Wednesday, January 29, 2020

ပန်းတနော် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြည်သူ ၅၀၀ ခန့် ပူးပေါင်းပါဝင်


Image may contain: 3 people, people sitting
ပညာရေးဝန်ကြီးဌာနမှ အခြေခံ ပညာကျောင်းများ၏ စာသင်ချိန်ကို မတ်လကုန်ပိုင်းအထိ တိုးမြှင့်သတ်မှတ်ခြင်း အပေါ် ကန့်ကွက်သည့်အနေဖြင့် ဖဲကြိုး စိမ်းလှုပ်ရှားမှုကို ဇန်နဝါရီ ၂၈ ရက်က ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့တွင် ပြုလုပ်ရာ အင်အား ၅၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့သည်။
"မတ်လကုန်ပိုင်းအထိ စာသင် ချိန် တိုးမြှင့်သတ်မှတ်ခြင်းကို ကန့်ကွက် ဆန္ဒထုတ်ဖော်တာနဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှု လုပ်တာပါ။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြုပြင်ပြောင်းလဲတာတွေလုပ်ဖို့ မျှော် လင့်တယ်။ မျှော်လင့်သလို ဖြစ်မလာရင် အခုလှုပ်ရှားမှုထက် ပိုမိုကျယ်ပြန့်တဲ့ လုပ် ဆောင်ချက်တွေ လုပ်သွားမယ်။ ဒီကနေ့ လှုပ်ရှားမှုမှာ အင်အား ၅၀၀ ကျော်ခန့် ပါတယ်"ဟု ဖဲကြိုးစိမ်းလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူ ကျောင်းဆရာ ဦးစိုး ညွန့်က ပြောဆိုသည်။

ဖဲကြိုးစိမ်းလှုပ်ရှားမှုတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ မိဘဆရာအသင်းများ၊ ကျောင်းသား မိဘ ၅၁၂ ဦးခန့် ပါဝင်ခဲ့ကြောင်း ဖဲကြိုး စိမ်းလှုပ်ရှားမှု ဦးဆောင်သူများထံမှ သိရသည်။

"စာသင်ချိန်ကို အခုလို တိုးမြှင့် သတ်မှတ်လိုက်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့စနစ်ကိုပြန်လည်ပြုပြင်ပြောင်းလဲတာ၊ သတ်မှတ်တာ၊ ညှိနှိုင်းတာတွေ လုပ်မပေးတဲ့အချိန်အထိဒီလှုပ်ရှားမှုကို လုပ်သွားမယ်။ အခုပါဝင်တာ ၅၀၀ ကျော်တယ်။ အဲဒီအချိန်ကျရင် အခုထက် ပိုစိတ်ဝင်စားလာကြလိမ့်မယ်။ အစိုးရအနေနဲ့ ဘက်ညီမျှတတဲ့ စနစ်တစ်ခု ပြန်သတ်မှတ်ပေးဖို့ လိုလားတယ်}ဟု ဖဲကြိုစိမ်းလှုပ်ရှားမှုတွင် ပါဝင်သူ ကျောင်းသား ကိုဇာမင်းထက်က ပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များတွင် ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို ပုသိမ်မြို့ရှိ ပညာရေးကောလိပ်တွင် ပုသိမ်ပညာရေး ကောလိပ်ကျောင်းသားများ သမဂ္ဂကမှဦးဆောင်၍ပြုလုပ်ခြဲ့ပီး ဟင်္သာတမြို့၊ ဘိုကလေးမြို့၊ မြန်အောင်မြို့တို့တွင်လည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများတွင် စာသင်ချိန်ကို မတ်လ ကုန်အထိ တိုးမြှင့်ထားခြင်းအပေါ် ကန့်ကွက်သည့်အနေဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ပထမပတ်မှစတင်ပြီး မြန်မာပြည်အနှံ့အပြားတွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သတင်း - ကျော်ထက်လင်း(မြစ်မခ)
(Unicode Version)

