Friday, January 31, 2020

လွှတ်တော် ၄ နှစ်ပြည့် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက်ရောက်

Image may contain: 1 person, standing
လွှတ်တော် ၄ နှစ်ပြည့်အခမ်းအနားကို ယနေ့နေပြည်တော်ရှိ လွှတ်တော်ဝင်းတွင် ကျင်းပခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် လွှတ်တော်ဥက္ကဋ္ဌများ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အများအကျိုးအတွက် ဆွေးနွေးရာတွင် မိမိတို့၏ အတ္တကိုဦးတည်၍ မဆွေးနွေးကြရန် မှာကြားပြောဆိုခဲ့သည်။
“အများအကျိုးအတွက် အပြုသဘောဆောင်ဆွေးနွေးကြလို့ရှိရင် အောင်မြင်မှုရနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲနဲ့ အတ္တ ကိုယ့်ရဲ့အတ္တနဲ့ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာ ကိုယ်ပြောချင်တာတွေကို အတ္တဦးတည်ပြီး ပြောမယ်ဆိုရင် အပြုသဘောမဆောင်ပဲနဲ့ အဖျက်သဘောဆောင်ရင် အောင်မြင်မှု ရမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ဒါလေးတွေ ဂရုစိုက်စေလိုပါတယ်။ ဒါကြောင့်မို့ အပြုသဘောနဲ့ ဆောင်ရွက်ကြပါ။ အပြုသဘောနဲ့ ဆွေးနွေးကြပါ”ဟု သမ္မတ က မှာကြားပြောဆိုခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးကို ထမ်းဆောင်ရမည်ဖြစ်ပြီး ရပိုင်ခွင့်တွေများကို မှန်ကန်စွာ အသုံးချရမည်ဖြစ်ကြောင်း ပြောဆိုသည်။
အခမ်းအနားတွင် “ရိုးမပေါ်ကျတဲ့မျက်ရည်” ရုပ်ရှင်ဇာတ်ကားဖြင့် ဧည့်ခံဖျော်ဖြေ လုပ်ခဲ့သည်။
ယခင်ကျင်းပသည့် လွှတ်တော်များနှစ်ပတ်လည်နေ့ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သော်လည်း ယနေ့ အခမ်းအနားသို့ တက်ရောက်လာခြင်း မရှိပေ။
Image may contain: 10 people, people standing
Image may contain: 6 people, people standing
Image may contain: 6 people, people standing and indoor
Image may contain: 3 people, crowd and wedding
Image may contain: 3 people, crowd and indoor
(Zawgyi)
လွှတ်တော် ၄ နှစ်ပြည့် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက်ရောက်
လွှတ်တော် ၄ နှစ်ပြည့်အခမ်းအနားကို ယနေ့နေပြည်တော်ရှိ လွှတ်တော်ဝင်းတွင် ကျင်းပခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် လွှတ်တော်ဥက္ကဋ္ဌများ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အများအကျိုးအတွက် ဆွေးနွေးရာတွင် မိမိတို့၏ အတ္တကိုဦးတည်၍ မဆွေးနွေးကြရန် မှာကြားပြောဆိုခဲ့သည်။
“အများအကျိုးအတွက် အပြုသဘောဆောင်ဆွေးနွေးကြလို့ရှိရင် အောင်မြင်မှုရနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲနဲ့ အတ္တ ကိုယ့်ရဲ့အတ္တနဲ့ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာ ကိုယ်ပြောချင်တာတွေကို အတ္တဦးတည်ပြီး ပြောမယ်ဆိုရင် အပြုသဘောမဆောင်ပဲနဲ့ အဖျက်သဘောဆောင်ရင် အောင်မြင်မှု ရမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ဒါလေးတွေ ဂရုစိုက်စေလိုပါတယ်။ ဒါကြောင့်မို့ အပြုသဘောနဲ့ ဆောင်ရွက်ကြပါ။ အပြုသဘောနဲ့ ဆွေးနွေးကြပါ”ဟု သမ္မတ က မှာကြားပြောဆိုခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးကို ထမ်းဆောင်ရမည်ဖြစ်ပြီး ရပိုင်ခွင့်တွေများကို မှန်ကန်စွာ အသုံးချရမည်ဖြစ်ကြောင်း ပြောဆိုသည်။
အခမ်းအနားတွင် “ရိုးမပေါ်ကျတဲ့မျက်ရည်” ရုပ်ရှင်ဇာတ်ကားဖြင့် ဧည့်ခံဖျော်ဖြေ လုပ်ခဲ့သည်။
ယခင်ကျင်းပသည့် လွှတ်တော်များနှစ်ပတ်လည်နေ့ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သော်လည်း ယနေ့ အခမ်းအနားသို့ တက်ရောက်လာခြင်း မရှိပေ။
#TheFifthWaveNews

No comments:

Post a Comment

My Blog List