Thursday, January 30, 2020

မွန်ပြည်နယ် ရေးမြို့တွင် တည်ဆောက်ထားသည့် အာဇာနည်ဗိမ္မာန် ဖျက်ဆီးခံရ

Image may contain: outdoor
မွန်ပြည်နယ်၊ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ အ.ထ.က(၁)ကျောင်း ဘောလုံးကွင်းမှာရှိတဲ့ အာဇာနည်ဗိမာန်က လက်ရန်းနဲ့ သံကြိုးတွေ ဇန်နဝါရီ ၂၉ ရက် ညပိုင်းက ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ယခုလို ဖျက်ဆီးခံခဲ့ရတာဟာ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ထင်မြင်ယူဆနေကြပြီး တရားခံကို အမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာကို တိုက်တွန်း ပြောခဲ့ပါတယ်။
ရန်မျိုးအောင်ရပ်ကွက်နေ ရပ်မိရပ်ဖ တဦးက ”အရင်ညတွေကလည်း အဲဒီနေရာက ဆူညံနေတာပဲ၊ အရက်သောက်သူတွေ၊ ဆေးရှူသူတွေ၊ အတွဲချိန်းသူတွေနဲ့ ခုလို လက်ရန်းတွေကို ထုရိုက်ဖြိုဖျက်နေတာတွေကို ပုံမှန်အတိုင်းပဲထင်ပြီးတော့ သတိမပြုမိလိုက်တာလည်းပါမယ်။ အနီးမှာက ဘုန်းကြီးကျောင်းပဲရှိပြီးတော့ အိမ်တွေနဲ့ဝေးတာကိုး၊ ခုလို ကွန်ကရစ်တိုင်ကိုဖျက်ဆီး သံကြိုးတွေကိုစုပုံထားတာကတော့ ရည်ရွယ်ချက်ရှိရှိ လူအများနဲ့လုပ်သွားတာလို့ ထင်ပါတယ်။ အားလုံးကလည်း တရားခံကို အမြန်ဆုံး ဖော်ထုတ်ပေးစေချင်နေကြတယ်”လို့ ပြောပါတယ်။
ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းကတော့ ၁၉၄၇ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေနဲ့ မြို့နယ်စည်ပင်ကအမှုဖွင့်ဖို့ ဆောင်ရွက်နေပြီလို့ ပြောပါတယ်။
အဲဒီအာဇာနည်ဗိမာန်ကို မြို့မိမြို့ဖ ထည့်ဝင်လှူဒါန်းငွေနဲ့ မြို့နယ်စည်ပင်ထည့်ဝင်ငွေ စုစုပေါင်း ကျပ်သိန်း ၃၀၀ ကျော်နဲ့ ၂၀၁၇ ခုနှစ်က အသစ်ပြန်လည်တည်ဆောက်ထားတာပါ။
Image may contain: outdoor
Image may contain: outdoor
Image may contain: outdoor
သတင်း- ဝင်းနိုင်သက်
<<Zawgyi>>
မွန်ပြည်နယ် ရေးမြို့တွင် တည်ဆောက်ထားသည့် အာဇာနည်ဗိမ္မာန် ဖျက်ဆီးခံရ
Thursday ,January 30 , 2020
မွန်ပြည်နယ်၊ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ အ.ထ.က(၁)ကျောင်း ဘောလုံးကွင်းမှာရှိတဲ့ အာဇာနည်ဗိမာန်က လက်ရန်းနဲ့ သံကြိုးတွေ ဇန်နဝါရီ ၂၉ ရက် ညပိုင်းက ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ယခုလို ဖျက်ဆီးခံခဲ့ရတာဟာ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ထင်မြင်ယူဆနေကြပြီး တရားခံကို အမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာကို တိုက်တွန်း ပြောခဲ့ပါတယ်။
ရန်မျိုးအောင်ရပ်ကွက်နေ ရပ်မိရပ်ဖ တဦးက ”အရင်ညတွေကလည်း အဲဒီနေရာက ဆူညံနေတာပဲ၊ အရက်သောက်သူတွေ၊ ဆေးရှူသူတွေ၊ အတွဲချိန်းသူတွေနဲ့ ခုလို လက်ရန်းတွေကို ထုရိုက်ဖြိုဖျက်နေတာတွေကို ပုံမှန်အတိုင်းပဲထင်ပြီးတော့ သတိမပြုမိလိုက်တာလည်းပါမယ်။ အနီးမှာက ဘုန်းကြီးကျောင်းပဲရှိပြီးတော့ အိမ်တွေနဲ့ဝေးတာကိုး၊ ခုလို ကွန်ကရစ်တိုင်ကိုဖျက်ဆီး သံကြိုးတွေကိုစုပုံထားတာကတော့ ရည်ရွယ်ချက်ရှိရှိ လူအများနဲ့လုပ်သွားတာလို့ ထင်ပါတယ်။ အားလုံးကလည်း တရားခံကို အမြန်ဆုံး ဖော်ထုတ်ပေးစေချင်နေကြတယ်”လို့ ပြောပါတယ်။
ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းကတော့ ၁၉၄၇ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေနဲ့ မြို့နယ်စည်ပင်ကအမှုဖွင့်ဖို့ ဆောင်ရွက်နေပြီလို့ ပြောပါတယ်။
အဲဒီအာဇာနည်ဗိမာန်ကို မြို့မိမြို့ဖ ထည့်ဝင်လှူဒါန်းငွေနဲ့ မြို့နယ်စည်ပင်ထည့်ဝင်ငွေ စုစုပေါင်း ကျပ်သိန်း ၃၀၀ ကျော်နဲ့ ၂၀၁၇ ခုနှစ်က အသစ်ပြန်လည်တည်ဆောက်ထားတာပါ။
သတင်း- ဝင်းနိုင်သက် 

No comments:

Post a Comment

My Blog List