Monday, January 27, 2020

အဖျားကင်းစင်မှ ဗြိတိန်သံရုံးသို့ လာရောက်ကြရန်ထုတ်ပြန်


Image may contain: stripes, sky and outdoor
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ် Coronavirus ဟာ လက်ရှိအချိန်ထိ သံသယလူနာကို မြန်မာနိုင်ငံမှာ မတွေ့ရသေးပေမယ့်၊ မရှိသေးဘူးလို့ တပ်အပ်မပြောနိုင်တာကြောင့် သံရုံးသို့လာရောက်မယ့်သူတွေ ဖျားနာကင်းစင်မှသာ လာရောက်ကြဖို့ ဒီနေ့ နံနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
တကယ်လို့ ကိုယ်တိုင်ဖျားနာနေရင် ဒါမှမဟုတ် ကလေးဖျားနာမယ်ဆိုရင် အိမ်မှာအနားယူဖို့နဲ့ ဖျားနာခြင်းမရှိဘူးဆိုရင်လည်း ပါရာစီတမော့လို အဖျားကျဆေးကို ၂၄ နာရီ အနည်းဆုံးသောက်စရာမလိုဘဲ အဖျားကင်းပြီလို့ သေချာမှသာ ဗြိတိသျှကောင်စီသို့ လာရောက်ကြဖို့ မေတ္တာရပ်ခံထားတာပါ။

ကိုရိုနာဗိုင်းရပ်စ်ဟာ သြစတြေးလျ၊ အမေရိကန်၊ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ထိုင်းနိုင်ငံတို့တွင်လည်း စတင်တွေ့ရှိနေရပြီဖြစ်ပါတယ်။ ဒီအပတ်ထဲမှာပဲ တရုတ်နိုင်ငံတစ်ခုတည်းမှာ သေဆုံးသူ ၈၀ ကျော်ထက် မြင့်တက်လာပြီလို့ အစိုးရက တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

အိမ်နီးနားချင်းနိုင်ငံလည်းဖြစ်၊ တရုတ်နဲ့ကူးလူးဆက်သွယ်မှု နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာမှာ ဒီနေ့အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ မတွေ့သေးပါဘူး။ ဒါပေမဲ့ အခြေအနေက အာမခံနိုင်မှု အားနည်းတာကြောင့်၊ ဗိုင်းရပ်စ်ကူးစက်မခံရအောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတချို့ကို ဗြိတိသျှသံရုံးက ထုတ်ပြန်ပါတယ်။

ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း စတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေရှိသူတွေနဲ့ အနီးကပ်နေထိုင်ခြင်းမပြုဖို့၊ နှာချေ၊ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို လုံခြုံအောင် တစ်ရှူး ဒါမှမဟုတ် လက်ကိုင်ပုဝါတွေ အသုံးပြုဖို့၊ ကိုယ်လက်ပုံမှန်သန့်စင်အောင်ဆေးကြောဖို့၊ လူထပ်တဲ့နေရာရှောင်ကျဉ်ဖို့၊ ဗိုင်းရပ်စ်အကူးခံရနိုင်ခြေရှိတဲ့ တုတ်ကွေးမဖြစ်အောင် ကာကွယ်ဆေးထိုးဖို့၊ စိုးရိမ်ပူပန်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ ရေးသားထားပါတယ်။
RFA
Unicode

အဖျားကင်းစင်မှ ဗြိတိန်သံရုံးသို့ လာရောက်ကြရန်ထုတ်ပြန်

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ် Coronavirus ဟာ လက်ရှိအချိန်ထိ သံသယလူနာကို မြန်မာနိုင်ငံမှာ မတွေ့ရသေးပေမယ့်၊ မရှိသေးဘူးလို့ တပ်အပ်မပြောနိုင်တာကြောင့် သံရုံးသို့လာရောက်မယ့်သူတွေ ဖျားနာကင်းစင်မှသာ လာရောက်ကြဖို့ ဒီနေ့ နံနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

တကယ်လို့ ကိုယ်တိုင်ဖျားနာနေရင် ဒါမှမဟုတ် ကလေးဖျားနာမယ်ဆိုရင် အိမ်မှာအနားယူဖို့နဲ့ ဖျားနာခြင်းမရှိဘူးဆိုရင်လည်း ပါရာစီတမော့လို အဖျားကျဆေးကို ၂၄ နာရီ အနည်းဆုံးသောက်စရာ
မလိုဘဲ အဖျားကင်းပြီလို့ သေချာမှသာ ဗြိတိသျှကောင်စီသို့ လာရောက်ကြဖို့ မေတ္တာရပ်ခံထားတာပါ။

ကိုရိုနာဗိုင်းရပ်စ်ဟာ သြစတြေးလျ၊ အမေရိကန်၊ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ထိုင်းနိုင်ငံတို့တွင်လည်း စတင်တွေ့ရှိနေရပြီဖြစ်ပါတယ်။ ဒီအပတ်ထဲမှာပဲ တရုတ်နိုင်ငံတစ်ခုတည်းမှာ သေဆုံးသူ ၈၀ ကျော်ထက် မြင့်တက်လာပြီလို့ အစိုးရက တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

အိမ်နီးနားချင်းနိုင်ငံလည်းဖြစ်၊ တရုတ်နဲ့ကူးလူးဆက်သွယ်မှု နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာမှာ ဒီနေ့အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ မတွေ့သေးပါဘူး။ ဒါပေမဲ့ အခြေအနေက အာမခံနိုင်မှု အားနည်းတာကြောင့်၊ ဗိုင်းရပ်စ်ကူးစက်မခံရအောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတချို့ကို ဗြိတိသျှသံရုံးက ထုတ်ပြန်ပါတယ်။

ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း စတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေရှိသူတွေနဲ့ အနီးကပ်နေထိုင်ခြင်းမပြုဖို့၊ နှာချေ၊ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို လုံခြုံအောင် တစ်ရှူး ဒါမှမဟုတ် လက်ကိုင်ပုဝါတွေ အသုံးပြုဖို့၊ ကိုယ်လက်ပုံမှန်သန့်စင်အောင်ဆေးကြောဖို့၊ လူထပ်တဲ့နေရာရှောင်ကျဉ်ဖို့၊ ဗိုင်းရပ်စ်အကူးခံရနိုင်ခြေရှိတဲ့ တုတ်ကွေးမဖြစ်အောင် ကာကွယ်ဆေးထိုးဖို့၊ စိုးရိမ်ပူပန်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ ရေးသားထားပါတယ်။



Zawgyi
Photo: UK in Myanmar

RFA

No comments:

Post a Comment

My Blog List