Monday, January 27, 2020

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ဒီမိုကရေစီ အနိုင်ကျင့်မှု မကြာခဏပေါ်ပေါက်ခဲ့ဟု ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းထွန် ဦး ပြော

Image may contain: 1 personImage may contain: text that says 'Constitution of the Republic of the Union of Myanmar (2008) (၂၀၀၈ ခုနှစ်)'
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ဒီမိုကရေစီ အနိုင်ကျင့်မှု ခဏခဏ ပေါ်ပေါက်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။

ဇန်နဝါရီ ၂၅ ရက်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုး ပါတီပြောရေးဆိုခွင့်ရှိ သူ ဦးသိန်းထွန်းဦးက ပြောကြားခဲ့ ခြင်းဖြစ်သည်။
“အခြေခံဥပဒေမှာ သက်မှတ်ထားတာနဲ့အညီ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ ကနေ စပြီးတော့ ပြင်ဆင် ချက်တွေပါတယ်။ အဲဒီဟာတွေနဲ့အညီ လုပ်ဆောင်ပါလို့ ကျွန်တော်တို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့တယ်။ သို့သော်လည်းပဲ တစ်စ ထက်တစ်စ သူတို့သည် လုပ်ဆောင်မှုမရှိဘဲနဲ့ ဒီမိုကရေစီ အနိုင်ကျင့်မှုတွေ ခဏခဏ ပေါ်ပေါက်လာတဲ့အတွက် ကျွန်တော်တို့က ကော်မတီအဖွဲ့ဝင်ကနေ ကျွန်တော်တို့ ထွက်လိုက်ရတယ်” ဟု ၎င်းကပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအား ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီး အ ဆိုအဖြစ် NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်က ၄၅ ဦးပါဝင်သော ဥပဒေကြမ်း ပူးပေါင်းကော်မတီအား ဖွဲ့စည်းပေးခဲ့ပြီးနောက် အချို့အဖွဲ့ဝင်များက ကော်မတီမှ နုတ်ထွက်မှုများရှိခဲ့သည်။
Image may contain: 2 people, people sitting and indoor
မင်းသီဟန် ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ဒီမိုကရေစီ အနိုင်ကျင့်မှု မကြာခဏပေါ်ပေါက်ခဲ့ဟု ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းထွန်း ဦး ပြော
-------- မင်းသီဟန် ( အကုန်သိ သတင်းဌာန ) --------
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ဒီမိုကရေစီ အနိုင်ကျင့်မှု ခဏခဏ ပေါ်ပေါက်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။
ဇန်နဝါရီ ၂၅ ရက်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုး ပါတီပြောရေးဆိုခွင့်ရှိ သူ ဦးသိန်းထွန်းဦးက ပြောကြားခဲ့ ခြင်းဖြစ်သည်။
“အခြေခံဥပဒေမှာ သက်မှတ်ထားတာနဲ့အညီ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ ကနေ စပြီးတော့ ပြင်ဆင် ချက်တွေပါတယ်။ အဲဒီဟာတွေနဲ့အညီ လုပ်ဆောင်ပါလို့ ကျွန်တော်တို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့တယ်။ သို့သော်လည်းပဲ တစ်စ ထက်တစ်စ သူတို့သည် လုပ်ဆောင်မှုမရှိဘဲနဲ့ ဒီမိုကရေစီ အနိုင်ကျင့်မှုတွေ ခဏခဏ ပေါ်ပေါက်လာတဲ့အတွက် ကျွန်တော်တို့က ကော်မတီအဖွဲ့ဝင်ကနေ ကျွန်တော်တို့ ထွက်လိုက်ရတယ်” ဟု ၎င်းကပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအား ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီး အ ဆိုအဖြစ် NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်က ၄၅ ဦးပါဝင်သော ဥပဒေကြမ်း ပူးပေါင်းကော်မတီအား ဖွဲ့စည်းပေးခဲ့ပြီးနောက် အချို့အဖွဲ့ဝင်များက ကော်မတီမှ နုတ်ထွက်မှုများရှိခဲ့သည်။

No comments:

Post a Comment

My Blog List