Monday, January 27, 2020

တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ (PPP)ပါတီ ဝတ်စုံဖြင့်လွှတ်တော်တက်ရောက်

Image may contain: 1 person, standing and hat
ဒဂုံမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်( ၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျသည် ယနေ့ဇန်နဝါရီ လ ၂၇ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်း အဝေးသို့ ပြည်သူရှေဆောင်ပါတီ (PPP)ဝတ်စုံ ဖြင့် တက်ရောက်ခဲ့သည်။

ဒဂုံ မြို့နယ် ၊မဲဆန္ဒနယ်အမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ရက်တွင် အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပါတီဝင်အဖြစ်မှရုပ်သိမ်းလိုက်ခံခဲ့ရပြီးနောက် ယခုကဲ့သို့ ပါတီအထိမ်းအမှတ်ဝတ်စုံအား ပြောင်းလဲဝတ်ဆင်ကာ လွှတ်တော်တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဒဂုံ မြို့နယ် ၊မဲဆန္ဒနယ်အမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ရက်က ကျင်းပပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီဝင်အဖြစ်မှ ရုပ်သိမ်းခဲ့ပြီး ၂၁ရက် တွင် ထုတ်ပယ်ကြောင်း အကြောင်းကြားကို ပါတီမှထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) အလုပ်အမှုဆောင်အဖွဲ့၏ ထုတ်ပြန်ချက် အရသိရသည်။
အဖြူရောင်
Isee Media
<Zawgyi>
တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ (PPP)ပါတီ ဝတ်စုံဖြင့်လွှတ်တော်တက်ရောက်

ဇန်နဝါရီ ၂၇
ဒဂုံမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်( ၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျသည် ယနေ့ဇန်နဝါရီ လ ၂၇ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်း အဝေးသို့ ပြည်သူရှေဆောင်ပါတီ (PPP)ဝတ်စုံ ဖြင့် တက်ရောက်ခဲ့သည်။
ဒဂုံ မြို့နယ် ၊မဲဆန္ဒနယ်အမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ရက်တွင် အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပါတီဝင်အဖြစ်မှရုပ်သိမ်းလိုက်ခံခဲ့ရပြီးနောက် ယခုကဲ့သို့ ပါတီအထိမ်းအမှတ်ဝတ်စုံအား ပြောင်းလဲဝတ်ဆင်ကာ လွှတ်တော်တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဒဂုံ မြို့နယ် ၊မဲဆန္ဒနယ်အမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ရက်က ကျင်းပပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီဝင်အဖြစ်မှ ရုပ်သိမ်းခဲ့ပြီး ၂၁ရက် တွင် ထုတ်ပယ်ကြောင်း အကြောင်းကြားကို ပါတီမှထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) အလုပ်အမှုဆောင်အဖွဲ့၏ ထုတ်ပြန်ချက် အရသိရသည်။
အဖြူရောင်

No comments:

Post a Comment

My Blog List