Monday, January 27, 2020

ရွေးကောက်ပွဲ တိုင်း ပေါ့ပေါ့တန်တန် စဉ်းစားခဲ့ခြင်းမရှိ အစွမ်းကုန် ကြိုးစားသွားမည်ဟုဒေါက်တာ မျိုးညွန့်ပြော

Image may contain: 1 person, standing and flower
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲမှန်သမျှ ပေါ့ပေါ့တန်တန်စဉ်းစားခဲ့ခြင်းမရှိသလို လာမည့် ၂၀၂၀ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင်လည်း အစွမ်းကုန်ကြိုးစားသွား ဦးမည်ဖြစ်ကြောင်း NLDပါတီ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောကြားလိုက်သည်။
"ကျွန်တော်တို့ဟာ ရွေးကောက်ပွဲတိုင်းပေါ့ပေါ့တန်တန် စဉ်းစားခဲ့တာမရှိပါဘူး။ အခုလာမယ့်ရွေးကောက်ပွဲမှာလည်း အစွမ်း ကုန်ကြိုးစားပြီး ကျွန်တော်တို့ပြည်သူပြည်သားတွေ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကိုအရောက်လှမ်းနိုင်ဖို့ ကြိုးစား နေပါတယ်။"ဟု ၎င်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လက်ရှိတွင်အာဏာရ ပါတီဖြစ်ပြီး ၂၀၁၀ခုနှစ်ရွေးကောက်ပွဲ တွင်ပါဝင်ယှဉ်ပြိုင် ခဲ့ခြင်းမရှိခဲ့သော်လည်း ၂၀၁၂ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲ တွင်လစ်လပ်၄၅နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ၄၄ နေရာအနိုင်ရခဲ့ပြီး ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထု၏ တခဲနက်ထောက်ခံမှုဖြင့် ပြိုင်ဘက်ပါတီ များအား အပြတ်အသတ်အနိုင်ရကာ အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။

အစိုးရအဖွဲ့ဖွဲ့စည်းနိုင်ခဲ့သည့်အချိန်မှစ၍ စိန်ခေါ်မှုနှင့်အခက်အခဲ အမျိုးမျိုးကို ယနေ့ကာလအထိရင်ဆိုင်နေရကာ ရခိုင် ပြည်နယ် ပဋိပက္ခကြောင့် နိုင်ငံတကာမျက်နှာစာတွင် ဖိအားများကိုရင်ဆိုင်နေ ရသည်။

"ရွေးကောက်ပွဲကတော့ယှဉ်ပြိုင်မှုအကြိတ်အနယ်ရှိလာလိမ့်မယ်။ဘာကြောင့်လဲဆိုရင် တိုင်းရင်းသားပါတီတွေက အရင်လို ကွဲပြားနေတာ မရှိသလောက်ဖြစ်သွားပြီ။စုစုစည်းစည်း နဲ့တစ်ပါတီထဲပေါင်းစုထားတော့ သူတို့ပြည်နယ်မှာ အရင်လောက် NLDမဲရနိုင်ဖို့နည်းသွားလိမ့်မယ်။ ကိုယ့်ပြည်နယ်ကိုယ်အနိုင်ရဖို့တိုင်းရင်းသားပါတီတွေကြိုးပမ်း လာမှုကြောင့် စိတ်ဝင်စား စရာတွေရှိလာမှာပဲ။"ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာသန်းစိုးနိုင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းရွေးချယ်မှုကို လက်ရှိအချိန်တွင် တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ကိုဖူးသစ်
Isee Media

No comments:

Post a Comment

My Blog List