Wednesday, January 29, 2020

ပညာရေးစနစ်သည် ဉာဏ်ပညာအမြော်အမြင်ရှိစေရန် ဦးတည်နေသည့် စနစ်ဖြစ်ရန်အရေးကြီး


Image may contain: 1 person, standing and flower
ပညာရေးစနစ်သည် ဉာဏ်ပညာအမြော်အမြင်ရှိစေရန် ဦးတည်နေသည့် စနစ်ဖြစ်ရန်အရေးကြီးကြောင်း ပညာနှင့် အမြောက်အမြင်ကို နည်းနည်း ခွဲခြားပြီး သတိပြုစေချင်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၂၈ ရက်တွင်ပြောသည်။
၂၀၂၀ပြည့်နှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ေရး နှီးနှော ဖလှယ်ပွဲ(အခြေခံပညာကဏ္ဍ) အခမ်းအနား သို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြား စဉ် ယင်းသို့ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပညာဆိုတာကတော့ သင်ယူလို့ရတယ်။ အမြော်အမြင်ကတော့ ဒီပညာပေါ်မှာအခြေခံပြီးတော့ နောင်ဘာဖြစ်နိုင်တယ်၊ ဖြစ်လာတဲ့ ကိစ္စတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို မြော်မှန်းနိုင်တဲ့ အရည်အချင်းလို့ပဲ ကျွန်မကတော့မြင်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကမ္ဘာ့ပညာရှင်များ၏ လေ့လာချက်အရ “ပညာရေးသည် ကမ္ဘာကို အကောင်းဆုံးတည်ဆောက်နိုင်သည့်အရာ’ဟုမှတ် သားရကြောင်း နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရန် ယင်းနိုင်ငံတွင်ရှိသည့် နိုင်ငံသားများ၏ အသိပညာ ဗဟုသုတ ပြည့်ဝမှု၊ကျွမ်းကျင်မှုများနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အဓိကမူတည်နေသည်ဟုလည်း ၎င်းက ဆိုသည်။

“ဒါကြောင့် အရည် အသွေးရှိတဲ့ ပညာရေးစနစ်ကို ခိုင်မာအောင် တည်ဆောက်ကြရပါမယ်။ ဒီလိုတည်ဆောက် ဖို့ဆိုရင် လက်ရှိပညာရေး စနစ်တွေ၊ သင်ကြားနည်းတွေ၊ ပညာရေးစီမံခန့်ခွဲမှုတွေ၊ ဆရာ့ အရည်အသွေးတွေကို လေ့လာဆန်းစစ်ဖို့လိုပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်

ယင်းသို့ပြုပြင်ပြောင်းလဲရန်မှာ အစိုးရတစ်ခုတည်းဖြင့် ဆောင်ရွက်လျှင် အောင်မြင်ဖို့ရန်မလွယ်ကူကြောင်း၊ မလွယ်ကူသည့်အပြင် မဖြစ်နိုင် ဟုလည်း ပြော၍ရကြောင်း၊ ပြည်သူများ၊ ပညာရေးနှင့် ပတ်သက် ဆက်နွယ်သူ အားလုံးပူးပေါင်း ဆောင်ရွက်မှုသည် အင်မတန်အရေးကြီး သည်ဟုလည်း ၎င်းကဆိုသည်။

“အခုဆိုရင်အခြေခံပညာကဏ္ဍမှာ KG + 12 ပညာရေးစနစ်သစ်ကို ပြောင်းလဲ အကောင်အထည်ဖော်ခြင်းအားဖြင့် ကလေးတွေဟာ နိုင်ငံ့သားကောင်းသမီးမွန်ေတွအဖြစ် သူတို့မှာရှိသင့်တဲ့ ၂၁ ရာစု ကျွမ်းကျင်မှုတွေရရှိမှာဖြစ်တဲ့အတွက် အလွန်ဝမ်းသာစရာ ကောင်း ပါတယ်။ ဒီစနစ်သစ်ပြုပြင်ပြောင်းလဲမှုဟာ ၂၀၂၂-၂၃ ပညာသင်နှစ်မှာ ပြီးမြောက်မှာဖြစ်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့သည်။

