Friday, January 31, 2020

ဖာပွန်မြို့နယ်အတွင်း လမ်းလုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား KNU အဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့ဟု သတင်းထုတ်ပြန်ထား


No photo description available.
တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိြပီး တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုး ထားသည့် နယ်မြေများအတွင်း ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာစေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း တပ်မတော်အနေဖြင့် နှစ်စဉ်ပုံမှန်ရိက္ခာ စုပုံခြင်းဆောင်ရွက်လျက်ရှိရာ ပုံမှန်ရိက္ခာစုပုံရန်အတွက် လမ်းကြောင်းများ ပြုပြင်/အသုံးပြုရာ၌လည်း NCAစာချုပ်အပေါ် အလေးထား၍ လည်းကောင်း၊ ဒေသခံပြည်သူများ စိုးရိမ်ပူပန်မှုမရှိစေရေးတို့အတွက်လည်းကောင်း ဆိုင်ရာအဖွဲ့ အစည်း များသို့ ကြိုတင်ညှိနှိုင်းပြီး တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များဖြင့် လမ်းဖောက်လုပ်ခြင်းများ ဆောင်ရွက် လျက်ရှိသည်။ ထိုသို့ ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားသော်လည်း လမ်းဖောက်လုပ်ရာတွင် လုံခြုံရေး လိုက်ပါဆောင်ရွက် လျက်ရှိသော တပ်မတော်စစ်ကြောင်းအား ဇန်နဝါရီ ၂၇ ရက် ညနေ ၃ နာရီခန့်တွင် ဖာပွန်မြို့နယ်၊ နတ်တောင်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁၂ဝဝဝ ခန့် အကွာသို့ အရောက်၌ ခေါင်းဆောင်စိစစ်ဆဲ KNU အဖွဲ့က ကားမိုင်း ၁ လုံးဖြင့် ရှော့တိုက် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး မိုင်းစထိမှန် ဒဏ်ရာများဖြင့် အဆိုပါနေရာ၌ပင် ကျဆုံးခဲ့ရသည်။

KNU အဖွဲ့အစည်းအနေဖြင့်တပ်မတော်ဘက်မှ ကြိုတင် ညှိနှိုင်းထားသော်လည်း လုံခြုံရေးလိုက်ပါ ဆောင်ရွက်သည့် တပ်မတော်စစ်ကြောင်းများ၊ ယာဉ်များကို အဝေးမှ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းများပေါ် မိုင်းထောင်ဖောက်ခွဲခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလမှ ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း နှောင့်ယှက်တိုက်ခိုက်မှု ၇ ကြိမ်၊ မိုင်းနင်း၊ မိုင်းကွဲမှု ၇ ကြိမ်၊ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်မှု ၃ ကြိမ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသန္တရ မိုင်းများ ဖော်ထုတ် သိမ်းဆည်း နိုင်မှု ၈ ကြိမ်(မိုင်း ၁၃ လုံး) ရှိကြောင်းသိရသည်။

ယခုကဲ့သို့ KNU အဖွဲ့၏ အဖျက်အမှောင့်လုပ်ရပ်များအား သက်ဆိုင်ရာသို့ သတိပေးကန့်ကွက်စာများ ပေးပို့ထား ရှိကြောင်းနှင့် တပ်မတော်မှလိုအပ်သည့် လုပ်ငန်းများ အားဆက်လက်ဆောင်ရွက်သွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

ဖာပွန်မြို့နယ်အတွင်း လမ်းလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည့် တပ်မတော် စစ်ကြောင်းအား KNU အဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့ဟု သတင်းထုတ်ပြန်ထား
--- --- ---

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုး ထားသည့် နယ်မြေများအတွင်း ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲဲရေးခိုင်မာစေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း တပ်မတော်အနေဖြင့် နှစ်စဉ်ပုံမှန်ရိက္ခာ စုပုံခြင်းဆောင်ရွက်လျက်ရှိရာ ပုံမှန်ရိက္ခာစုပုံရန်အတွက် လမ်းကြောင်းများ ပြုပြင်/အသုံးပြုရာ၌လည်း NCAစာချုပ်အပေါ် အလေးထား၍ လည်းကောင်း၊ ဒေသခံပြည်သူများ စိုးရိမ်ပူပန်မှုမရှိစေရေးတို့အတွက်လည်းကောင်း ဆိုင်ရာအဖွဲ့ အစည်း များသို့ ကြိုတင်ညှိနှိုင်းပြီး တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များဖြင့် လမ်းဖောက်လုပ်ခြင်းများ ဆောင်ရွက် လျက်ရှိသည်။ ထိုသို့ ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားသော်လည်း လမ်းဖောက်လုပ်ရာတွင် လုံခြုံရေး လိုက်ပါဆောင်ရွက် လျက်ရှိသော တပ်မတော်စစ်ကြောင်းအား ဇန်နဝါရီ ၂၇ ရက် ညနေ ၃ နာရီခန့်တွင် ဖာပွန်မြို့နယ်၊ နတ်တောင်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁၂ဝဝဝ ခန့် အကွာသို့ အရောက်၌ ခေါင်းဆောင်စိစစ်ဆဲ KNU အဖွဲ့က ကားမိုင်း ၁ လုံးဖြင့် ရှော့တိုက် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး မိုင်းစထိမှန် ဒဏ်ရာများဖြင့် အဆိုပါနေရာ၌ပင် ကျဆုံးခဲ့ရသည်။

KNU အဖွဲ့အစည်းအနေဖြင့်တပ်မတော်ဘက်မှ ကြိုတင် ညှိနှိုင််းထားသော်လည်း လုံခြုံရေးလိုက်ပါ ဆောင်ရွက်သည့် တပ်မတော်စစ်ကြောင်းများ၊ ယာဉ်များကို အဝေးမှ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းများပေါ် မိုင်းထောင်ဖောက်ခွဲခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလမှ ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း နှောင့်ယှက်တိုက်ခိုက်မှု ၇ ကြိမ်၊ မိုင်းနင်း၊ မိုင်းကွဲမှု ၇ ကြိမ်၊ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်မှု ၃ ကြိမ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသန္တရ မိုင်းများ ဖော်ထုတ် သိမ်းဆည်း နိုင်မှု ၈ ကြိမ်(မိုင်း ၁၃ လုံး) ရှိကြောင်းသိရသည်။

ယခုကဲ့သို့ KNU အဖွဲ့၏ အဖျက်အမှောင့်လုပ်ရပ်များအား သက်ဆိုင်ရာသို့ သတိပေးကန့်ကွက်စာများ ပေးပို့ထား ရှိကြောင်းနှင့် တပ်မတော်မှလိုအပ်သည့် လုပ်ငန်းများ အားဆက်လက်ဆောင်ရွက်သွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

No comments:

Post a Comment

My Blog List