ပန်းတနော် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြည်သူ ၅၀၀ ခန့် ပူးပေါင်းပါဝင်

ပညာရေးဝန်ကြီးဌာနမှ အခြေခံ ပညာကျောင်းများ၏ စာသင်ချိန်ကို မတ် လကုန်ပိုင်းအထိ တိုးမြှင့်သတ်မှတ်ခြင်း အပေါ် ကန့်ကွက်သည့်အနေဖြင့် ဖဲကြိုး စိမ်းလှုပ်ရှားမှုကို ဇန်နဝါရီ ၂၈ ရက်က ဧရာ၀တီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့တွင် ပြုလုပ်ရာ အင်အား ၅၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့သည်။

"မတ်လကုန်ပိုင်းအထိ စာသင် ချိန် တိုးမြှင့်သတ်မှတ်ခြင်းကို ကန့်ကွက် ဆန္ဒထုတ်ဖော်တာနဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှု လုပ်တာပါ။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြုပြင်ပြောင်းလဲတာတွေလုပ်ဖို့ မျှော် လင့်တယ်။ မျှော်လင့်သလို ဖြစ်မလာရင် အခုလှုပ်ရှားမှုထက် ပိုမိုကျယ်ပြန့်တဲ့ လုပ် ဆောင်ချက်တွေ လုပ်သွားမယ်။ ဒီကနေ့ လှုပ်ရှားမှုမှာ အင်အား ၅၀၀ ကျော်ခန့် ပါတယ်"ဟု ဖဲကြိုးစိမ်းလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူ ကျောင်းဆရာ ဦးစိုး ညွန့်က ပြောဆိုသည်။

ဖဲကြိုးစိမ်းလှုပ်ရှားမှုတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ မိဘဆရာအသင်းများ၊ ကျောင်းသား မိဘ ၅၁၂ ဦးခန့် ပါဝင်ခဲ့ကြောင်း ဖဲကြိုး စိမ်းလှုပ်ရှားမှု ဦးဆောင်သူများထံမှ သိရသည်။

"စာသင်ချိန်ကို အခုလို တိုးမြှင့် သတ်မှတ်လိုက်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့စနစ်ကိုပြန်လည်ပြုပြင်ပြောင်းလဲတာ၊ သတ်မှတ်တာ၊ ညှိနှိုင်းတာတွေ လုပ်မပေးတဲ့အချိန်အထိဒီလှုပ်ရှားမှုကို လုပ်သွားမယ်။ အခုပါဝင်တာ ၅၀၀ ကျော်တယ်။ အဲဒီအချိန်ကျရင် အခုထက် ပိုစိတ်ဝင်စားလာကြလိမ့်မယ်။ အစိုးရအနေနဲ့ ဘက်ညီမျှတတဲ့ စနစ်တစ်ခု ပြန်သတ်မှတ်ပေးဖို့ လိုလားတယ်}ဟု ဖဲကြိုစိမ်းလှုပ်ရှားမှုတွင် ပါဝင်သူ ကျောင်းသား ကိုဇာမင်းထက်က ပြောဆိုသည်။

ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ မြို့များတွင် ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို ပုသိမ်မြို့ရှိ ပညာရေးကောလိပ်တွင် ပုသိမ်ပညာရေး ကောလိပ်ကျောင်းသားများ သမဂ္ဂကမှဦးဆောင်၍ပြုလုပ်ခဲ့ပြီး ဟင်္သာတမြို့၊ ဘိုကလေးမြို့၊ မြန်အောင်မြို့တို့တွင်လည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများတွင် စာသင်ချိန်ကို မတ်လ ကုန်အထိ တိုးမြှင့်ထားခြင်းအပေါ် ကန့်ကွက်သည့်အနေဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ပထမပတ်မှစတင်ပြီး မြန်မာပြည်အနှံ့အပြားတွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သတင်း - ကျော်ထက်လင်း(မြစ်မခ)

No comments:

Post a Comment

My Blog List