုံကိုဝတ်ဆင်ကာ လွှတ်တော်တက်ရောက်သွားမည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။
"PPP ပါတီက မနက်ဖြန်လွှတ်တော် တက်ရောက်ပါက သူတို့ရဲ့ဝတ်စုံတိုက်ပုံလေးကိုဝတ်ဆင်ပေးဖို့ မှာကြားကာပေးအပ်ခဲ့ပါတယ်ခင်ဗျာ။နွေးထွေး ပျူငှာစွာ ကြိုဆိုလို့ကျေးဇူးအထူးတင်ပါတယ်။အရင်ကတော့ "ပြောင်းလဲချိန်တန်ပြီ"ဆို
တာက ပါတီရဲ့မူအရ အဓိက၊ အခုတော့ ပြည်သူ့ရှေ့ဆောင်PPPပါတီ အတွက် ကျွန်တော်အကြံပြုလိုတဲ့ဆောင်ပုဒ်က"ဝတ်ကောင်းစားလှ အိပ်ရေးဝဖို့" ပီပီပီကို ဝင်ကြစို့ဟု ဖြစ်ပါတယ် ခင်ဗျား။ အခြေခံဖြစ်တဲ့ စား ဝတ် နေ ရေးကအဓိကမဟုတ်လား ဗျာ"ဟု၎င်းကရေးသားထားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ၂၀၂၀ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅၀မှ ၇၀ကြားထိ ဝင်ပြိုင်ရန် ဆုံးဖြတ်ထား‌ ကြောင်း ပါတီဥက္ကဌ ဒေါက်တာသက်သက်ခိုင်ကပြောကြားထားသည်။
လူသား

No comments:

Post a Comment

My Blog List