The Ladies News
ပညာရေးစနစ်သည် ဉာဏ်ပညာအမြော်အမြင်ရှိစေရန် ဦးတည်နေသည့် စနစ်ဖြစ်ရန်အရေးကြီး
---- ---- ----
ပညာရေးစနစ်သည် ဉာဏ်ပညာအမြော်အမြင်ရှိစေရန် ဦးတည်နေသည့် စနစ်ဖြစ်ရန်အရေးကြီးကြောင်း ပညာနှငျ့ အမွောကျအမွငျကို နညျးနညျး ခှဲခွားပွီး သတိပွုစခေငြျသညျဟု နိုငျငံတောျအတိုငျပငျခံပုဂ်ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၂၈ ရက်တွင်ပြောသည်။

၂၀၂ဝပြည့်နှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲ(အခြေခံပညာကဏ္ဍ) အခမ်းအနား သို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြား စဉ် ယင်းသို့ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပညာဆိုတာကတော့ သင်ယူလို့ရတယ်။ အမြော်အမြင်ကတော့ ဒီပညာပေါ်မှာအခြေခံပြီးတော့ နောင်ဘာဖြစ်နိုင်တယ်၊ ဖြစ်လာတဲ့ ကိစ္စတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို မြော်မှန်းနိုင်တဲ့ အရည်အချင်းလို့ပဲ ကျွန်မကတော့မြင်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကမ္ဘာ့ပညာရှင်များ၏ လေ့လာချက်အရ “ပညာရေးသည် ကမ္ဘာကို အကောင်းဆုံးတည်ဆောက်နိုင်သည့်အရာ’ဟုမှတ် သားရကြောင်း နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရန် ယင်းနိုင်ငံတွင်ရှိသည့် နိုင်ငံသားများ၏ အသိပညာ ဗဟုသုတ ပြည့်ဝမှု၊ကျွမ်းကျင်မှုများနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အဓိကမူတည်နေသည်ဟုလည်း ၎င်းက ဆိုသည်။

“ဒါကြောင့် အရည် အသွေးရှိတဲ့ ပညာရေးစနစ်ကို ခိုင်မာအောင် တည်ဆောက်ကြရပါမယ်။ ဒီလိုတည်ဆောက် ဖို့ဆိုရင် လက်ရှိပညာရေး စနစ်တွေ၊ သင်ကြားနည်းတွေ၊ ပညာရေးစီမံခန့်ခွဲမှုတွေ၊ ဆရာ့ အရည်အသွေးတွေကို လေ့လာဆန်းစစ်ဖို့လိုပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ယင်းသို့ပြုပြင်ပြောင်းလဲရန်မှာ အစိုးရတစ်ခုတည်းဖြင့် ဆောင်ရွက်လျှင် အောင်မြင်ဖို့ရန်မလွယ်ကူကြောင်း၊ မလွယ်ကူသည့်အပြင် မဖြစ်နိုင် ဟုလည်း ပြော၍ရကြောင်း၊ ပြည်သူများ၊ ပညာရေးနှင့် ပတ်သက် ဆက်နွယ်သူ အားလုံးပူးပေါင်း ဆောင်ရွက်မှုသည် အင်မတန်အရေးကြီး သည်ဟုလည်း ၎င်းကဆိုသည်။

“အခုဆိုရင်အခြေခံပညာကဏ္ဍမှာ KG + 12 ပညာရေးစနစ်သစ်ကို ပြောင်းလဲ အကောင်အထည်ဖော်ခြင်းအားဖြင့် ကလေးတွေဟာ နိုင်ငံ့သားကောင်းသမီးမွန်တွေအဖြစ် သူတို့မှာရှိသင့်တဲ့ ၂၁ ရာစု ကျွမ်းကျင်မှုတွေရရှိမှာဖြစ်တဲ့အတွက် အလွန်ဝမ်းသာစရာ ကောင်း ပါတယ်။ ဒီစနစ်သစ်ပြုပြင်ပြောင်းလဲမှုဟာ ၂၀၂၂-၂၃ ပညာသင်နှစ်မှာ ပြီးမြောက်မှာဖြစ်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့သည်။

The Ladies News

No comments:

Post a Comment

My Blog List