Thursday, January 30, 2020

ဦးကိုနီနှင့်ကိုနေဝင်းတို့၏ သုံးနှစ်ပြည့် အောက်မေ့ဖွယ်ဂုဏ်ပြုအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သဝဏ်လွှာပေးပို့


Image may contain: 1 person
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမမှာ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ နဲ့ အဌားယာဉ်မောင်း ကိုနေဝင်း ကျဆုံးခြင်း (၃) နှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်း အနားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ 
အတိုင်ပင်ခံရဲ့ သဝဏ်လွှာကို ရတနာမြေ လူမှုဖွံ့ဖြိုးရေး အသင်း၊ ဒါရိုက်တာ ဒေါက်တာနှင်းအေးကိုက ဖတ်ကြားခဲ့ပါတယ်။ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်၊ ဒေါက်တာမျိုးညွန့်၊ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Mariciel၊ ဦးကိုနီနဲ့ ကိုနေဝင်းတို့ရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ပါတယ်။

သတင်း - ဝေယဲထက်ဝင်း

No comments:

Post a Comment

My Blog List