Friday, January 31, 2020

စာမေးပွဲကာလပြင်ဆင်နောက်ဆုတ်ခြင်းကို ရန်ကင်းပညာရေးကောလိပ်ကျောင်းသားများကန့်ကွက်

Image may contain: 6 people, people standing
ယခုစာသင်နှစ်ကာလတွင် အခြေခံပညာစာမေးပွဲကာလကို ပြင်ဆင်နောက်ဆုတ်ခြင်းအား ကန့်ကွက်ဆန္ဒပြသည့် လှုပ်ရှားမှုတခုကို ရန်ကုန်မြို့တွင် ရန်ကင်းပညာရေးကောလိပ်မှ ကျောင်းသား၊ကျောင်းသူများက ပြုလုပ်ခဲ့သည်။
ကျောင်းသားကျောင်းသူဦးရေ ၄၀၀ ခန့်သည် ရန်ကင်းပညာရေးကောလိပ်အတွင်းမှ ရန်ကင်းမြို့နယ် ပညာရေးမှူးရုံးရှေ့အထိ လမ်းလျှောက်ချီတတ်ကာ ဟစ်ကြွေးသံများဖြင့် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
အခြေခံပညာ စာမေးပွဲကာလ ပြင်ဆင်နောက်ဆုတ်ခြင်းအား ပြန်လည်ဖျက်သိမ်းပေးရေး၊ လုပ်ငန်းခွင်အခြေပြု ပညာရေးမြှင့်တင်မှု ဖော်ဆောင်ရေး၊ ဒီမိုကရေစီဆန်သော ပညာရေးစနစ် ဖော်ဆောင်ရေး၊ သုတေသနကို အခြေမခံသော ပညာရေးစနစ် အလိုမရှိ၊ အောက်ခြေအသံနားမထောင်သော ပညာရေးအကြီးအကဲများ အလိုမရှိ ၊ အာဏာရှင်ဆန်သော ပညာရေးပြောင်းလဲမှု အလိုမရှိ စသည့် ဟစ်ကြွေးသံများဖြင့် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
Image may contain: sky, tree, house and outdoor
Image may contain: 6 people, people standing and outdoor
Image may contain: 6 people, people standing and outdoor
Image may contain: 2 people, outdoor
ဓာတ်ပုံ-စိုင်းဇော်/Myanmar Now

No comments:

Post a Comment

My Blog List